အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ကာမေလွန်ဇ်ဇေယာရာသ် ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။
الامام الصادق (عليه السلام):
أَنَّ زَائِرَهُ لَیَخْرُجُ مِنْ رَحْلِهِ فَمَا یَقَعُ فَیْئُهُ عَلَى شَیْءٍ إِلَّا دَعَا لَهُ، فَإِذَا وَقَعَتِ الشَّمْسُ عَلَیْهِ، أَکَلَتْ ذُنُوبَهُ کَمَا تَأْکُلُ النَّارُ الْحَطَب. وَ مَا تُبْقِی الشَّمْسُ عَلَیْهِ مِنْ ذُنُوبِهِ شَیْئاً، فَیَنْصَرِفُ وَ مَا عَلَیْهِ ذَنْب.
အေမာမ် ဂျအ်ဖရ်ဆွာဒစ်က် (အလိုင်ဟစ်စလာမ်) မိန့်တော် မူ၏။
« အေမာမ် ဟိုစိုင်းန် (အ.စ) ၏ ဇေယာရသ်ပြုသူ သည် ဇေယာရသ် ပြုရန် ရည်ရွယ် ချက် ဖြင့် မိမိ ၏ နေအိမ် မှ ထွက်ခွာ သည့် အခါ ၎င်း ၏ အရိပ်သည် မည်သည့် အရာ ပေါ်သို့ ကျရောက်မည် ၊ ထိုအရာသည် ၎င်း အတွက် ဒိုအာ တောင်းပေးမည် ဖြစ်ပါသည်။ ပြီးနောက် နေ၏ အပူ သည် ၎င်း အပေါ် ကျရောက်သည့် အခါ ၎င်း ၏ ဂိုနာဟ်များ (အပြစ်များ ) ကို မီးသည် ထင်း ကို လောင်းကျွမ်း ဖျက်စီး သကဲ့ သို့ ဖျက်စီး စေပါသည်။ »
ကျမ်းကိုး ။ ။ ကာမေလွန်ဇ်ဇေယာရာသ် ကျမ်း ၊ စာမျက်နှာ ၂၇၉
မှတ်ချက် - အထက်ပါ ၏ ဟဒီးစ်တော် အတိုင်း နေပူနေသည့် ကြားမှ အေမာမ် ဟိုစိုင်းန် (အ.စ) ၏ ဇယာရသ် ပြုသူများ သည် ဟဒီးစ်တော် လာ အကျိုးဆဝါးဗ် ကို ရရှိ မည် ဖြစ်ပါတယ်။ အေမာမ် ဟိုစိုင်းန် (အ.စ) အား ချစ်သူတိုင်း နေပူထဲတွင် အေမာမ် ဟိုစိုင်းန် (အ.စ) ၏ ဇေယာရသ် ကို နှစ်စဥ် နှစ်တိုင်း သို့မဟုတ် အနည်းဆုံး တစ်သက် တွင် တစ်ကြိမ် ပြုနိုင်စွမ်း အလ္လာဟ် ဟို အရှင်မြတ် ပေးသနားတော်မူရန် တောင်းဆု ပြုလုပ်ပါတယ်။
****************************************************************
END / 251