အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
ဗုဒ္ဓဟူးနေ့

၂၁ ဩဂုတ် ၂၀၂၄

၂၀:၂၉:၃၇
1479850

အီရန် နိုင်ငံ ယဇ်ဒ် တွင် ပါကစ္စတန် ဇေယာရသ် ပြုသူများ၏ ဘတ်စ်ကား တိမ်းမှောက်မှုကြောင့် လူ ၂၈ ဦး သေဆုံးပြီး ၁၄ ဦး ပြင်းထန် စွာ ဒဏ်ရာ ရရှိ

ဒဟ်ရှီးရ်သိုဖ်သ် ခရိုင်တွင် ပါကစ္စတန် ဇေယာရသ် ပြုသူများ လိုက်ပါ ဘတ်စ်ကားတစ်စီး တိမ်းမှောက်မှုကြောင့် သေဆုံးသူနှင့် ဒဏ်ရာရသူ အရေအတွက်မှာ ၂၈ ဦးနှင့် ၂၃ ဦး အသီးသီးရှိခဲ့ကြောင်း သိရသည်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ယဇ်ဒ် ပြည်နယ်၏ အကျပ်အတည်းစီမံခန့်ခွဲမှု ညွှန်ကြားရေးမှူးချုပ်က ပြောကြားရာတွင် ဒဟ်ရှီးရ်သိုဖ်သ် ခရိုင်ရှိ ပါကစ္စတန် ဇေယာရသ်ပြုသူများ ၏ ဘတ်စ်ကား တိမ်းမှောက်မှုတွင် သေဆုံး ဒဏ်ရာရသူ ၂၈ ဦးနှင့် ၂၃ ဦး အသီးသီးရှိခဲ့ကြောင်း သိရပါတယ်။

မုဟမ္မဒ်အလီ မလစ်က်ဇါဒေဟ် မှ  ရှဟီးဒ် ရဟ်နမွန် နှင့် သိုဖ်သ် ဆေးဘက်ဆိုင်ရာဌာနတွေမှာ ဆေးရုံ တင်ထား သည့်  ဒဏ်ရာရသူ ၁၄ ဦးရဲ့ အခြေအနေက စိုးရိမ်ရတယ်လို့ သတင်းပေးထားပါတယ်။

၎င်းမှဆက်လက်ပြီး ဤကံဆိုးသောဖြစ်ရပ်ဖြစ်ပွားချိန် မှာ အင်္ဂါနေ့ည ၉ နာရီ နှင့် ၄၀ မိနစ် တွင် ဖြစ်ပွား ခဲ့ကြောင်း အရ်ဗအီးန် ဟိုစိုင်းန်နီ (အ.စ) အတွက် ပါကစ္စတန်နိုင်ငံသား အားလုံးသည် ဤနိုင်ငံမှ အီရတ်သို့ ထွက်ခွာလာခဲ့ သည့်  ဖြစ်ကြောင်း  ၎င်းတို့ စီးလာသည့် ဘတ်စ်ကားပေါ်တွင် ခရီးသည်အရေအတွက်မှာ ၅၁  ဦးရှိဖြစ်ကြောင်း  ပြောကြားခဲ့ပါတယ်။

မုဟမ္မဒ်အလီ မလစ်က်ဇါဒေဟ် မှ   နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့် ပူးပေါင်းပြီး ယဇ်ဒ် မြို့ဝန် သည် ယခု မတော်တဆမှုတွင် ဒဏ်ရာရရှိသူများနှင့် သေဆုံးသူများကို ပါကစ္စတန်သို့ ပို့ဆောင်ရန် လေယာဉ်တစ်စင်း ခွဲဝေချထားပေးခဲ့ကြောင်း သိရပါတယ်။

ဆက်လက်၍ သေဆုံးသူအား မှုခင်းဆေးပညာဌာနသို့ ပို့ဆောင်ထားပြီး သေဆုံးရသည့်အကြောင်းရင်းကို စုံစမ်းရန် ဆရာဝန်ကိုးဦးမှ စစ်ဆေးဆောင်ရွက်လျက်ရှိပြီး သေဆုံးသူနှင့် ဒဏ်ရာရရှိသူများ၏ ကိုယ်ရေး ကိုယ်တာ ပစ္စည်းများကို ရဲတပ်ဖွဲ့မှ သိမ်းဆည်းထားကြောင်း ၎င်းက ဆက်လက်ပြောပြခဲ့ပါတယ်။

ကယ်ဆယ်ရေးသမားများက အခင်းဖြစ်ပွားရာနေရာကို နံနက် ၃ နာရီအထိ ရှာဖွေနေကြောင်း သိရပါတယ်။

.....................................................

END / 251