အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
စနေနေ့

၂၄ ဩဂုတ် ၂၀၂၄

၁၇:၅၈:၁၅
1480335

အီရတ် နိုင်ငံ သို့ အီရန် ဇေယာရသ် ပြုသူ ၃.၅ သန်း ရောက်ရှိ ခဲ့ပြီး ၂ သန်းသည် မိမိ နိုင်ငံသို့ ပြန်သွားပြီး ဖြစ်ကြောင်း သိရ

ဆဖရ်လ ၁၈နေ့ ၊ သြဂုတ်လ ၂၃ ရက်နေ့ အထိ အရ်ဗအီးန် ဇေယာရသ် ပြုရန် အီရတ် နိုင်ငံ သို့ ၃၅၆၀၀၀၀ ဦး ရောက်ရှိခဲ့ ပြီး ဖြစ်ပြီး ဆဖရ်လ ၅ ရက်နေ့ မှ ယနေ့ ဆဖရ်လ ၁၈ ရက်နေ့ အထိ မိမိ နိုင်ငံသို့ ပြန်သွား သူ ၂၃၃၉၉၇၃ ဦး ရှိကြောင်း မှတ်တမ်းတင် အပ်ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ အရ်ဗအီးန် ဟိုစိုင်းန်နီ စင်တာ မှ ကြေညာချက်အမှတ် ၁၆ အဖြစ် အီရတ် နိုင်ငံ  ကရ်ဗလာမြို  သို့ အီရန် ဇေယာရသ် ပြု သူများ ၏ အရေအတွက် ကို ထုတ်ပြန် ခဲ့ပါတယ်။

အရ်ဗအီးန် ဟိုစိုင်းန်နီ စင်တာ မှ  ထုတ်ပြန် ထားသည့် ကြေညာချက်အမှတ် ၁၆  မှာ အောက်ပါအတိုင်း ဖြစ်ပါ တယ်။

မြတ်အလ္လာဟ်၏ နာမတော်ဖြင့် အစ ပြုပါ၏။

ချစ်ခင်လေးစားရသည့် လူကြီးမင်းများ ၊ အဲဟ်လေ့ဘိုက်(သ) (အ.စ) ကို အချစ်မေတ္တာ ထားသူများ နှင့် အဲရ်ဗအီးန် ဟိုစိုင်းန်နီ (အ.စ) ခရီးစဥ် ကိုလျှောက်ထားသူများ အားလုံးကို အကြောင်းကြားအပ်ပါသည်။

၁။ ချစ်ခင် လေးစား ရပါသော  နိုင်ငံသူ၊နိုင်ငံသား များအား အသိပေးအပ်ပါသည်။  

အီရန် ဒေသစံတော်ချိန် ည ၁၂ နာရီ အထိ ၊ ဆဖရ်လ ၁၈ ရက် ၊သြုဂုတ်လ ၂၃ ရက် နေ့ ၂၀၂၄ခုနှစ် အထိ အီရတ်သို့ ဇေယာရသ် ပြု ရန် လာရောက်သူ အီရန် နိုင်ငံသား ဦးရေမှာ ၃၅၆၀၀၀၀ ဖြစ်ပါသည်။ ဆဖရ်လ ၅ ရက်နေ့ မှ ယနေ့ ဆဖရ်လ ၁၈ ရက်နေ့ အထိ မိမိ နိုင်ငံသို့ ပြန်သွား သူ မှာ ၂၃၃၉၉၇၃ ဦး ရှိပြီးပါသည်။ မဲဟ်ရာန် နယ်စပ် မှ  ဝင်ရောက်လာနှုန်း မှာ ၄၇ ရာခိုင်နှုန်း ၊ ရှေလန်မ်ကြေ နယ်စပ်မှ မှ  ဝင်ရောက်လာနှုန်း မှာ ၂၇ ရာခိုင်နှုန်း ၊ ကျဇါဗေဟ် နယ်စပ်မှ မှ  ဝင်ရောက်လာနှုန်း မှာ ၈ ရာခိုင်နှုန်း ၊ ခွတ်စ်ရဝီ နယ်စပ်မှ မှ  ဝင်ရောက်လာနှုန်း မှာ၁၂ရာခိုင်နှုန်း ၊ သမရ်ကျင်းန် နယ်စပ်မှ မှ  ဝင်ရောက်လာနှုန်း မှာ၁ ရာခိုင်နှုန်း ၊ ဗါရှမာက် နယ်စပ်မှ မှ  ဝင်ရောက်လာနှုန်း မှာ၁ ရာခိုင်နှုန်း  ဖြစ်ပါတယ်။

၂။ အဲရ်ဗအီးန် ဟိုစိုင်းန်နီ (အ.စ) မတိုင်မီ တစ်ရက်အလိုတွင် ဇေယာရသ် ပြုသူများ ပြန်လာမှု အထွတ် အထိပ်ရှိ သော်လည်း၊ ချစ်လှစွာသော ဇေယာရသ် ပြုသူပေါင်း တစ်သန်း နှစ်သိန်းကျော်သည် အီရန်သို့ ပြန် မလာ သေးကြောင်းသိရပါသည်။

၃။ ကိုယ်ပိုင်ယာဉ်မရှိသော ဇေယာရသ် ပြုသူများသည် အရ်ဗအီးန် နေ့မှာ ဇေယာရသ် ပြုသူ များပြားပြီး ဘတ်စ်ကား များ နည်းသည့် အတွက် ကြောင့် ဖြစ်နိုင်ရင် နိုင်ငံကို ပြန်လာမည့် အချိန် အား အရ်ဗအီးန် ပြီး နောက် ရက် ကို ‌ ရွှေ့ဆိုင်း ရမည် ဖြစ်ပါသည်။

၄။ နိုင်ငံတော် ၏ နယ်စပ်များတွင်  အရ်ဗအီးန် ဇေယာရသ် ပြုသူများ အတွက်အနားယူအပန်းဖြေရန် နေရာများ ရှိကြောင်း အသိပေးအပ်ပါသည်။ ထို့ကြောင့်လေးစား ချစ်လှစွာသော ဇေယာရသ်ပြုသူများ  သည်ကားမမောင်းမီ နှင့် လိုအပ်ပါကလိုအပ်ပါက အနားယူသင့်သည်ဟုအကြံပြုထားပါ သည်။

၅။ ခရီးသွားဦးရေ တိုးလာသော်လည်း နိုင်ငံတော် ၏ နယ်စပ်ဂိတ်များ နှင့် ခရီးသည်တင် ဂိတ်များတွင် ကောင်းမွန်သော အခြေအနေများ ရှိနေပြီး နယ်စပ်ဂိတ်များတွင် မည်သည့် ပြဿနာမှ မရှိကြောင်း သိရသည်။

၆။ ရရှိလာသော အစီရင်ခံစာများနှင့် ကွင်းဆင်းလည်ပတ်မှုများအရ လေးစား ချစ်လှစွာသော ဇေယာရသ် ပြုသူ များသည် ကျန်းမာရေး၊ လုံခြုံရေး၊ အဆင်ပြေမှုနှင့် ဂုဏ်သိက္ခာနယ်ပယ်များတွင် မိမိ တို့၏ အခြေအနေကို အပြည့်အဝ ကျေနပ်ကြကြောင်း သိရှိရပါသည်။

၇။ ယခုနှစ် အရ်ဗအီးန် တွင် ချစ်ခင် လေးစားရသော အီရတ်အစိုးရ၏ အပြန်အလှန်ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုသည် ထူးခြားပြီး စံနမူနာပြဖြစ်ပြီး ဤပူးပေါင်းဆောင်ရွက်မှုအတွက် ကျွန်ုပ်တို့မှ ရိုးသားစွာ ကျေးဇူးတင်ရှိပါသည်။

.......................................................

END / 251