အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္ဂနွေနေ့

၂၀ အောက်တိုဘာ ၂၀၂၄

၁၆:၁၆:၂၄
1496493

အမေရိကန်သမ္မတ အား အီရန် နိုင်ငံခြားရေးဝန်ကြီးမှ သတိပေး

အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ နိုင်ငံခြားရေး ဝန်ကြီး ဆယက်ဒ် အဘာစ် အီရတ်က်ကျီ မှ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် ၏ မကြာသေးမီက ထုတ်ပြန်ချက်၏ အကျိုးဆက်များနှင့် ပတ်သက်၍ ပြင်းပြင်းထန်ထန် သတိပေးခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Seharnews ၏ အဆိုအရ အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ နိုင်ငံခြားရေး ဝန်ကြီး ဆယက်ဒ် အဘာစ် အီရတ်က်ကျီ မှ မိမိ ၏ X စာမျက်နှာတွင် မကြာသေးမီက ပြုလုပ်ခဲ့သော တွေ့ဆုံမေးမြန်းခန်းကို ရည်ညွှန်းပြီး အစ္စရေးမှ အီရန်အား မည်သည့်အချိန် နှင့် မည်သို့တိုက်ခိုက်မည်ဆိုတာ ကို မသိကြောင်း သို့မဟုတ် ယင်းသို့သော မိုက်မဲမှုများအတွက် လက်နက်များ နှင့် အကူအညီ များ ပံ့ပိုးပေးမည်ဆိုပါက ယုတ္တိနည်းကျဖြင့် ဖြစ်နိုင်ချေရှိသော ပျက်စီးဆုံးရှုံးမှုများအတွက်လည်း  ၎င်းလက်နက်များ နှင့် အကူအညီများ ပံ့ပိုး နေသူများ တွင်သာ တာဝန်ရှိကြောင်း ပြောကြားခဲ့ပါတယ်။

တစ်နည်းအားဖြင့် အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ နိုင်ငံခြားရေး ဝန်ကြီး ဆယက်ဒ် အဘာစ် အီရတ်က်ကျီ မှ နယ်ချဲ့ အစ္စရေး အနေဖြင့် မိမိတို့အား တိုက်ခိုက်လာလို့ တုံ့ပြန် အဖြေပေးလျင် ဤဖြစ်ရပ်၏ တာဝန်ခံများမှာ နယ်ချဲ့ အစ္စရေး အား ငွေအား ၊ လူအား ၊ လက်နက်များ ဖြင့် အပြည့်အဝ အကူ အညီပေးနေ သည့် အမေရိကန် နှင့် မဟာမိတ်များ ၏ တာဝန် သာ ဖြစ်ကြောင်း ပြောကြားလိုက်ခြင်း ဖြစ်ပါတယ်။

.......................................................

END / 251