အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အဗ်နာသတင်းဌာန ၏ အဆိုအရ ပါကစ္စတန် နိုင်ငံ လာဟိုးမြို့တွင် ကျင်းပသည့် ညီလာခံတစ်ခုတွင် မဂျ်လစ်စေဝဲဟ်ဒသ်သေ မွတ်စလေမီးန် ပါကစ္စတန် ၏ ဥက္ကဋ္ဌ ဖြစ်သူ ဟွတ်ဂျ်ဂျသိုလ်အစ္စလာမ် ဝလ်မွတ်စ် လေမီးန် ရာဂျဟ် နာဆေရ် အဘာစ် ဂျအ်ဖရီ မှ အမေရိကန်သည် ပါကစ္စတန်၏ ရန်သူဖြစ်ပြီး ကမ္ဘာ့အခြားနေရာများကို လွှမ်းမိုးချုပ်ကိုင်ထားလိုသည့် နိုင်ငံ ဖြစ်ကြောင်း မိန့်ကြားခဲ့ပါတယ်။
ဟွတ်ဂျ်ဂျသိုလ်အစ္စလာမ် ဝလ်မွတ်စ် လေမီးန် ရာဂျဟ် နာဆေရ် အဘာစ် ဂျအ်ဖရီ မှ ဆက်လက်ပြီး အမေရိကန်က မိမိ တို့နိုင်ငံကို ၇၅ နှစ်ကြာအောင် သိမ်းပိုက်ခဲ့တာ ဖြစ်ကြောင်း အမေရိကမှာ ထရမ့် အနိုင်ရ တုန်းက ပါကစ္စတန် တီဗီ လိုင်းတွေနဲ့ သတင်းစာတွေက ဘာတွေဖြစ်လာမယ်ဆိုတာ မရှင်းမလင်းဖြစ်ပြီး ပါကစ္စတန် ကံကြမ္မာကို ပြောင်းလဲဖို့ ဆွေးနွေးမှုတွေလည်း ရှိခဲ့တယ်လို့ မိန့်ကြားခဲ့ပါတယ်။
ထပ်လောင်း၍ ဒါတွေအားလုံးဟာ ထူးဆန်းတဲ့အရာတွေ ဖြစ်ကြောင်း ရှိုင်တွာန် တစ်ကောင် ဆင်းတော့ နောက် တစ်ကောင် တက်လာ တာ ဖြစ်ကြောင်း အကယ်၍ တစ်ဦးတစ်ယောက်ဟာ ရန်သူ အခြေအနေ ကို မသိလျင် လှည့်စားခံရမည် ဖြစ်ကြောင်း အင်န်မရာန် ခန်း ၏ ညီမ ပြောသလို အမေရိကန်က ဘယ်သူလဲဆိုတာ သိဖို့ လိုကြောင်း ထို့ကြောင့် ရန်သူကို သိရှိအောင် လုပ်ဖို့ အလွန်အရေးကြီးပါဆိုသည် မှာ မှန်ကြောင်း မိန့်ကြား ခဲ့ပါတယ်။
အမေရိကန်ရဲ့ ဗျူဟာက အတူတူပါပဲ၊ နည်းပရိယာယ်တွေ အပြောင်းအလဲ၊ သူတို့မှာ ဒေသတစ်ခုလုံးကို မိမိ တို့၏ ထိန်းချုပ်မှုအောက်မှာ ထိန်းသိမ်းထားဖို့ တူညီတဲ့ ပန်းတိုင်ရှိကြောင်း မိမိရန်သူ ကို ရန်သူ အဖြစ် အတည် အလင်း မသတ်မှတ်သည့် နိုင်ငံများ သည် အမြဲတမ်း အရှုံး နှင့် ရင်ဆိုင်ရမည် ဖြစ်ကြောင်း ဟွတ်ဂျ်ဂျသိုလ်အစ္စလာမ် ဝလ်မွတ်စ်လေမီးန် ရာဂျဟ် နာဆေရ် အဘာစ် ဂျအ်ဖရီ မှ မိန့်ကြားခဲ့ပါတယ်။
.......................................................
END / 251