အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : mandalaygazette
တနင်္ဂနွေနေ့

၂၇ မေ ၂၀၁၂

၁၉:၃၀:၀၀
318273

ပန်းသီး၊ဖရဲသီး၊သင်္ဘောသီး၊လိမ္မော်သီး

ပန်းသီး၊ဖရဲသီး၊သင်္ဘောသီး၊လိမ္မော်သီးတို့၏လုပ်ဆောင်ချက် များ အကြောင်း အကြောင်းကို ချစ်လှစွာသော အဗ်နာ ပရိတ် သတ်ကြီးအတွက် လေးစားစွာဖြင့် တင်ပြအပ်ပါသည်။ လေးစားလျက် အဗ်နာ

အစာလဲဆေး  ဆေးလဲ အစာဆိုတဲ့ ဆိုရိုးနဲ့အညီ ပိစကွေးတို့ ပတ်ဝန်းကျင်မှာ လွယ်လွယ်ကူကူ ရနိုင်တဲ့ အသီးတွေထဲမှာ ဆေးဘက်ဝင်တဲ့ အသီးတစ်ချို့အကြောင်း ဖော်ပြချင်ပါတယ်.. အဲ့ဒီ့အသီးတွေကို ပုံမှန် စားသုံးခြင်းအားဖြင့် ကျန်းမာရေးအတွက် အကျိုးသက်ရောက်မှုတွေ ရှိနေတဲ့အတွက်ကြောင့် ဘယ်လိုအသီးတွေက ဘယ်လို အကျိုးရှိစေတယ် ဆိုတာလေး တွေကိုဖောာ်ပြပေးလိုက်ပါတယ်။ပန်းသီးပန်းသီးဟာ သက်စောင့်တဲ့ အသီးလို့ ပြောရ လောက်အောင် လူရဲ့ ခန္ဓာကိုယ်ကို အကျိုး ဖြစ်စေနိုင်ပါတယ်.. ဗီတာမင် စီ ပါဝင်မှု နည်းပါးသော်လည်း ဓါတ်တိုးဆန့်ကျင်ပစ္စည်းနဲ့ flavonoids ပါဝင်မှုတို့က ဗီတာမင်စီရဲ့ လုပ်ဆောင်ချက်ကို ပိုမို အစွမ်းထက်စေပြီး အူမကြီးကင်ဆာ၊ အဆုပ်ကင်ဆာ၊ ဆီးချို၊ ပန်းနာ ရင်ကြပ်ရောဂါ၊ နလုံးလေရိုက်ခြင်းနင့်၊ လေသင်တုန်း ဖြတ်ခြင်း တို့ကို ဖြစ်နိုင်ခြေ နည်းပါးစေပါတယ်. ပန်းသီးတစ်လုံးတွင် အမျှင်ဓာတ် ပမာဏ ၅ဂရမ်ခန့် ပါဝင်ပြီး အာဟာရဓာတ်များ ပေါင်းစပ် ပါဝင်နေ သောကြောင့် ၄င်းတွင် အရိုးကို သန်မာစေသော ဗီတာမင် ကေ၊ နာကျင်ရောင်ရမ်းခြင်းကို သက်သာစေသော ဓာတ်တစ်မျိုးတို့လည်း ပါဝင်ပါတယ်. ထို့ပြင် အစာစားချင်စိတ်ကို ထိန်းချုပ်လိုသူများ၊ ၀ိတ်လျော့လိုသူများ အစားမစားမီ နာရီဝက်အလိုတွင် ပန်းသီးတစ်လုံးကို စားသင့်ကြောင်း သိရပါတယ်။။ဖရဲသီး