အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : MSM
ဗုဒ္ဓဟူးနေ့

၃၀ မေ ၂၀၁၂

၁၉:၃၀:၀၀
318996

သားသမီးများကိုသွန်သင်ဆုံးမခြင်း(၁)

သားသမီးများကိုသွန်သင်ဆုံးမခြင်း(၁) ကို ဖော်ပြထားခြင်းဖြစ်ပါသည်။စာဖတ်သူများအတွက် အကျိုးရှိမည် ဟုမျှော်လင့် မိ ပါသဖြင့် အဟ်လေ့ဘိုက်(အ.စ) သတင်းဌာန ၊အဗ်နာအနေဖြင့် မြန်မာ ရှီအာ မွတ်စလင် ဆိုက် မှ တင်ပြလိုက်ခြင်းဖြစ်ပါသည်။

          နည်းစနစ်မှန်မှန်ပြုစုထိန်းကျောင်းရခြင်း၏အဓိပ္ပါယ်မှာ - ယခုလို တိုးတက်နေသော ခေတ်ကာလကြီး တွင် ကလေးများ၏ စိတ်ထဲတွင် မည်သည့်အရာမဆို စိတ်ကြိုက်ပုံဖေါ်နိုင်ပြီး အပြင်လောကတွင်လည်းမည်သည့် အရာကို မဆို လက်တွေ့လုပ်ကိုင်နိုင်ရန် အခွင့်အလမ်းများစွာ ရှိနေသောကြောင့် ကလေးများကို နည်းစနစ်မှန်မှန် ထိန်းကျောင်း ရပေမည်။ အကယ်၍ စနစ် မှန်မှန် ထိန်းကျောင်းနိုင်လျှင် ကလေးငယ်၏ဘ၀သည်အောင်မြင်မှု့ များစွာကို သူ့ဘ၀ တစ် လျှောက်လုံး ရရှိနိုင်မှာဖြစ်သည်။          အချို့အတွေးအခေါ် ပညာရှင်များသည် ကလေးများကို ထိန်းကျောင်းခြင်းနှင့် ပက်သက်၍ ဤကဲ့သို့ တင်ပြ ထားသည်မှာ - ကလေးများကို ထိန်းကျောင်းသောနည်းလမ်း မျိုးစုံ ရှိသည့်အနက်မှ ဆရာ၊ ဆရာမ များနှင့် မိဘတို့ဖြင့် ကလေးငယ်များသည် အချိန် ကြာကြာ အနီးကပ် ရှိနေတတ်ပြီး ၊ ထိုသူများ၏ အကျင့်စရိုက်များသည် ကလေးများ အ ပေါ်တွင် များစွာ အကျိုးသက်ရောက်မှုရှိပြီး ထိုသူများ၏ ကြည့်ခြင်း၊ အကျင့်စရိုက်နှင့် အခြားသူတစ်ယောက် အပေါ်တွင် ပြုမူဆက်ဆံပုံများကို အတုယူ ပြုလုပ်မှာဖြစ်တယ် လို့ တင်ပြထားပါသည်။          အကယ်၍ လူသားများတွင် ကောင်းသော အကျင့်စရိုက်များကို လေ့ကျင့်ပျိုးထောင် ပေးရန် မလိုအပ်ပါက တမန်တော်မြတ်များကို အလ္လာဟ်အရှင်မြတ် စေလွှတ်ရန် အကြောင်း မရှိပေ။ သို့သော် အလ္လာဟ်အရှင်မြတ် တမန် တော်မြတ်များကို စေလွှတ်ထားသည်။ ထို့နောက် တမန်တော်များ၊ အန်ဘီယာများ၏ တစ်ခုတည်းသော အကြီးများဆုံး ရည်ရွယ်ချက်မှာ - လူသားများအား ကောင်းမွန်သောလမ်းကို ညွှန်ပြပေးပြီး ၊ အမြင့်ဆုံး ပန်းတိုင်ကို ရောက်စေလိုသော ရည်ရွယ်ချက်ဖြင့် လူသားများ၏ အကျင့်စရိုက်များကို ကောင်းမွန်အောင် ပြုစုပျိုးထောင်ရမှာ ဖြစ်သည်။ ထိုရည်ရွယ် ချက်သည် တမန်တော်များ၊ အန်ဘီယာများ၏ ရည်ရွယ်ချက်ဖြစ်သောကြောင့် ကောင်းသောအကျင့်စရိုက်များကို လူ့ပတ်ဝန်းကျင်တွင် ပြုစုပျိုးထောင်ပေးရန် လိုအပ်ပေသည်။          လူသားများကို အကျင့်စရိုက်ကောင်းအောင် ပြုစုကြိုးပမ်းခြင်းသည် အဲဟ်လေဘိုက်သ် (အ.စ) ၏ လမ်းစဉ်တွင် အရေးအကြီးဆုံးဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် လူသားများသည် ပထမဆုံး ထိုသူနှင့် ထိတွေ့ဆက်ဆံရမည့်သူ၏ အကျင့်စရိုက်များကို ပထမဦးစွာ ကြည့်ရှုမှာဖြစ်ပြီး ၊ ထို့နောက် ဦးနှောက်ဖြင့် စဉ်းစားမှာဖြစ်ပြီး ထိုသူ၏ အဆင့်အ တန်းကို ခွဲခြားနိုင်မှာ ဖြစ်သည်။ ထို့ကြောင့် ရှီအာလူထုများ ဖြစ်ကြသော မို့အ်မေနီးန်၊ မို့အ်မေနားသ်များသည် ကျွန်ုပ် တို့၏ တမန်တော်များ၊ အန်ဘီယာများ၏ လမ်းစဉ်ကို ကြည့်ပြီး ကိုယ့်ကိုယ်ကို အထူးကောင်းမွန်စွာ နေထိုင်သွားကြ ရမည် ဖြစ်ပါသည်။(ရဲ့ဟ်ယားဖ်သီဘဲရ်အက်ခ်လားက်-၀ါ-သရ်ဘီယက်သေအစ္စလာမီကျမ်း၊ ရေးသားသူ- ဖက်သ်ဟွလ္လာဟ် နဂျားရ်ဇါဒ ဂါးန်)ကောင်းမွန်သောအကျင့်စရိုက် ဖြစ်ပေါ်လာရန် ကြိုးစားမှုများ လိုအပ်ခြင်း