အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
သောကြာနေ့

၁ ဇွန် ၂၀၁၂

၁၉:၃၀:၀၀
319441

သင့်ရဲ့ ကျန်းမာရေး အပေါ်ထိခိုက်မှု ရှိတဲ့နေရာ (၉)ခု

msm site မှ ရေးသားထားသည်ကို တိုက်ရိုက် ချစ်ပရိတ် သတ်ကြီး အတွက် ကူးယူဖော်ပြ လိုက်ပါသည်။ အဗ်နာ သတင်းဌာန

သင့်ရဲ့ ကျန်းမာရေး အပေါ်ထိခိုက်မှု ရှိတဲ့နေရာ (၉)ခု သင့်ရဲ့ နေရာဒေသနဲ့ ဆိုင်တဲ့ အမူအကျင့် တစ်ခုချင်းစီဟာ သင့်ရဲ့ ကျန်းမာရေးအပေါ် ရောင်ပြန်ဟပ် သက်ရောက်မှု ရှိတာ အသေအချာ မှန်ကန်ပါတယ်။ ဘာမှ အန္တရာယ် မရှိလောက်ပါဘူးလို့ ထင်ရတဲ့ အမူအကျင့် အသေးအဖွဲလေး တွေကနေ ကြီးမားတဲ့ ကျန်းမာရေး ပြဿနာတွေ တစ်ခါတစ်လေ ကြုံကြရတတ်ပါတယ်။ ဒါကြောင့် ကမ္ဘာ့ကျန်းမာရေး သုတေသီများ လေ့လာ စုစည်း ဖော်ပြထားတဲ့ ကျန်းမာရေးကို ထိခိုက်မှန်း မသိ ထိခိုက်စေသော အမူအကျင့် (၉)ချက်ကို  ဖော်ပြပေးလိုက်ပါတယ်။ (၁) သင့်ရဲ့ သွားပွတ်တံကို ထားရန် အဆိုးဆုံးနေရာ - ရေချိုးခန်းထဲက လက်ဆေးဇလုံလက်ဆေးဇလုံ တစ်ခုပေါ်မှာ ဘက်တီးရီးယားများဟာ တစ်လက်မ ပတ်လည် ဧရိယာလေး မှာတောင် ပျမ်းမျှ အကောင် ရေ ၃.၂သန်း လောက် အထိ ရှိနေနိုင်တာကို တွေ့ရပါတယ်။ ဒီပိုးမွှားတွေဟာ အချိန်နဲ့အမျှ ပေါက်ပွားနေကြတာ ဖြစ်ပြီး သင့်ရဲ့ သွားပွတ်တံကို သင်က ယူတိုက်လိုက်၊ လက်ဆေးဇလုံ မျက်နှာပြင်ပေါ် ပြီးစလွယ် ပြန်ထားလိုက် လုပ်နေသမျှ အကြိမ်တိုင်းမှာ သူတို့ဟာ သင့်ပါးစပ်ထဲကို ဗီဇာမပါဘဲ ၀င်ရောက်လာနေကြတာ ဖြစ်ပါတယ်။ ဒါကြောင့် သင့်သွားပွတ်တံ ကို ထားဖို့ အကောင်းဆုံး နေရာကတော့ အလုံပိတ် အဖုံးပါတဲ့ ဘူးတစ်မျိုးမျိုး ဖြစ်ပါတယ်။ (အဆင်သင့် ထည့်စရာ ဘူးပါ တဲ့ သွားတိုက်တံမျိုးကို ဒါကြောင့် ထုတ်ကြတာ ဖြစ်ပါတယ်။ လူတွေက ထည့်ရမှာ ပျင်းတဲ့အတွက် ကြာရင် ဘူးက အလ ကား ဖြစ်သွားတာ များလို့ သွားတိုက်တံ တံဆိပ်တိုင်းက လိုက်မ ထုတ်ကြတာ ဖြစ်ပါတယ်)(၂) ဖိနပ်များနှင့် ခြေနင်းပစ္စည်း များကို ထားရန် အဆိုးဆုံးနေရာ - အိပ်ခန်းဖိနပ်တွေနဲ့ မြေမှာ ထိတွေ့တဲ့ စကိတ် စတဲ့ပစ္စည်းတွေဟာ ညစ်ပတ်တဲ့ အရာတွေနဲ့ ဓာတ်မတည့်ခြင်း ဖြစ်စေတဲ့ အရာ (allergens) တွေကို တွယ်ကပ် သယ်ဆောင် လာတတ်ကြောင်း သင်သိပြီးသား ဖြစ်ပါတယ်။ ဒါကြောင့် ဒါတွေကို အိပ်ခန်းထဲကို ယူလာရင် သင့်ရဲ့ အခန်းထဲကနေ သင့်ကိုယ်ထဲကို ၀င်ရောက်လာကာ ရေရှည်မှာ ကျန်းမာရေး ဆုတ် ယုတ် လာနိုင်တာမို့ ဖိနပ်များကို အခန်းဝမှာသာ ချွတ်ခဲ့ပါ လို့ အကြံပြုပါတယ်။(၃) အိပ်မောကျရန် အဆိုးဆုံး နေရာ - စောင်ပုံအောက်နွေးနွေးထွေးထွေး အိပ်စက်ခြင်းဟာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေဖို့ အထောက်အကူ ပြုနိုင်ပေမယ့် စောင်ထူထူတွေ နဲ့ ခေါင်းမြီးခြုံ အိပ်စက်ခြင်းဟာ ဦးနှောက်တွင်း ကာဗွန်ဒိုင်အောက်ဆိုက် စုစည်းမှုကို အားပေးလို့ ကြာလာရင် ဦး နှောက်ဆဲလ်တွေကို ထိခိုက်စေမှာ ဖြစ်ပါတယ်။ပိုဆိုးတာက အိပ်ရာထဲက စောင်တစ်ထည်ဆိုတာ ဘယ်လောက်ပဲ သန့်အောင် လျှော်ထားပါစေ၊ လျှော်ပြီး ရက်နည်း နည်း ကြာလာတာနဲ့ လေထုထဲက ဖုံမှုန့် အညစ်ကြေးမှုန့် မျိုးစုံကို စုစည်းလက်ခံထားလို့ ခေါင်းမြီးခြုံ အိပ်စက်ခြင်းဟာ သင့်ရဲ့ အသက်ရှုလမ်းကြောင်း ထဲကို ဒါတွေ အလွယ်တကူ ၀င်စေပါတယ်။နောက်ထပ် ကျန်းမာရေးပညာရှင်တွေ ညွှန်ပြထားတဲ့ အချက်တစ်ချက်ကတော့ စောင်ခြုံအိပ်နေစဉ်မှာ ကိုယ်တွင်း အပူစီးဆင်းရွေ့လျားမှု ညီညွတ်စေဖို့ ခြေထောက်နှစ်ဖက်ကို ခြေကျင်းဝတ်လောက် ကနေ ဖော်အိပ်သင့်တယ်လို့ ဆိုပါတယ်။