အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : MSM
ဗုဒ္ဓဟူးနေ့

၂၀ ဇွန် ၂၀၁၂

၁၉:၃၀:၀၀
323715

(သန့်ရှင်းစင်ကြယ်မှု နှင့်မသန့်စင်မှု) အပိုင်း(၁)

အစ္စလာမ်သာသနာမှကျင့်ကြံမှုပိုင်းဆိုင်ရာများ(သန့်ရှင်းစင်ကြယ်မှု နှင့်မသန့်စင်မှု) အပိုင်း(၁) Yakoob Muhammad ရေးသား သီးကုံး ထားသည့် “အစ္စလာမ်သာသနာမှကျင့်ကြံမှုပိုင်းဆိုင်ရာများ(သန့်ရှင်းစင်ကြယ်မှု နှင့်မသန့်စင်မှု) အပိုင်း(၁)” ပို့စ်အား စာဖတ်ချစ်ပရိသတ်များအတွက် အသုံးဝင် တန်ဖိုးရှိမည်ဟု ကျွန်တော်များအဗ်နာမှ မျှော်လင့်ပြီး msm site မှ တဆင့် တင်ပြအပ်ပါသည်။

အစ္စလာမ် သာသနာမှ ကျင့်ကြံမှု ပိုင်းဆိုင်ရာ အစီအစဉ်များ အားအဟ်ကာ(မ်)ဟုခေါ်ဆိုသည်။ ၎င်းတို့မှ  အရေးကြီး ဆုံး သော၊ အဓိ ကအကျဆုံးသော ဝါဂျိ(ဘ်)တစ်ခုမှာ နမား(ဇ်)ဖြစ်သည်။  နမား(ဇ်)နှင့်ပတ်သက်သည့် ဥပဒေသ အကြောင်းအရာများကို အပိုင်းသုံးပိုင်း ခွဲခြားနိုင်ပါသည်။  ၁။ အခြေခံအချက်အလက်များ။  ၂။ ဆက်စပ်နေသော အချက်အလက်များ။  ၃။ ပျက်ပြယ်စေသော အချက်အလက်များ ဟူ၍ ဖြစ်ကြပါသည်။    နမား(ဇ်)၏ အခြေခံ အချက်အလက်များ။  ဤကြီးကျယ် မြင့်မြတ်သော ကျင့်စဉ်အား မကျင့် ကြံမီအလျင် န မား(ဇ်)ဝတ် ပြုသူအနေဖြင့် မလွဲမသွေ ဂရု ပြုရ မည့် အချက်မှာ သွဟာရ(သ်)ခေါ် သန့်ရှင်းစင် ကြယ်မှု ပင် ဖြစ်သည်။  နမား(ဇ်)ဝတ် ပြုသူသည် မိမိ၏ ခန္တာကိုယ်နှင့် အဝတ်အစားတို့အား မသန့်စင်မှု(နဂျိစ်)များမှ သန့်စင်ကင်ရှင်းစေပြီး နဂျိ(စ်)များမှ သန့် စင်မှု ပြုနိုင်ရန်အတွက်နဂျိစ် များကိုသိရှိခြင်းနှင့်ထိုနဂျိ(စ်) များအားသန့် စင်စေသော နည်းလမ်း တို့ကို လည်း သိရှိရန် လိုအပ် ပေသည်။   မသန့်ရှင်းသောအရာ(နဂျိစ်)များကို သိရှိခြင်းအလျင် အစ္စလာမ် သာသနာ၏ ပုံသေနည်းတစ်ခုအား ကျွန်ုပ်တို့ သိရှိရန် လိုအပ် ပါသည်။  -ဤကမ္ဘာလော ကြီးတွင် (၁၁)ခုသောအရာများမှလွဲ၍ကျန် ရှိ သော အရာများအားလုံးသည် သန်ရှင်း စင် ကြယ်သော အ ရာများ ဖြစ် ကြ ပြီး အခြားအရာများသည် ထိုအရာ(၁၁)ခုနှင့် ထိတွေ့မှုကြောင့် နဂျိ(စ်)ဖြစ်သွားနိုင်သည်။  ၎င်းနဂျိ(စ်)(၁၁)ခုမှာ အောက်ပါအတိုင်း ဖြစ် ကြသည်။  နဂျီး(စ်)အမျိုးအစားများ။  ၁။ လူသားနှင့် သွေးပန်းထွက်တတ်သော ဟရာ(မ်) တိရစာန်များ ၏ ဆီး။ ဥပမာ -ေ ကြာင်၊ ကြွက် ။  ၂။ လူသားနှင့် သွေးပန်းထွက်တတ်သော ဟရာ(မ်) တိရစာန်များ ၏ ဝမ်း။ ဥပမာ -ေ ကြာင်၊ ကြွက် ။  ၃။ လူသားနှင့် သွေးပန်းထွက်တတ်သော တိရစာန်များ၏ သွေး။ ဥပမာ -နွား၊ သိုး၊ ကျား။  ၄။ လူသားနှင့် သွေးပန်းထွက်တတ်သော တိရစာန်များ၏သုတ် ရည်။ ဥပမာ - နွား၊သိုး၊ ကျား။  ၅။ အသေကောင်။  ၆။ ခွေး။ ကုန်းတွင်နေသော ခွေးကို ဆိုလိုခြင်းဖြစ် ပြီး ရေထဲတွင်နေသော ခွေးတို့သည်နဂျိ(စ်)မဟုတ်ပေ။   ရ။ ဝက်။ ကုန်းတွင်နေသော ဝက်ကို ဆိုလိုခြင်းဖြစ် ပြီး ရေထဲတွင်နေသော ဝက်တို့သည်နဂျိ(စ်)မဟုတ်ပေ။   ၈။ အရက်နှင့် မူးရစ်စေသော အရည်များ။  ၉။ ဘီယာ။  ၁ဝ။ ကာဖဲ(ရ်)။ အလာဟ်အသျှင်မြတ်အား ဆန့်ကျင်သူ။  ၁၁။ နဂျီး(စ်)စားထားသောကုလားအုပ်၏ချွေး။  တို့ဖြစ်ပါသည်။