အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : planet
ဗုဒ္ဓဟူးနေ့

၁၁ ဇူလိုင် ၂၀၁၂

၁၉:၃၀:၀၀
328584

မိုဘိုင်းလ်ဖုန်းသုံးစွဲသော ကလေးငယ်များတွင် ဦနှောက်အကြိတ်ပိုမိုဖြစ်နိုင်

မိုဘိုင်းလ်ဖုန်းသုံးစွဲသော ကလေးငယ်များတွင်ဦနှောက်အကြိတ်ပိုမိုဖြစ်နိုင် မိုဘိုင်းလ်ဖုန်းသုံးစွဲသော ကလေးငယ်များတွင်ကလေးငယ်များ မိုဘိုင်းလ်ဖုန်း အသုံးပြုခြင်းသည် ၎င်းတို့၏ ဦးနှောက်အတွင်း အကြိတ်တည်သည့်ရောဂါ(Brain Tumor)ဖြစ်ပွားမှုကို သာမန်ထက်(၅)ဆ မြင့်တက်လာစေနိုင်ကြောင်း သိပ္ပံပညာရှင်များက သတိပေးပြောဆိုလိုက်သည်။

အဟ်လေ့ဘိုက်(အ.စ)သတင်းဌာန၊ အဗ်နာ။ ။

 ဆွီဒင်နိုင်ငံမှ သုတေသနပညာရှင်များ၏ စမ်းသပ်တွေ့ရှိမှုအရ (၁၆)နှစ်အောက်ကလေးငယ်များ မိုဘိုင်းလ်ဖုန်းအသုံးပြုမှုသည် Brain Tumor၏ အန္တရာယ်အား ဖိတ်ခေါ်နေသကဲ့သို့ရှိကြောင်း သိရှိခဲ့ရသည်။ အဘယ်ကြောင့်ဆိုသော် ကလေးငယ်များ၏ ဦးနှောက်နှင့် အာရုံကြောအဖွဲ့အစည်းများသည် ဖွံ့ဖြိုးဆဲအနေအထားတွင်သာရှိနေသေးသောကြောင့် မိုဘိုင်းလ်ဖုန်းမှ ဖြာထွက်လာသော ရေဒီယိုလှိုင်းများ၏ဒဏ်ကို သာမန်ထက်ပိုမိုပြီး ထိခိုက်ခံရကြောင်း ဖော်ပြထားသည်။  ထို့ပြင် ကလေးငယ်များ၏ ခေါင်းမှာသေးငယ်ပြီး ဦးခေါင်းခွံမှာလည်း ပိုမိုပါးလွှာသဖြင့် ရေဒီယိုလှိုင်းများ၏ဒဏ်ကို ကာကွယ်နိုင်မှု အားနည်းကြောင်း သုတေသနပညာရှင်များကဆိုသည်။ ထို့ကြောင့် ကလေးငယ်များ(အထူးသဖြင့် ၁၂နှစ်အောက် ကလေးငယ်များ)အနေနှင့် အလွန်အရေးကြီးသော ကိစ္စများမှလွဲပြီး  မိုဘိုင်းလ်ဖုန်း အသုံးမပြုသင့်ကြောင်း ပညာရှင်များက အကြံပေးခဲ့ကြသည်။ ထို့အပြင် လူကြီးများအနေနှင့်လည်း အတတ်နိုင်ဆုံး Hand-freeကိရိယာများ အသုံးပြုသင့်ကြောင်း တိုက်တွန်းထားသည်။ သို့သော်လည်း အခြားသောသုတေသန အဖွဲ့တစ်ခုကမူ ကလေးငယ်များဦးနှောက်နှင့်မိုဘိုင်းလ်ဖုန်းကြောင့်ထိခိုက်မှုတို့မှာသံသယဖြစ်ဖွယ်အနေအထားသာရှိသေးကြောင်း၊ လေ့လာနေဆဲသာဖြစ်ကြောင်း ပြောဆိုသွားသည်။  ဗြိတိန်နိုင်ငံမှ သုတေသနပညာရှင်များက ၎င်းတို့တွေ့ရှိမှုအရ မိုဘိုင်းလ်ဖုန်းအသုံးပြုသူ ကလေးငယ်အားလုံး၏ (၉၀)ရာခိုင်နှုန်းတို့သည်BrainTumorဖြစ်ပွားနိုင်ခြေ(၄၀)ရာခိုင်နှုန်းမျှ မြင့်တက်လာကြောင်း တွေ့ရှိခဲ့သော်လည်း ကောက်ချက်စွဲရန် စောသေးသည်ဟုဆိုသည်။ ၎င်းတို့အနေနှင့် ပြည်သူများ၏ ကျန်းမာရေးအခြေအနေနှင့် မိုဘိုင်းလ်ဖုန်းတို့ကြားရှုပ်ထွေးမှုများနှင့် တွေ့ကြုံနေရဆဲဖြစ်ကြောင်းဗြိတိသျှပါမောက္ခ ဒေါက်တာဒေးဗစ်ကိုဂန်က ပြောကြားခဲ့သည်။ မိုဘိုင်းလ်ဖုန်းမှ ထုတ်လွှင့်သော ရေဒီယိုလှိုင်းများသည် လူ၏ဦးနှောက်နှင့် အာရုံကြောများကို ထိခိုက်စေနိုင်သည့်အချက်အားအခြေခံအားဖြင့်သဘောတူသော်လည်းမည်သည့်အတိုင်းအတာထိ ကြောက်စရာကောင်းသည်ဆိုခြင်းကိုမူ တိတိကျကျမပြောနိုင်သေးကြောင်း ၎င်းကဖြည့်စွက်ပြောဆိုခဲ့သည်။ ဆီဒင်ပညာရှင်များကမူ မိုဘိုင်းလ်ဖုန်းအသုံးပြုခြင်းကြောင့် ကလေးငယ်များ၏ ဦးနှောက်အတွင်း အကြိတ်တည်မှု ဖြစ်ပွားနိုင်ခြေကို သိသိသာသာ မြင့်တက်လာစေကြောင်း အခိုင်အမာပြောဆိုသွားသည်။ ......................................................................................