အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : naytthit.net မှကောက်နှုတ်
စနေနေ့

၄ ဩဂုတ် ၂၀၁၂

၁၉:၃၀:၀၀
334620

ကင်ဆာ ရောဂါ အတွက် ဒူးရင်းသြဇာ

အဟ်လေ့ဘိုက်(အ.စ) သတင်းဌာန ၊အဗ်နာ။ ။

ကျမတို့ရုံးနှစ်ပတ်လည်အစည်းဝေးအတွက် နိုင်ငံအသီးသီးကတက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေထဲမှာ တယောက် ကျမတွေ့တော့ တော်တော်အံ့အားသင့်သွားတယ်။ ဒီနှစ်စမှာဘဲဆေးစစ်တဲ့အခါ ကင်ဆာလို့အဖြေထွက်ပြီး ကျမတို့ တတွေ စိတ်မကောင်းဖြစ်နေခဲ့တာပါ။ အခုပြန်တွေ့တော့ လန်းဆန်းကျန်းမာ တက်ကြွ နေတော့ စကားစမြည်ပြောရင်းနဲ့ ဆေးနည်းလေး တစ်ခုရလာတာကို ဝေမျှခြင်လို့ပါ။

အခုတစ်လော ကင်ဆာဆိုတာနဲ့ လူတွေကလန့်နေကြပါပီ။ ခီမိုသွင်းရတာနဲ့ မိသားစုဝင်တွေ စိတ်ပင်ပန်းကြတာနဲ့ ရုတ် တရက်သေဆုံးသွားတာ နဲ့ ဒါကြောင့် ကျမတို့ရုံးက အန်တီဆိုရင် သူ့ကင်ဆာဖြစ်တာ သူများကို မသိစေချင်ဘူး၊ သူများတွေသူ့ကိုသေလူလို့ ကြည့်နေတဲ့အကြည့်တွေမခံနိုင်ဘူးဆိုပီးရင်ဖွင့်ရှာပါတယ်။

ကျမ ရဲ့ အချစ်ဆုံး ကြီးကြီး လဲ ကင်ဆာနဲ့ဆုံးသွားသလို အမလိုခင်မင်ပြီးချစ်ရတဲ့ ရှေ့နေမမ တစ်ယောက်လဲ ကင်ဆာနဲ့ ဘ၀ဆုံးသွားရရှာပါတယ်။ အထူးသဖြင့်ကျမတို့မိသားစုနဲ့ နှစ်အိမ်တစ်အိမ်လိုဖြစ်နေတဲ့ မိုးကောင်းက အန်တီနဲ့အန်ကယ် လဲ ကင်ဆာနဲ့ဘဲဆုံးပါး သွားကြတယ်။

အရင်ကတော့ ပန်းခါး ဆိုတာအရမ်းကို နာမည်ကြီးတယ်။ ပန်းပင် အခြောက်လေးတွေကို ရေနွေးကြမ်းလိုလုပ်သောက် ရတာပါ၊ အရမ်းကိုခါးတော့ ကျမတောင်စမ်းသောက်ကြည့်ပီးတွန့်သွားတာနဲ့ မသောက်ဖြစ်တော့ပါဘူး။ ခီမိုသွင်းထားတဲ့ လူနာတွေဆို ခံတွင်းထဲဘာထည့်ထည့်အရသာမရှိတော့ဘူး။ အရမ်းလဲသနားဖို့ကောင်းပါတယ်။

ကင်ဆာရောဂါဖြစ်နေ သူများအတွက်သတင်းကောင်းပါ။ အရသာလဲမဆိုးတဲ့ ဘဘာဝအသီးပင်ရဲ့ အရွက်ကိုပြုတ် သောက်ရုံတင်နဲ့ ကင်ဆာ ရောဂါကို ပျောက်ကင်းသက် သာစေတာ ကျမမျက်စိရှေ့မှာတင် ၄ ယောက်လောက်တွေ့ခဲ့လို့ ရဲရဲကြီးမျှဝေလိုက်ပါတယ်။

ဆေးပညာအကြောင်းအစုံလင်နားမလည်ပေမယ့် ခီမိုသွင်းတာ ကင်ဆာ cell အကောင်းရောအဆိုးပါသတ်ပစ် တာဖြစ်ပီး ဒီဒူးရင်းသြဇာအရွက်ပြုတ်ရည်ရဲ့ အာနိသင်ကတော့ ကင်ဆာ ဆဲလ် ချည်းသတ်သတ်ကိုသာ သတ်ပစ် တယ်လို့ ရှင်းပြပါတယ်။

ကျမညီမလေးကျောင်းက ပရော်ဖက်ဆာကတော့ လူတိုင်းတော့ ပျောက်နိုင်မှာမဟုတ်ဘူး၊ တစ်ယောက်နဲ့ တစ်ယောက် ကင်ဆာဖြစ်ပုံအမျိုးစားခြင်းမတူသလို ခန္တာကိုယ်က တုံ့ပြန်ပုံခြင်းလဲမတူနိုင်ပါဘူးလို့ ဆိုပါတယ်။ ဒါပေမယ့်ကျမ အကြံ ပေးခြင်တာကတော့ အနည်းနဲ့အများ ပျောက်သွားသည်ဖြစ်စေ သက်သာသွားသည်ဖြစ်စေ အန္တရယ်မရှိတာမို့ စမ်း သောက်ကြည့်ကြဖို့တိုက်တွန်းပါရစေ။ ကိုယ်နဲ့သိတဲ့ မိတ်ဆွေ၊ သူငယ်ချင်း ဆွေမျိုးသားခြင်း များမှာလဲ ကင်ဆာရော ဂါရှိ တဲ့သူများရှိရင် ထပ်ဆင့်ဝေဌပေးကြပါ။