အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : myanmar 1
သောကြာနေ့

၂၁ စက်တင်ဘာ ၂၀၁၂

၂၀:၃၀:၀၀
350182

အထိုင်များသော အလုပ်ကြောင့် စောစောစီးစီး သေဆုံးစေနိုင်

အဟ်လေ့ဘိုက်(အ.စ) သတင်းဌာန၊အဗ်နာ ။  ။တစ်ခါထိုင်ရင် သုံး-လေးနာရီကျော်ကြာတဲ့သူတွေကို လေ့လာခဲ့ရာ စောစောစီးစီး သေဆုံးနိုင်ခြေ မြင့်မားနေတယ်လို့ လေ့လာမှု နှစ်ခုအရ သိရပါတယ်။ အမေရိကန်လေ့လာမှုအရ တစ်နေ့ ခြောက်နာရီထက် ပိုမိုထိုင်ပြီး လေ့ကျင့်ခန်း မလုပ်တဲ့ အမျိုးသမီးတွေက အချိန်မတိုင်မီ စောစောသေဆုံးနိုင်ခြေ ၇၀ ရာခိုင်နှုန်းကျော် ပိုမိုမြင့်မားကြောင်း၊ အမျိုးသားတွေမှာတော့ အချိန်မတိုင်မီ စောစောသေဆုံးနိုင်ခြေ ၅၀ ရာခိုင်နှုန်း ပိုမိုမြင့်မားကြောင်း လေ့လာတွေ့ရှိရပါတယ်။သြစတြေးလျ လေ့လာမှုအရ တစ်နေ့ ၁၁ နာရီကျော်ထိုင်တဲ့သူတွေက အချိန်မတိုင်မီ စောစောသေဆုံးနိုင်ခြေ ၄၀ ရာခိုင်နှုန်း ပိုမိုမြင့်မားကြောင်း တွေ့ရှိရပါတယ်။ လေ့လာမှုနှစ်ရပ်အရ လူတွေက အထိုင်များလေလေ၊ ဘဝသက်တမ်းတိုဖို့ အခွင့်အလမ်း ပိုများလေလေ ဖြစ်တာကိုတွေ့ရပါတယ်။အထိုင်များသူတို့အတွက် ဖြေရှင်းနည်း- အထိုင်များတဲ့ အလုပ်လုပ်ရသူတွေ အနေနဲ့ နာရီဝက်ကြာ ထိုင်ပြီးတိုင်း မတ်တပ်ရပ်ပေးဖို့ လိုပါတယ်။- ဖုန်းကို ရပ်ပြီး ပြောတာ၊ လက်ကိုင်ဖုန်းကို လမ်းလျှောက်ပြီး ပြောတာမျိုး လုပ်ပါ။- လုပ်ဖော်ကိုင်ဖက်တွေနဲ့ စကားပြောရာမှာ အီးမေး၊ ချက်တင်တွေနဲ့ ပြောမယ့်အစား သူတို့ဆီကို သွားရောက်ပြီးပြောပါ။- နာရီများစွာ ကြာကြာထိုင်ပြီး အလုပ်လုပ်မယ့်အစား မကြာခဏ ရေသောက်လိုက်၊ အိမ်သာသွားလိုက်(ဆီးသွားလိုက်)လုပ်ပေးပါ။