အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : friendsdaygroup
တနင်္ဂနွေနေ့

၂၃ စက်တင်ဘာ ၂၀၁၂

၂၀:၃၀:၀၀
350686

ပန်းသီး၏ ကျန်းမာရေး အကျိုးကျေးဇူး သုံးသွယ်

အဟ်လေ့ဘိုက်(အ.စ) သတင်းဌာန ၊ အဗ်နာ ။ ။ တစ်နေ့ ကို ပန်းသီးတစ်လုံးစားရင် ဆရာဝန်နဲ့ ဝေးဝေးမှာနေနိုင်တယ်ဆိုတဲ့ ဆိုရိုးစကားတစ်ခုရှိပါတယ်။ပန်းသီးစားရင်အမြဲတမ်းကျန်းမာနေမယ်ဆိုတာ အတိအကျမသိသေးပေမယ့် ပန်းသီးကိုတနေ့တလုံး စားပေးရင် အောက်ပါအကျိုးကျေးဇူးသုံးရပ်ကိုရရှိနိုင်တယ်ဆိုတာကိုတော့ သုတေသီတွေက လေ့လာတွေ့ ရှိထားပါတယ်.။၁။အယ်လ်ဇိုင်းမားရောဂါအန္တရာယ်ကင်းဝေးစေတယ်ပန်းသီးမှာပါဝင်တဲ့  အစွမ်းထက်အင်တီအောက်ဆီးဒင့် ကွာစီတင်ဟာ ဦးနှောက်ဆဲလ်တွေ မပျက်စီးအောင်ကာကွယ်ပေးနိုင်စွမ်းရှိပါတယ်။ပန်းသီးခွံထဲမှာရောဂါကာကွယ်ပေးတဲ့ ဒြပ်ပေါင်းတွေအများအပြားပါဝင်တာကြောင့် ပန်းသီးစားရင် အခွံပါစားဖို့ ကော်နဲလ်တက္ကသိုလ် သုတေသနပညာရှင်ချန်လီက ဆိုပါတယ်။။၂။အူမကြီးကင်ဆာမဖြစ်အောင်ကာကွယ်ပေးတယ်ပန်းသီးမှာပါဝင်တဲ့ သဘာဝအမျှင်ဓာတ်ဟာ အူမကြီးမှာကင်ဆာဆဲလ်ဖြစ်ပေါ်ခြင်းကို တိုက်ခိုက်ပေးတဲ့ ဓာတ်ပစ္စည်းထုတ်ပေးကြောင်း ဂျာမနီသုတေသနအသစ်တစ်ခုကဆိုပါတယ်။၃။သွေးတိုးခြင်းမှ ကာကွယ်ပေးတယ်အရွယ်ရောက်လူကြီးတွေအနက် ပန်းသီးစားသူတွေဟာ ပန်းသီးမစားသူတွေနဲ့ ယှဉ်ရင် သွေးတိုးရောဂါဖြစ်နိုင်ခြေကို ၃၇%လျော့ကျစေကြောင်း လတ်တလော အစားအစာဆန်းစစ်လေ့လာမှု အရ သိရပါတယ်။။ကျန်းမာပျော်ရွှင်ကြပါစေ။။ဖြူစင်စေတနာ ပြည့်ဝစွာဖြင့်...Good Health ဂျာနယ်မှ ကူးယူဖော်ပြပါသည်။။