အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : 19 September 2012 | By Health Digest
ကြာသပတေးနေ့

၁၁ အောက်တိုဘာ ၂၀၁၂

၂၀:၃၀:၀၀
355895

အဆစ်ရောင်ရောဂါအတွက် ဆေးသစ်

  

အဟ်လေ့ဘိုက်(အ.စ) သတင်းဌာန ၊အဗ်နာ ။ ။

အဆစ်ရောင် ရောဂါ များတွင် နာကျင် ကိုက်ခဲမှု သက်သာစေ မည့် တော်လှန် ပြောင်းလဲ လိုက်သော ကုထုံး တစ်ရပ် အဖြစ် အကိုက်အခဲပျောက် ဆေးသစ် တစ်ခု ပေါ်ထွက် လာရန် နီးကပ်လျက် ရှိပြီဖြစ်ကြောင်း သိရပါတယ်။

 

GM- CSF လို့ခေါ်တဲ့ အသားဓာတ် တစ်မျိုးဟာ အဆစ်ရောင်ခြင်း တွင် အဓိကကဏ္ဍမှ ပါဝင်လေ့ ရှိသော၊ ခုခံမှုစနစ် တုံ့ပြန်ရာမှ ရောဂါဖြစ်စေ သော ပစ္စည်း တစ်မျိုးဖြစ်ပါတယ်။

 

ယခုအခါ ကျွမ်းကျင်သူ များက အဆိုပါ အသားဓာတ်၏ အာနိသင်ကိုတားဆီး ပိတ်ဆို့နိုင်လိမ့်မည်ဟု ယုံကြည်ထား ကြပါတယ်။GM- CSFကို တားဆီး မယ့် ပစ္စည်းက Leukine ဟုခေါ်ပြီး ရောဂါဖြစ်ပွားမှုကို နှိမ်နင်းကာ လူနာ များအား နာကျင်ကိုက်ခဲမှုဝေဒနာ သက်သာစေမှာဖြစ်ကြောင်း သိရပါ တယ်။