အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ရိုးရာ မွ
စနေနေ့

၁၃ အောက်တိုဘာ ၂၀၁၂

၂၀:၃၀:၀၀
356448

ကျန်းမာရေးအတွက် ဖတ်စရာ

 အဟ်လေ့ဘိုက်(အ.စ) သတင်းဌာန ၊အဗ်နာ ။ ။ လူမှုရေးကိစ္စများ နေ့ စဉ်ဆောင်ရွက်လျှင် အသက်ကြီးသူများ စိတ်ကျန်းမာရေး အထောက်အကူပြု         အိမ်မှာ အဘိုးအဘွားတွေ ရှိတဲ့ ကမ္ဘာသစ်မှ သူငယ်ချင်းများအတွက် အထောက်ကူဖြစ်စေမယ့် အကြောင်းရာတစ်ခုပါ။အသက်အရွယ်ကြီးရင့် သူများအနေဖြင့် လူမှုဝန်းကျင် ကိစ္စရပ်များတွင် ပါဝင်ဆောင်ရွက်ပေးခြင်းသည် ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ တိုးတက်ကောင်းမွန်မှုကို အထောက်အကူပြုစေကြောင်း ဆွီဒင်သုတေသန ပညာရှင်များ သုတေသနပြုချက်၌ ဖော်ပြထားသည်။တစ်ကိုယ်တည်း အထီးကျန်စွာနေထိုင်ခြင်းသည် စိတ်ပိုင်းနှင့်ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ထိခိုက်စေကြောင်း၊ လူမှုအ၀ိုင်းအ၀န်းအတွင်း ပါဝင်ဆက်ဆံကာ လူမှုရေးကိစ္စများ ၀ိုင်းဝန်းဆောင်ရွက်ပေးခြင်းသည် ကျန်းမာရေး ကောင်းမွန်စေသည့် အချက် တစ်ချက်ဖြစ်ကြောင်း ဖော်ပြထားသည်။တစ်ကိုယ်တည်းမနေထိုင်ပဲ တာဝန်တစ်ခုခုကို နေ့ စဉ်နီးပါး ဆောင်ရွက်နေခြင်းသည် အသက်အရွယ်ကြီးရင့်သူများအတွက် နည်းလမ်းမှန်ကန်စွာ နေထိုင်ခြင်းဖြစ်ကြောင်း သိရသည်။လူမှုအသိုင်းအ၀န်းအတွင်း ပါဝင်လှုပ်ရှားခြင်းသည် ဦးနှောက်ဆဲလ်များ ရှင်သန်စေပြီး ဥာဏ်ရည်ဥာဏ်သွေးကောင်းမွန်ကာ ကျန်းမာရေးအတွက် အထောက်အကူ ပြုစေကြောင်း၊ မိတ်ဆွေများနှင့်တွေ့ ဆုံခြင်း၊ လူမှုအဖွဲ့ အစည်းများ၌ ပါဝင်ဆောင်ရွက်ခြင်းသည် ကျန်းမာရေးကို အထောက်အကူပြုစေကြောင်း သိရသည်။ရုပ်မြင်သံကြား အဝေးထိန်း ကိရိယာမှ ရောဂါ ကူးစက်နိုင်TV ကြည့်ရင်သတိထားစရာ အချက်တစ်ခုပါရုပ်မြင်သံကြားအဝေးထိန်း ကိရိယာများကို စနစ်တကျသန့် ရှင်းစွာ ထားရှိအသုံးပြုခြင်းမရှိပါက ဗိုင်းရပ်ပိုးများ ခိုအောင်းရာနေရာဖြစ်နေကြောင်း အမေရိကန် သုတေသန ပညာရှင်များက ပြောကြားသည်။အမေရိကန်နိုင်ငံ ဗာဂျီးနီးယားတက္ကသိုလ်မှ သုတေသနပညာရှင်များ၏ လက်တွေ့ သုတေသနပြုချက်အရ နေအိမ် ၃၀ ကျော်ကို ကွင်းဆင်းလေ့လာခဲ့ရာ ၄၂ % သောနေအိမ်များရှိ ရုပ်မြင်သံကြား အဝေထိန်းကိရိယာများတွင် ဗက်တီးရီးယားပိုးများ ခိုအောင်နေကြောင်း တွေ့ ရှိရသည်ဟု ဆိုသည်။ထို့ အတူ ရေခဲသေတ္တာ အဖုံးနေရာများတွင်လည်း နေ့ စဉ်သန့် ရှင်းမှုမပြုလုပ်ပါက ဗိုင်းရပ်ပိုးများ ခိုအောင်းပြန့် ပွားရာနေရာဖြစ်ကြောင်း သိရှိရပါသည်။ထို့ ကြောင့် Remote Control များကို သန့် ရှင်းမှုနေ့ စဉ်ပြုလုပ်ပေးရန်လိုကြောင်း ၊သို့ မဟုတ်ပါက ဗိုင်းရပ်ပိုးကြောင့် အစာအိမ်ရောဂါနှင့် အူလမ်းကြောင်းဆိုင်ရာ ရောဂါများရရှိနိုင်ကြောင်း သတိပေးထားသည်။ကမ္ဘာသစ်က သူငယ်ချင်းတွေ ဒီကျန်းမာရေးဆိုင်ရာသတိထားစရာကိစ္စကို အလွယ်တကူကာကွယ်လိုပါက Remote Control စွပ်သည့် အိတ်ငယ်လေးများကိုအသုံးပြုခြင်းဖြင့် ထိရောက်လွယ်ကူစေနိုင်ပါသည်။နာနတ်သီး ပုံမှန်စားသုံးလျှင် သွေးတိုးရောဂါ ကာကွယ်ပေးနိုင်သည်နာနတ်သီး ကြိုက်တဲ့ ကမ္ဘာသစ် သူငယ်ချင်းတွေ အတွက်တော့ ပိုပြီးစားချင်စရာပါပဲ ။နာနတ်သီးကို ပုံမှန်စားသုံးပေးခြင်းဖြင့် သွေးတိုးရောဂါများဖြစ်ပွားမှုကို ကျဆင်းစေပြီး သွေးတိုးမှု လျော့ကျစေကြောင်း စပိန်သုတေသန ပညာရှင်များက ထုတ်ဖော်ပြောကြားသည်။နာနတ်သီးတွင် ဗီတာမင် စီ၊ ဗီတာမင် ဘီ - ၁ ၊ ဗီတာမင် - ၆ ၊ကော့ပါးနှင့် အမျှင်ဓာတ်များပါရှိရာ သွေးပေါင်ချိန်ကျဆင်းစေသည့်အပြင် သွေးအတွင်း ကိုလက်စထရောများမှုကို လျော့ကျစေကြောင်း သိရှိရသည်။နာနတ်သီးကို ပုံမှန်စားသုံးလေ့ရှိသူ ၂၀၀၀ အား သုံးနှစ်ကြာ သုတေသနပြုခဲ့ရာ ထိုသူတို့ တွင် သွေးတိုးရောဂါဖြစ်ပွားမှု ၁၈ % သာဖြစ်ပွားကြောင်း တွေ့ ရှိရသည်ဟု ဆိုသည်။ထို့ အပြင် နာနတ်သီးကို သီတင်းတစ်ပတ်လျှင် နှစ်ကြိမ်ခန့် စားသုံးပေးသူများသည် နှလုံးသွေးကြောကျဉ်းရောဂါဖြစ်ပွားမှု အလွန်နည်းပါးကြောင်း တွေ့ ရှိရသည်ဟု သိရှိရပါသည်။