အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : Health Digest မွ
ဗုဒ္ဓဟူးနေ့

၇ နိုဝင်ဘာ ၂၀၁၂

၂၀:၃၀:၀၀
363299

ကျန်းမာရေးနဲ့ ညီညွတ်ရန်အတွက် ဘယ်အဆီ အကောင်းဆုံးလဲ

အဟ်လေ့ဘိုက် (အ.စ) သတင်းဌာန ၊ အဗ်နာ ။ ။ ကျန်းမာရေး ဗဟုသုတလေ့လာ သူတိုင်း သိကြမှာဖြစ်တဲ့ အချက်တစ် ခုကတော့

နှလုံးသွေးကြောရောဂါ ဖြစ်စေတဲ့ အဓိက လက်သည် တရား ခံတွေထဲမှာ လူတွေ နေ့စဉ် စားသုံးနေ ကြသော အဆီ လည်း ပါဝင် ပါတယ်။ အဆီတွေ မစားနဲ့ အဆီတွေ လျှော့စားကြ ဆိုပြီး အဆီကို ဝိုင်းပြီး လက်ညှိုးထိုး နေကြပေမယ့် လည်း လူတိုင်း အာဟာရဓာတ် ပြည့်ဝစွာ စားရမယ့် အစားအစာ တွေထဲမှာ အဆီလည်း မပါမဖြစ် ပါဝင်နေတာ ဖြစ်ပါတယ်။ ဒါပေမယ့် အဆီရနိုင်တဲ့ နေရာ အဓိက ၂မျိုးရှိတယ်။ တိရစ္ဆာန်က ရသော အဆီနဲ့ ဟင်းသီးဟင်းရွက် များမှရသော အဆီ တို့ဖြစ်ပါတယ်။ စားသောက် ဖွယ်ရာ များကို ချက်ပြုတ် ပြင်ဆင်တဲ့ အခါ ဆီပါမှ ပိုပြီး စားလို့ ကောင်းတယ်။ အသုပ် စတဲ့ ဟင်းပွဲမျိုးမှာ ဆီစိမ်း သုံးလေ့ ရှိပြီး များသော အားဖြင့် တော့ ဟင်း တွေကြော်တဲ့၊ ချက်တဲ့ အခါ ဆီကို သုံးကြ ပါတယ်။ "ဆီကို ရေချိုး၊ ဆေးရိုးမီးလှုံ့၊ စပါးတောင်လိုပုံ" ဆိုတဲ့ မြန်မာ့ ဆိုရိုးကို ကြည့်ခြင်း အားဖြင့် ဆီကို ဘယ်လောက် တန်ဖိုး ထားတယ်၊ ဆီသုံးစွဲ နိုင်ခြင်း သည် ကြွယ်ဝမှု ကို ပြတယ် ဆိုတာ သိနိုင် ပါတယ်။ ဆီကြိုက်တဲ့ မြန်မာတွေ ဘိုးစဉ် ဘောင်ဆက် ကတည်းက သုံးစွဲလာခဲ့ သော ဆီတွေ ကတော့ နှမ်းနှင့် မြေပဲမှ ထုတ်လုပ် ထားတဲ့ ဟင်းသီး ဟင်းရွက် ဆီတွေဖြစ်ပါတယ်။ ဓာတုဗေဒ ရှုထောင့် ကကြည့်ရင် ဖွဲ့စည်းပုံ ကိုလိုက်ပြီး ပြည့်ဝ ဆီ (Saturated Fat) နှင့် မပြည့်ဝ ဆီ (Unsaturated Fat) ဟူ၍ ခွဲခြားနိုင် တယ်။ လူ့ရဲ့ကျန်းမာ ရေးကို တိတိကျ ကျပြောရရင် နှလုံးသွေး ကြောရောဂါ များကို ဖြစ်စေနိုင် အောင် အားပေး တာကတော့ ပြည့်ဝဆီ တွေဖြစ်ပါတယ်။

ယေဘုယျ အားဖြင့် ပြောရရင် တိရစ္ဆာန်ဆီ များဟာ ပြည့်ဝ ဆီများလို့ ခေါ်နိုင်ပြီး ဟင်းသီး ဟင်းရွက်မှ ထုတ်လုပ် ထားတဲ့ ဆီတွေ ထဲမှာတော့ ပြည့်ဝဆီ ရော မပြည့်ဝ ဆီပါ နှစ်မျိုး စလုံး သူ့အချိုးအစား နဲ့သူ ပါဝင် နေပြန်တာ ဖြစ်ပါတယ်။ တကယ်တော့ ပြည့်ဝဆီရော မပြည့်ဝ ဆီပါ လူ့ခန္ဓာ ကိုယ် အတွက် လိုအပ်တာဖြစ်ပြီး ပြည့်ဝဆီ ကတော့ နည်းနည်းလေး မျှ လိုအပ် ပါတယ်။ ၄င်းက ဦးနှောက် လုပ်ငန်း တာဝန်တွေ ကောင်းစေနိုင်ပါ တယ်။ မပြည့်ဝဆီက အကြမ်းဖျင်း အားဖြင့် ဓာတုဗေဒ ဖွဲ့စည်းပုံ နှစ်မျိုးရှိ ပြန်ပါတယ်။ ခပ်တိုတို ပြောရရင် Mono မပြည့်ဝဆီနဲ့ Poly မပြည့်ဝဆီလို့ ခေါ်ပြန်ပါတယ်။ ဒါ့ကြောင့် ဘယ်လို ဆီ အမျိုးအစား တွေထဲမှာ ပြည့်ဝဆီက ဘယ်လောက်ပါတယ်။ Mono မပြည့် ၀နဲ့ Poly မပြည့်ဝ ဘယ်လောက် ပါတယ် ဆိုတာ အကြမ်းဖျင်း လေး ဇယားဖြင့် နှိုင်းယှဉ် ဖော်ပြလိုပါတယ်။ တိရစ္ဆာန် ကရတဲ့ အဆီတွေရော မြန်မာနိုင်ငံ မှာ အသုံးများတဲ့ ဟင်းသီး ဟင်းရွက်ဆီ တွေပါ ကောက်နုတ် ဖော်ပြချင်ပါတယ်။

အဲဒီဇယားကိုကြည့်ရင် ပြည့်ဝဆီ ပါဝင်တဲ့နှုန်း Mono မပြည့်ဝ Poly မပြည့်ဝပါဝင်တဲ့နှုန်းဆိုပြီး ခွဲခြား ဖော်ပြပါမယ်။ မည်သည့်ဆီကို သုံးသင့်သလဲဆို တာ မေးရင် ပြည့်ဝဆီပါဝင်မှု နည်းသောဆီ ကိုသာ သုံးသင့် တယ်လို့ ဆိုချင်ပါတယ်။ မပြည့်ဝဆီ ပါဝင်မှုများတဲ့ အဆီ တွေ ဟာ သွေး တွင်း မကောင်း သော ကိုလက် စထရောလ် ကို ကျစေပြီး ကောင်းသော ကိုလက် စထရောလ်ကို တက်စေ တဲ့ အ တွက် နှလုံး သွေး ကြော ကျဉ်းရောဂါ ကို ကာကွယ်ပေး ပါတယ်။ ဟင်းချက် ရာမှာ သုံးတဲ့ အဆီ တွေနဲ့ ပတ်သက်ပြီး သိထားသင့်တာ ကတော့ အခန်း အပူချိန်မှာ ကျန်းမာ ရေး အတွက် ကောင်းမယ့် မီးပူပေး လိုက်တဲ့အခါ တစ်စုံတစ်ခု သော ဒီဂရီ ထက် ကျော်သွားရင် ကျန်းမာရေး အတွက် ထိခိုက်နိုင် ပါတယ်။ ဒါကြောင့် တစ်ခါ ကြော်ပြီးသား ဆီတွေကို နောက်တစ်ခါ ထပ်ပြီး မကြော် သင့်ပါ ဘူး။ ဇယားမှာ ကြည့်ပြီး ပြည့်ဝဆီ ပါဝင်မှု နှုန်းနည်းသော ဆီများကို ရွေးချယ် သုံးစွဲမယ်ဆိုရင် အကောင်း ဆုံးပါပဲ။

မြေထဲ ပင်လယ်ဒေသမှ လူများ စားတဲ့ အစားတွေဟာ ကျန်းမာရေး နဲ့ ညီညွတ်စေတယ်လို့ နာမည်ကြီး ပါတယ်။ သူတို့ဟာ အခြားသော သူများနှင့် နှိုင်းယှဉ် လျှင် နှလုံးသွေး ကြောရော ဂါဖြစ်ပွားနှုန်းလည်း နည်းပါး ကြပါတယ်။ သူတို့ အစားအစာထဲမှာ သုံးတဲ့ ဆီကတော့ သံလွင်ဆီပဲ ဖြစ်ပါတယ်။ တကယ်တမ်းပြောရရင် သံလွင် ဆီ ဆိုတာ တောင်မှ အမျိုးအစား ခွဲခြား ထားပါသေးတယ်။ သံလွင်ဆီ ကြိတ်တဲ့အခါ အကြမ်းအတိုင်း ကြိတ်ထားသော ဆီကြမ်း (Virgin Olive Oil) က နူးညံ့နေအောင် (တစ်နည်းအားဖြင့် အရပ်ထဲမှာပြော ကြသလို ပြန်သန့်ထားတဲ့) ဆီအနုစား (Refined Olive Oil) တို့ကို နှိုင်းယှဉ် လျှင် ဆီကြမ်း ထဲမှာသာ နှလုံးရောဂါ ကို ကာကွယ်ပေးနိုင်သော အင်တီ အောက်စီးဒင့်တွေ ပါဝင်ပါတယ်။ သံလွင်ဆီ ကြမ်းထဲမှာ ဩညသ မပြည့် ဝဆီရော၊ အင်တီ အောက်စီးဒင့်တွေပါ ပါတဲ့ အတွက် နှလုံး ကျန်းမာရေး အတွက် အကျိုးပြုမှာ ဖြစ်ပါတယ်။

လေ့လာမှုများ အရလည်း သံလွင်ဆီ အကြမ်းကို တစ်နေ့လျှင် ထမင်းစား ဇွန်း တစ်ဇွန်းစားသူ၊ သံလွင်ဆီ အနုကို စားစေသူ နှင့် နှစ်မျိုး စပ်စားစေသူ များဟူ၍ အုပ်စု ၃ စုခွဲ၍ လေ့လာခဲ့ရာ သံလွင်ဆီကြမ်းကိုသာ စားတဲ့သူတွေ မှာ ကောင်းသော ကိုလက်စထ ရောလ်များလာခြင်းနှင့် အင်တီ အောက်စီးဒင့်ဖြစ်သည့် Polyphenols မြင့်မားစွာ ပါဝင်ကြောင်း တွေ့ရှိခဲ့ရပါတယ်။ ဒါ့အပြင် ဆိုးတဲ့ ကိုလက်စထရောလ်များ ဓာတ်တိုးပြီး သွေးခဲမှု မဖြစ်စေအောင်လည်း ကာ ကွယ်ပေးတဲ့ အတွက် နှလုံးတိုက်ခိုက် မှုခံရခြင်း၊ လေဖြတ် ခံရခြင်းတို့ ကိုလည်း ကာကွယ် ပေးပါတယ်။ ယနေ့ မြန်မာနိုင်ငံ ဈေးကွက် တွင် ရွေးချယ် စရာဆီ တွေ အမျိုးမျိုး ရှိလာ ပြီမို့ အကောင်း ဆုံး အသင့် တော်ဆုံးဆီ ရွေးချယ်နိုင်ရန် ဖော်ပြ လိုက်ခြင်း ဖြစ်ပါတယ်။ 

 

ဆီအမျိုးအစား ပြည့်ဝဆီ ပါဝင်နူန်း Mono မပြည့်ဝ ဆီပါဝင်နှုန်း Poly မပြည့်ဝ ဆီ ပါဝင်နှုန်း ထောပတ်  ၁။ ထောပတ်  ၆၆%  ၃၀%  ၄% စားအုံးဆီ  ၂။ စားအုံးဆီ  ၅၂%   ၃၈%  ၁၀% အုန်းဆီ  ၃။ အုန်းဆီ  ၉၂%  ၆%  ၂% မြေပဲဆီ  ၄။ မြေပဲဆီ  ၁၈%