အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : Health Digest
ဗုဒ္ဓဟူးနေ့

၁၄ နိုဝင်ဘာ ၂၀၁၂

၂၀:၃၀:၀၀
365049

ခြေထောက်ကျဉ်ခြင်း

အဗ်နာသတင်းဌာနမှတင်ပြသည်မှာ-ခြေထောက်ကျဉ်ခြင်းခြေဖဝါး၊လက်သို့မဟုတ်ခန္ဓာကိုယ်အစိတ်အပိုင်း တစ်ခုခုကိုအချိန်အကြာကြီးဖိထားတဲ့အခါထုံကျဉ်သွားခြင်းခံစား ရတတ်ပါတယ်။အများအားဖြင့်ခြေထောက်ကိုဖိထိုင်တဲ့အခါမျိုး မှာဖြစ်တတ်လို့ခြေထောက်ကျဉ်တယ်ဆိုတဲ့ အသုံးအနှုန်းကို လူသိများကြပါတယ်။ ဒါကိုတော့ Sleeping Foot လို့ခိုင်းနှိုင်းလေ့ ရှိကြပါတယ်။ အိပ်ပျော်နေတဲ့ခြေထောက်ပေါ့။ဖြစ်ရတဲ့အကြောင်းရင်း ကတော့အင်္ဂါအစိတ်အပိုင်းရှိဦးနှောက်သို့သွားသောအာရုံကြော လမ်းကြောင်းကိုအချိန်အတော်ကြာအောင်ဖိထားမိခြင်းကြောင့်ထုံကျဉ် (Numb)ဖြစ်သွားခြင်းဖြစ်ပါတယ်။ဖိအားဖြစ်စေသောအရာကို ဖယ်ရှားလိုက်တဲ့အခါအိပ်ပျော်နေတဲ့ခြေထောက်ပြန်လည်နိုးလာပြီး ဦးနှောက်ကိုစကားပြန်ပြောလာတယ်လို့ဆိုပါတယ်။ခြေထောက် ကျဉ်တဲ့အခါသက်သာစေဖို့ပြုလုပ်ရန်နည်းလမ်းကတော့ခြေဖဝါးကို စက်ဝိုင်းပုံသဏ္ဌာန်အတိုင်းလှည့်ပေးပါ။