အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : Good Health မွ
သောကြာနေ့

၂၃ နိုဝင်ဘာ ၂၀၁၂

၂၀:၃၀:၀၀
367197

လက်ဖက်ရည်က ဆီးချိုရောဂါ ဖြစ်နိုင်ခြေကို လျှော့ချနိုင်

အဟ်လေ့ဘိုက်(အ.စ)သတင်းဌာန ၊ အဗ်နာ ။ ။ လက်ဖက်ရည် (Black Tea) ကို သောက်သုံးပါက အမျိုးအစား (၂) ဆီးချိုရောဂါ ဖြစ်နိုင်ခြေ လျော့နည်းနိုင်ကြောင်း သုတေသီတွေက ဆိုပါတယ်။ နိုင်ငံပေါင်း ၅၀ ကျော်မှ အချက်အလက်တွေကို လေ့လာမှု အပြီးမှာ လက်ဖက်ရည် အများဆုံး သောက်သုံးတဲ့နိုင်ငံတွေမှာ Metabolic Syndrome ခေါ် ဇီဝရုပ်ဖြစ်ပျက်မှု ဆိုင်ရာ လက္ခဏာစုဖြစ်နှုန်း လျော့နည်းကြောင်း တွေ့ရှိခဲ့ပါတယ်။ လက်ဖက်ရည် အများဆုံး သောက်တာ ဟာလည်း အဝလွန်ဖြစ် နှုန်းနည်းတာနဲ့ ဆက်စပ်မှုရှိတယ်လို့ တွေ့ ရှိခဲ့ပါတယ်။ လက်ဖက်စိမ်းရွက် (Green Tea)မှ လက်ဖက်ရည် (Black Tea) ဖြစ် အောင်ပြုလုပ်ရာမှာ လိုအပ်တဲ့ လုပ်ငန်း စဉ်ကြောင့် ကျန်းမာရေးကောင်းစေတဲ့ ဖလေဗိုနွိုက်တွေ အများကြီးထွက်ပေါ် လာတာကြောင့်လို့ ဆိုပါတယ်။ အိုင်ယာလန်နိုင်ငံ သားတွေဟာ လက်ဖက်ရည် သောက်သုံးမှု အများဆုံး နိုင်ငံဖြစ်ပြီး ဗြိတိန်နဲ့ တူရကီက ဒုတိယ လိုက်ကာ အဲဒီနိုင်ငံသားတွေဟာ လက် ဖက်ရည်သောက်သုံးမှုနည်းတဲ့ ဘရာဇီး၊ မော်ရိုကို၊ မက္ကစီကို အပါအဝင် တခြား နိုင်ငံသားတွေထက် ဆီးချိုရောဂါဖြစ်နှုန်း နည်းကြောင်း သုတေသီတွေက ဆိုပါတယ်။