အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : Good Health
စနေနေ့

၂၄ နိုဝင်ဘာ ၂၀၁၂

၂၀:၃၀:၀၀
367427

နေ့စဉ် ကျန်းမာနေစေရန် ဆရာဝန်ကြီးများ လမ်းညွှန်လေ့ရှိသည့် အချက်လေးချက်

အဟ်လေ့ဘိုက်(အ.စ)သတင်းဌာန။ ။အဗ်နာနေ့စဉ် ကျန်းမာနေစေရန် ဆရာဝန်ကြီးများ လမ်းညွှန်လေ့ရှိသည့် အချက်လေးချက်နေ့စဉ် ကျန်းမာနေစေရန် ဆရာဝန် ကြီးများလမ်းညွှန်လေ့ ရှိသည့် အချက်လေးချက် ရှိပါသည်။ဦးနှောက်လေ့ကျင့်ခန်းပြုလုပ်ပါချီကာဂိုမှ ဦးနှောက်နဲ့ အာရုံကြော ခွဲစိတ်အထူးကူဆရာဝန်ကြီးတွေရဲ့ အကြံ ပြုချက်အရ တစ်နေ့ကို ၄၅ မိနစ်လောက် သိပြီးသားစာပဲဖြစ်နေရင်တောင် ပြန်ဖတ်ပြီး လေ့လာ တာမျိုးကြောင့် သင့်ဦးနှောက်နဲ့မှတ်ဥာဏ်စွမ်းရည်ကို တိုးတက်စေ တယ်လို့ ဆိုပါတယ်။အကြံပြုချက်ဦးနှောက်လေ့ကျင့်ခန်းတွေဖြစ်တဲ့ သင်္ချာတွက်တဲ့ကစားနည်း၊ ချက်စ်ကစား နည်း၊ တံတား တည်ဆောက်တဲ့ကစား နည်း၊ အသင်းအဖွဲ့တွေနဲ့ကစားနည်းတွေ ကို ပြုလုပ်ပေးနိုင်ပါတယ်။ ဦးနှောက် ကျန်းမာရေးကို အထောက်အကူပြုစေ မယ့် အစားအစာတွေဖြစ်တဲ့ အရောင်ရင့် ဟင်းသီးဟင်းရွက်တွေ၊ ဘယ်ရီသီးအမျိုး မျိုးနဲ့ အမဲသားတွေကို စားပါ။ မနက်မိုးလင်းတာနဲ့ ခေါင်းကိုက်နေတာမျိုးဖြစ် ရင် ဆရာဝန်နဲ့ အမြန်ဆုံး တိုင်ပင်ဆွေး နွေးပါ။ရင်သားကျန်းမာရေး စစ်ဆေးပါရင်သားကင်ဆာဌာနမှ ဆရာဝန် တွေရဲ့ အကြံပြုချက်အရ သင့်ရင်သားမှာ အဖုလေးတစ်ဖု၊အသားမာလေးတစ်ခု လောက်စမ်းမိရင်တောင် ဆရာဝန်နဲ့ချက် ချင်းဆွေးနွေးပြီးအသားစယူစစ်ဆေးမှု (biopsy) ပြုလုပ်သင့်တယ်လို့ဆိုပါ တယ်။အကြံပြုချက်အမျိုးသမီးတစ်ယောက်အနေနဲ့ ရင်သားကို တစ်လမှာ တစ်ကြိမ် ရာသီ လာပြီး သုံးလေးရက်မှာ ကိုယ်တိုင် စမ်း သပ်ပေးသင့်ပါတယ်။ အရွယ်ရောက်က တည်းက ပုံမှန် ရင်သားစစ်ဆေးပေးသူ အမျိုးသမီးတစ်ယောက်အနေနဲ့ သင့်ရင်သားရဲ့ ပြောင်းလဲမှုကို အလွယ်တကူ စစ် ဆေးသိရှိနိုင်ပါလိမ့်မယ်။ အထူးသဖြင့် မိသားစုမှာ ရင်သားကင်ဆာ မျိုးရိုးရှိသူ တွေအနေနဲ့ ပုံမှန်စစ်ဆေးမှုပြုလုပ်ပါ။အဝမလွန်အောင်ထိန်းပါ။ပုံမှန်လေ့ကျင့် ခန်းပြုလုပ်ပါ။ ကောင်းမွန်သော အာဟာရကိုစားပါ ကျွမ်းကျင်တဲ့အာဟာရဆိုင်ရာ ပညာရှင်တွေ ကတော့ သဘာဝနည်းနဲ့ စိုက်ပျိုးထားတဲ့စားသောက်ကုန်တွေနဲ့ တစ် နေ့တာလုံး မနက်၊ နေ့လယ်၊ ည အစီအစဉ်တကျ စီမံတတ်သူ အမျိုးသမီးရှိတဲ့ အိမ် ထောင်စုဟာ ပိုပြီးကျန်းမာကြတယ်လို့ ဆိုပါတယ်။အကြံပြုချက်အကယ်၍သင်က ဖော်ပြပါစား သောက်မှုပုံစံ ရှိသူမဟုတ်ဘူးဆိုရင်တော့ သင်စားတဲ့အစားအစာထဲမှာ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ထပ်ပေါင်းဖြည့်စွက်ပြီး စားပေးဖို့လိုပါတယ်။ အထူးသဖြင့် ကိုယ်ဝန်ဆောင်အမျိုးသမီးဆိုရင် ဗီ တာမင်ဒီနဲ့ကယ်လ်စီယမ်ကို ပါဝင်စေဖို့ ဂရုစိုက်ပေးရပါမယ်။ သကြားနဲ့ဆား ပါ ဝင်မှုများတဲ့ အစားအစာတွေကို လျှော့ဖို့ လိုပါတယ်။ ကလေးငယ်၊ ကိုယ်ဝန် ဆောင်သည်နဲ့သက်ကြီးရွယ်အိုတွေရှိတဲ့ အိမ်မှာ အစာစားနည်းပုံစံက အရမ်းကိုအရေးပါတာကြောင့် အဆီနည်းထုတ် ကုန်နဲ့ ပရိုတင်းကြွယ်ဝတာမျိုးကို ရွေး ချယ်တတ်ဖို့ လိုပါတယ်။အိမ်ထောင်ရေး သာယာပါစေအိမ်ထောင်ရေးမှာ သာယာမှုမရှိတဲ့ ဖြစ်စဉ်တွေကြောင့် စိတ်ကျန်းမာရေးနဲ့ လူမှုရေးတွေကို များစွာထိခိုက်မှုတွေရှိ တတ်ပါတယ်။အကြံပြုချက်အရွယ်ရောက်ပြီး အမျိုးသမီးတွေ အနေနဲ့ သားအိမ်ခေါင်းကင်ဆာကို စစ် ဆေးပါ။ ပုံမှန်လေ့ကျင့်ခန်းပြုလုပ်တာမျိုး၊ အိပ်စက်ချိန်မှန်ကန်တာမျိုး၊ သက်သောင့် သက်သာရှိတဲ့ အနားယူမှုမျိုးတွေကြောင့် အိမ်ထောင်ရေးကို သာယာစေပါတယ်။ မိန်းမကိုယ်ခြောက်သွေ့တာကြောင့် လိင် ဆက်ဆံစဉ်နာကျင်မှုဖြစ်တတ်တဲ့အတွက် လိုအပ်တဲ့ ကုသမှုရရှိစေဖို့ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။သဲသဲ