အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ရိုးရာလေး မှ
စနေနေ့

၁၅ ဒီဇင်ဘာ ၂၀၁၂

၂၀:၃၀:၀၀
372799

တရုတ် စပျစ် သီး အဝင် များ၍ အရှုံး ခံရောင်း ချနေရ

အဟ်လေ့ဘိုက် (အ.စ) သတင်းဌာန ၊ အဗ်နာ ။ ။ ရာသီပေါ်သီးနှံများအနက် တရုတ်ပြည်မှ ဝင်ရောက်လာသည့် စပျစ်သီးမှာ ဈေးကွက်အတွင်း အဝင်များသည့်အတွက် သစ်သီးဒိုင် များက အရှုံးခံရောင်း ချပေးနေရကြောင်း သီရိမင်္ဂလာဈေး အတွင်းရှိ သစ်သီးဒိုင်များမှ စုံစမ်း သိရသည်။ "ဒီရက်တွေမှာ စပျစ်သီးတွေ အဝင်များတယ်၊ တရုတ်ကဝင်တဲ့ စပျစ်က ပိုပြီးအရောင်းအဝယ် သွက်တယ်၊ ဈေးလည်းပေါတယ်၊ ဒါပေမယ့် ရောင်းတဲ့ အခါကျတော့ မကိုက်ဘူး၊ အခုလက်ရှိ ဈေးကွက်ထဲမှာ ပျားလိမ္မော်တွေက အရောင်းပိုကောင်းတယ်"ဟု ရွှေမြင့်ရိရ် သစ်သီးပွဲရုံမှ ကိုကျော်သူက ပြောသည်။ ယခုလက်ရှိတွင် ရှမ်းပြည်နယ် တရုတ်နှင့် ယိုးဒယား ဘက်မှ အဓိက ဝင်ရောက်လျက်ရှိပြီး အလုံးအကြီး အသေးကွဲပြားမှု များရှိကြောင်း၊ တစ်ခြင်း လျှင် ကျပ်၁၄၀ဝ၀ မှ ၁၇၀ဝ၀ခန့် ထိရှိ ကြောင်း လက်လီဈေးကွက်တွင် လည်း ၁ ပိဿာ လျှင် ကျပ်၃၀ဝ မှ ၅၀ဝ ခန့်အထိ ရှိကြောင်း ယခုအချိန်တွင် တရုတ်ပြည်ဘက်မှ စပျစ်များ ဝင်ရောက် မှုများပြားလာကြောင်း၊ သီရိမင်္ဂလာဈေး အတွင်းသို့ စပျစ်သီးကားများ တစ်နေ့လျှင် ၁၀စီးမှ ၁၅ စီးခန့် ဝင်ရောက်လျှက်ရှိ ကြောင်းစုံစမ်းသိရသည်။