အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : yoyalay
စနေနေ့

၂ ဖေဖော်ဝါရီ ၂၀၁၃

၂၀:၃၀:၀၀
387606

ခရမ်းချဉ်သီးအခွံကို စားခြင်းကြောင့် လေဖြတ်နိုင်ခြေလျော့ကျနိုင်

အဟ်လေ့ဘိုက်(အ.စ) သတင်းဌာန ၊ အဗ်နာ ခရမ်းချဉ်သီးအခွံမှာ တွေ့ရှိနိုင်တဲ့ လိုင်ကိုပင်းပါဝင်တဲ့ ဆေးပြားတွေ ကိုမှီဝဲရင် လေဖြတ်နိုင်ခြေ ကို လျှော့ချနိုင်ပြီး ကင်ဆာကြီးထွားမှုကို တားမြစ်နိုင်တယ် လို့ လေ့လာမှုအရ တွေ့ရှိထားပါတယ်။ Ateronon ခေါ်တဲ့ လိုင်ကိုပင်းပါဝင်တဲ့ ဆေးပြားဟာ ပိတ်ဆို့နေ တဲ့ သွေးကြောတွေကို ပွင့်စေနိုင်ပါတယ်။ ခရမ်းချဉ်သီး ပါဝင်တာက မြေထဲပင်လယ် အစားအစာရဲ့ ကျန်းမာရေးအတွက် အဓိက အကျိုးကျေးဇူးပါ။ အဲဒီဆေးပြားကို မှီဝဲတာကြောင့် သွေးကြောတွေ ပျော့ပျောင်းလာပြီး သွေး လည်ပတ်မှုတွေ ပိုကောင်းမွန်နိုင် တဲ့အတွက် နှလုံးရောဂါကြောင့် ပျက်စီးနိုင်ခြေ လျော့ နည်းသွားနိုင်တယ်လို့ သုတေသီတွေက နှလုံးတိုက်ခိုက်ခံရနိုင်ခြေကိုလည်း လျှော့ ချနိုင်ပါတယ်။ ခရမ်းချဉ်သီးကို အစိမ်း အတိုင်းစားတာထက် ချက်ပြုတ်ပြီး စားသုံးတာကြောင့် သူ့မှာ ပါဝင်တဲ့ လိုင်ကိုပင်းဟာ ခန္ဓာကိုယ်မှ အလွယ်တကူ စုပ်ယူ နိုင်ပြီး သွေးအတွင်းကို အလွယ်တကူ ရောက်ရှိစေနိုင်ပါတယ်လို့ သုတေသီတွေ က ဆိုပါတယ်။