အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : M-Media
စနေနေ့

၂၃ မတ် ၂၀၁၃

၁၉:၃၀:၀၀
402528

မိတ္ထီလာ နောက်ဆက်တွဲ အခြေအနေ (၂၁-၃-၂၀၁၃ ည ၇-နာရီ): ဗလီ အကုန်နီးပါး ဖျက်ဆီးခံရ

မိတ္ထီလာမှာ ဗလီအကုန်နီးပါး ဖျက်ဆီးခံရ ၊ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် သေဆုံးသွားသည့် အစ္စလာမ်ဘာသာဝင်များ အလောင်းပင် ပြန်မယူရဲသည်အခြေအနေရောက်နေပါသည်။

အဟ်လေ့ဘိုက် (အ.စ) သတင်းဌာန ၊ အဗ်နာ

အကြမ်းဖက် မီးရှို့ဖျက်ဆီးနေ့သည့် မြင်ကွင်း

“မိတ္ထီလာမြို့၊ ချမ်းအေးသာယာဗလီကို ညနေ ၆-နာရီက ဖျက်ဆီးလိုက်ကြပါတယ်။ နန်းတော်ကုန်းရပ်မှာရှိတဲ့ သာယာကုန်းဗလီကိုလည်း ဖျက်ဆီးလိုက်ပါတယ်။ အကျဉ်းဦးစီးတိုက်တန်းမှာ ဖွင့်ထားတဲ့ မွတ်စလင်မ်ဆိုင်တွေကိုလည်း အဖျက်ခံရပါတယ်။

မင်္ဂလာဇေယုံက ဟာဂျီဇော်လင်းမောင်၊ နောက်ပြီးတော့ ဦးကာစင်ရဲ့ အမျိုးသမီးနဲ့ကလေး၊ ကိုဟာမန်ရဲ့ အမျိုးသမီးနဲ့ ကလေးတို့လည်း သေသွားခဲ့ပါတယ်။ အလောင်းကောက်ဖို့တောင် မလုပ်ရဲကြဘူး။ စိုးတထိတ်ထိတ်ဖြစ်နေကြတယ်။ ကျွန်တော်တို့ မွတ်စလင်မ်တွေဟာ သေတဲ့အချိန်မှာတောင် ဘယ်လိုသင်္ဂြုဟ်ရလဲဆိုတာ သိရင် အခုလို ဖြစ်ကြတာ ဘယ်လောက်ထိ ခံစားနေကြရမလဲ တွေးကြည့်နိုင်ပါတယ်။

နေ့လည် ၂-နာရီလောက်ဘင်္ဂါလီဗလီကို မီးရှို့ဖျက်ဆီးကြပါတယ်။ မီးလောင်နေတဲ့အသံတွေ ကြားရပါတယ်။ မီးမလောင်ခင်မှာ လူအင်အား ၃၀-၄၀ လောက်ကို ထွေလာဂျီကားကြီးနဲ့ လာချသွားတာ ကျွန်တော်မျက်မြင်တွေ့လိုက်တယ်။ အဲလို လုပ်တာတွေဟာ မြို့ခံ လူတွေ မပါဝင်ပေမယ့်။ ဘယ်နေရာမှာ ဘာရှိတယ်၊ ဘယ်အိမ်က မွတ်စလင်မ်အိမ်ဆိုတာကို အတိအကျသိနေတာ အံ့သြတယ်။ မွတ်စလင်မ်တွေ ဒုက္ခရောက်ရတာကို မြို့ခံတချို့ကလည်း ကိုယ်ချင်းစာကြသလို တချို့လည်း ကိုယ်ချင်းစာတရားမရှိကြပါဘူး။

မိတ္ထီလာမှာ ဗလီအကုန်နီးပါး ဖျက်ဆီးခံလိုက်ရပါပြီ။ တူရကီဗလီတော့ကျန်နေပါသေးတယ်။ တူရကီဗလီက တပ်မ ၉၉ ရဲ့ ဧရိယာမှာ ရှိပါတယ်။

“ရှောင်တိမ်းမွတ်စ်လင်မ်အချို့ ခိုလှုံနေသောရွာတစ်ရွာမှ ဆရာတော်တစ်ပါးကလည်း မွတ်စလင်မ်တွေအတွက် ကာကွယ်ပေးထားတယ်။ လုံခြုံရေးအတွက် ရဲတွေချထားတာရှိတယ်။ ဘုန်းကြီးကျောင်းထဲမှာတော့ တပ်က ကား၂-စီး လုံခြုံရေးချထားတယ်။

ဒီမှာ အေးချမ်းသာယာဖို့အတွက်တော့ ကျွန်တော်တို့တွေ ဒီက ဆရာတော်တွေနဲ့ အတူ ပူးပေါင်းဆောင်ရွက်သွားမှာပါ။” လို့ မိတ္ထီလာမြို့မှ ထွက်ပြေးလွတ်မြောက်ပြီး ၄င်းရွာသို့ ရောက်နေသူတစ်ဦးမှ M-Media ကို ပြောပြလာပါတယ်။ ”