အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : By ရိုးရာလေး
သောကြာနေ့

၂၁ ဖေဖော်ဝါရီ ၂၀၁၄

၂၀:၃၀:၀၀
508181

စိတ်ချမ်းသာအောင် နေတတ်ဖို့

အဟ်လေ့ဘိုက် (အ.စ) သတင်းဌာန ၊ အဗ်နာ  

မင်္ဂလာဆောင်ပြီး ကတည်းက မတွေ့ တော့သော ညီဖြစ်သူ မင်းမင်း မမျှော်လင့်ပဲ အိမ်သို့ ရောက်လာသည်။ သူ့ ပုံစံကလည်းလူပျို တုံးကလို ဖြတ်ဖြတ် လတ်လတ် မဟုတ် သန့် သန့် ရှင်းရှင်းမဟုတ် အ၀တ်အစား က ဘိုသီဘတ်သီ ဆံပင်က ပွယောင်းယောင်း။

 

* ညီလေး မင်းမင်း ဘယ်လိုဖြစ်လာတာလဲကွာ *

 

* ကျွန်တော်အကိုနဲ့ နေမလို့  *

 

* အေးပါနေပါရပါတယ် ။ ကဲထိုင် အကျိုးအကြောင်းပြောပါဦး ။ဒါနဲ့ နွယ်နွယ်ရော *

 

** သူလည်း သူ့ အမေအိမ်ကိုဆင်းသွားပြီ **

 

** ဘာလဲ စကားများကြတာလား **

 

** ဟုတ်တယ်အကို စိတ်ချ မ်းသာမလားလို့  မိန်းမယူပါတယ် စိတ်ညစ်ရတာပဲအဖတ်တင်တယ်**

 

** ဘယ်လိုကစပြီး စကားများကြတာလဲ အကို့ ကိုပြောပါဦးကွာ **

 

** အစုံပဲအကို အကို့ ကိုပြောပြလည်း စိတ်ချမ်းသာစရာတကွက်မှမရှိဘူး မသိချင်ပါနဲ့ တော့**

 

** အဲ့လိုတော့မဟုတ်သေးဘူးလေကွာ ပြသနာရှိရင် အဖြေဆိုတာလည်းရှိပါတယ်။ အဖြေထုတ်တဲ့နည်းလမ်းမသိရင်သာ စိတ်ညစ်ရတာ ။ နည်းလမ်းသိသွားရင် စိတ်ညစ် တာတွေပျောက်သွားမှာပါ** ကဲသွားရေချိုးအ၀တ်အစားလဲလိုက် ထမင်းစားကြမယ်။ ထမင်းစားပြီးမှ မင်းကိစ္စ ဆက်ဆွေးနွေးကြမယ် ** ထမင်းစားပြီးတော့ ကျွန်တော်တို့ စကားဝိုင်းကိုပြန်စပါသည် ။

 

**ကျွန်တော်သူနဲ့ မပေါင်းတော့ဘူးအကို တော်တော်စိတ်ညစ်နေပြီ ။တွေးတိုင်းဒေါသ ထွက်တယ် ။ မတွေးပဲလည်းမနေနိုင်ဘူး **

 

** ဒါဆိုရင် လောလောဆယ်မင်းစိတ်ချမ်းသာချင်တယ်ဆိုပါတော့ **

 

** ဟုတ်တယ်အကို သူနဲ့ ကွဲသွားရင် ကျွန်တော် စိတ်ချမ်းသာလိမ့်မယ်ထင်တယ် ။ အလုပ်ကလည်းအရင်လိုအဆင်မပြေဘူး ။ သူငယ်ချင်းတွေကလည်း အိမ်ကိုမလာ ကြတော့ဘူး **

 

** အေးပါ လောလောဆယ် မင်းနွယ်နွယ့်ကို ခဏမေ့ထားလိုက် စိတ်ချမ်းသာချင်တယ် မဟုတ်လား **

 

** ဟုတ်ကဲ့အကို **

 

** ကဲ ဒါဆိုရင်အကိုပြောသလိုလုပ် **

 

**ပြောအကိုဘာလုပ်ရမလဲ စိတ်ညစ်တာတွေပျောက် သွားရင်ပြီးရော ** ဘုရားသောက်တော်ရေ ကပ်ကာ ကျွန်တော်ဘုရားရှစ်ခိုးတော့ မင်းမင်းမင်းလည်း ရှစ်ခိုးပါသည် ။ ပြီးတော့မှ ။ ** ကဲအကို့ လို တင်ပလ္လင်ခွေထိုင် လက်ဝါးလေးနှစ်ခုကို ပက်လက်လေးထပ်ပြီး လက်မထိပ်ချင်းထိထားလိုက် ။ ပြီးရင်လက်မောင်းနှစ်ဖက်ကို ပေါင်ပေါ်ဖွဖွလေး တင်ထားလိုက် ။ ပြီးတော့ မင်းရဲ့ စိတ်ကို လက်မထိပ်နေရာလေးကိုပို့ ထားလိုက်။ ကဲ ဘယ်လိုလည်းအဆင်ပြေရဲ့ လား **

 

** ဟုတ်ကဲ့ ပြေတယ်အကို **

 

** ကဲဒါဆိုရင်မင်းစိတ်ထဲက ဘာမှမတွေးပဲ အကိုပြောတာဆက်လုပ် **

 

**ခါးလေးကိုမတ်မတ်ထားပြီး လေကိုနှာခေါင်းကနေ ဖြေးဖြေးချင်း ရှုသွင်းလိုက်။ ပါးစပ်ကိုပိတ်ထားညီလေး ပြီးရင်ပါးစပ်က ဖြေးဖြေးလေးပြန်မှုတ်ထုတ်လိုက် ။ လေဆုံးသွားရင် (၁) လို့ မင်းစိတ်ထဲကမှတ်ထား ။ လုပ်လို့ ရမလား **

 

** ဟုတ်ကဲ့ရတယ်အကို **

 

** အေးရရင် ဖြေးဖြေးချင်း (၁၀) ထိရအောင်လုပ် ကွာ ။ (၁၀) ပြည့်ရင် အကို့ ကိုပြော။ မင်းမင်းလုပ်နေတာကိုကျွန်တော်ဘေးကနေကြည့်နေပါသည် ။ခဏအကြာ ။ ** ပြည့်ပြီအကို **

 

** အေးပြည့်ရင် အဲ့လို နောက်တစ်ခါထပ်လုပ်လိုက် ညီလေး ** မင်းမင်းထပ်လုပ်ပြန်ပါသည် ။

 

** ပြည့်ပြီအကို **

 

** အေး ကောင်းတယ်ဒီတစ်ခါထပ်လုပ်လိုက်ဦး ညီလေး နောက်ဆုံးအကြိမ် ** တတိယအကြိမ် မင်းမင်းလုပ်နေတာကို ကျွန်တော်ထိုင်ကြည့်နေသည်။ သူ့ မျက်နှာ ပေါ်တွင် ရောက်ကာစက ဒေါသစိတ်များပျောက်သွားသည်ကို တွေ့ နေရသည် ။ ** ပြီးပြီအကို **

 

**ဘယ်လိုလည်း မင်းစိတ်ထဲမှာဘယ်လို ခံစားနေရသလဲ **

 

** ဟုတ်ကဲ့အကို စိတ်ထဲမှာအေးသွားသလိုပဲ **

 

** အေးအခုလို စိတ်ထဲမှာ ဘာမှမတွေးပဲ စိတ်ကို အခုလိုပစ္စု ပ္ဖန်တည့်တည့်ထားးနိုင်ရင် စိတ်ချမ်းသာမဲ့လမ်းစ ကိုတွေ့ သလိုပဲကွ **

 

** ဒါဟာတရားထိုင်တာလားအကို **

 

** အေးအဲ့လိုပြောရင်တော့ရတယ် ။ ဒါပေမဲ့ အကျ င့်ရလာရင် ဘယ်လိုအနေအထားပဲနေနေ လှဲနေရင်းပဲဖြစ်ဖြစ် ကားစီးရင်းပဲဖြစ်ဖြစ် အခုလို သတိလေးနဲ့မှတ်နေဖို့ ဘဲလိုတယ် ။ အတွေးမရှိတော့ စိတ်လေးကအေးနေတယ်ဆိုပါတော့ကွာ **

 

** ဟုတ်ကဲ့အကို **

 

** မင်းစိတ်အေးချမ်းသွားတယ်မဟုတ်လား **

 

** ဟုတ်ကဲ့ **

 

** ခဏလေးတောင်ဒီလောက်အေးချမ်းရင် နေ့ စဉ်လုပ်နိုင်မယ်ဆိုရင်တော့ မင်းဘာသာ ပဲတွေးကြည့်ပေတော့ **

 

** မင်းအခုလိုစိတ်ချ မ်းသာသွားတာ အကိုလုပ်ပေးလို့ လား ။ ဒါမှမဟုတ် မင်းကိုယ်တိုင် ကိုယ်တိုင်စိတ်ချမ်းသာအောင်နေလိုက်လို့ လား **

 

** အကိုပြောသလို ကျွန်တော်လိုက်လုပ်လို့ ပါ ** ** အေးဟုတ်တယ် လူတော်တော်များများသဘောမပေါက်သေးတဲ့အချက်က အဲ့ဒါပဲ ။ ကိုယ့်စိတ်ချမ်းသာမှုကို တစ်ခြားသူက လုပ်ပေးလို့ ရတယ်လို့ ထင်နေကြတယ် ** ** ဟုတ်တယ်အကို ကျွန