အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : By ရိုးရာလေး
တနင်္ဂနွေနေ့

၂၃ မတ် ၂၀၁၄

၁၉:၃၀:၀၀
514657

သစ်ကြားသီး စားခြင်းကြောင့် ဆီချိုရောဂါကို လျော့ကျစေနိုင်

အဟ်လေ့ဘိုက် (အ.စ) သတင်းဌာန ၊ အဗ်နာ   

တစ်ပတ်မှာ နှစ်ကြိမ် သစ်ကြားသီးစား တာကြောင့် အမျိုး အစား (၂) ဆီးချို ရောဂါဖြစ်နိုင်ခြေ ၂၄ ရာခိုင်နှုန်း ကျဆင်း တယ်လို့ သုတေသန ပြုလုပ်ချက်တွေ အရ သိရပါတယ်။ သစ်ကြားသီးဟာ ရောင်ရမ်းမှုကို လျှော့ချနိုင်ပြီး ကင်ဆာ၊နှလုံး ရောဂါနဲ့ အဆစ်ရောင်ခြင်း ကိုလည်း ကာကွယ်နိုင် ပါတယ်။

 

ဗြိတိန်နိုင်ငံမှာ အမျိုးအစား (၂) ဆီးချိုရောဂါ ဖြစ်နှုန်းဟာ ယခုလက်ရှိ ၂ ဒသမ ၅ သန်းရှိရာမှ ၂ဝ၂၅ ခုနှစ်မှာ လေး သန်းနဲ့ ၂ဝ၃ဝ ခုနှစ်မှာ ငါးသန်းခန့် ရှိလာမယ်လို့ မျှော်မှန်း ထားပါတယ်။ အဲဒီရောဂါကို မကုသဘဲ ထားရင် နှလုံးတိုက် ခိုက်ခံရတာ၊ အမြင်အာရုံဆုံးရှုံး တာနဲ့ ခြေထောက်ဖြတ်ရတာလို မျိုး ဆိုးကျိုးတွေ ဖြစ်ပေါ်စေနိုင် ပါတယ်။ အဝလွန်တာ၊ ကာယ လှုပ်ရှားမှု မရှိတာနဲ့ ကျန်းမာရေးနဲ့ ညီညွတ်မှုမရှိတဲ့ အစား အစာတွေ စားသုးံ တာဟာ အမျိုး အစား (၂) ဆီး ချုေိ ရာဂါ ဖြစ် နိုင်တဲ့ အချက်အလက်တွေပါ။

 

ဟားဗတ်မှ သိပ္ပံပညာရှင်တွေက အသက် ၃၅ နှစ်မှ ၇၇ နှစ်ကြား သူနာပြု ဆရာမပေါင်း ၁၃၇၈၉၃ ယောက်ကို ၁ဝ နှစ်ကြာ လေ့လာခဲ့ပါတယ်။ ဆီးချိုရောဂါဖြစ်နိုင်ခြေဟာ လစဉ် သစ်ကြားသီး တစ်ကြိမ်မှ သုံးကြိမ်စား သူတွေမှာ ၄ ရာခိုင် နှုန်း တစ်ပတ်တစ်ကြိမ် စားသူတွေမှာ ၁၃ ရာခိုင်နှုန်းနဲ့ တစ်ပတ်ကို အနည်းဆုံး နှစ်ကြိမ်စားသူတွေမှာ ၂၄ ရာခိုင် နှုန်း လျော့ကျနိုင်တယ်လို့ တွေ့ရှိခဲ့ပါတယ်။

 

သစ်ကြားသီးမှာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီတွေ များပြား စွာပါဝင်ပြီး ခန္ဓာကိုယ်တွင်း ရောင်ရမ်းမှုကို လျော့ချနိုင်တဲ့အတွက် နှလုံးရောဂါ၊ ကင်ဆာနဲ့ အဆစ်ရောင် ရောဂါကို ကာကွယ်နိုင်တယ် လို့ ဆိုပါတယ်။ မနှစ်ကလည်း ကယ်လီဖိုးနီးယား တက္ကသိုလ်မှ လေ့လာမှု အရ သစ်ကြားသီးကို နေ့စဉ်စား သုံးတဲ့ အသက် ၂ဝ နဲ့ ၃ဝ နှစ်ကြား အမျိုးသားတွေမှာ သုက်ပိုး အရေအတွက် မြင့်တက် လာပြီး မျိုးပွားနိုင်စွမ်းမြင့်မား တယ်လို့ တွေ့ရှိထားပါတယ်။ ဒါ့အပြင် သစ်ကြားသီးလိုမျိုး အခွံမာသီးတွေ စားတာကြောင့် အဝလွန်မှု ကိုလည်း လျှော့ချနိုင်တယ်လို့ ဆိုပါတယ်။