အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : abna
သောကြာနေ့

၃ ဧပြီ ၂၀၁၅

၁၈:၅၀:၀၅
680945

ဟဇရသ် အာယာသွလ္လာဟ် မဲဟ်မူဒ်အမ်ဂျဒီ ၏ အစ္စလာမ်မီ စာရိတ္တ ဆိုင်ရာ သြဝါဒတော်များ (၁)

ဟဇရသ် အာယာသွလ္လာဟ် မဲဟ်မူဒ်အမ်ဂျဒီ ၏ အစ္စလာမ်မီ စာရိတ္တ ဆိုင်ရာ သြဝါဒတော်များ သည် အဖိုးတန်သည့် အတွက် အောက်ပါအတိုင်း ဖော်ပြလိုက်ပါတယ်။ ကျေးဇူးပြုပြီး ကိုယ်တွေ့ လက်တွေ့ကျင့် သုံးကြရန်နဲ့ သူတစ်ပါးကိုဖောက်သည်ချပေးရန် လေးစားစွာ နှိုးဆော်အပ်ပါတယ်။အဗ်နာသတင်းဌာန

 

၁။မည်သည့်အချိန်တွင်မဆိုဒုက္ခအခက်အခဲနဲ့ရင်ရင်လာရမည်ဆိုလျှင်စဂ်ျဒဟ်ပြုလုပ်ပါလေ။စဂ်ျဒဟ်ပြုရင်းစဂ်ျဒဟ်တွင်ဟဇရသ်ယူနွစ် (အ.စ) ၏ဒိုအာلاإِلهَإِلاَّأَنْتَسُبْحانَكَإِنِّيكُنْتُمِنَالظَّالِمِينَကိုဖတ်ရွတ်ပါလေ။

၂။မအ်စူမ်မီး (၁၄)ပါးသာလျှင် (အရှင်မြတ်ခွင့်ပြုထားသဖြင့်) အဖက်ဖက်မှကာကွယ်နိုင်ပါတယ်။အခြားမည်သူမစွမ်းနိုင်ပါ။ယုတ်စွအိုရ်ဖာပင်ဖြစ်နေပါစေ။

၃။မိဘနှစ်ပါး ကို စိတ်ပူအောင်လုပ်ခြင်းသည် ဂိုနာ ကိုဖြစ်စေ ပါတယ်။ယုတ်စွ ၁မိနစ်ပင် ဖြစ်ပါစေ။ အိမ်ပြန်နောက် ကျမည်ဆိုလျှင် မိဘ စိတ်မပူအောင်ကြိုပြီးဖုန်းဆက် အကြောင်းကြားထားရပါမယ်။။

၎။တန်ဖိုးနဲ့အရည်အသွေးအရည်အချင်းကိုစံမှတ်ကျောက်ထားပါ။အဖွဲ့အစည်းနဲ့အုပ်စုကိုစံမှတ်ကျောက်မထားပါနဲ့။သို့မဟုတ်ပါကဘာသာတရားမဲ့သူဖြစ်သွားပေမည်။

၅။(ကောင်းမြတ်တဲ့) အရာရာတိုင်းကိုအောင်မြင်မှုရသည့်အထိယှဉ်ပြိုင်ပါလေ။

၆။ကျမ်းတော်မြတ်ကုရ်အာန်ကိုမလွဲမသွေနားလည်သဘောပေါက်သည့်တိုင်အောင်သေလာဝသ်လုပ်ပါလေ။ကျမ်းတော်မြတ်ကုရ်အာန်ကိုနားလည်သဘောပေါက်သွားပြီးဆိုလျှင်ကျမ်းတော်မြတ်ကုရ်အာန်ကိုလက်လွတ်ခံတော့မည်မဟုတ်ချေ။

၇။နောက်လိုက်အစေအပါး၊ရာထူးထိုင်ခုံ၊စာကြည့်တိုက်ဒါတွေဟာမနုဿလူသားသေဆုံးချိန်အတူယူသွားလို့မရဘူးဆိုတာမှတ်ပါ။

၈။ဝမ်းနည်းလေစွ ! ယနေ့ကျနော်တို့ရဲ့ပတ်ဝန်းကျင်အသိုင်းအဝိုင်းမှာအသိဥာဏ်အလွန်တရာနည်းသွားပါပြီး။ဒါကြောင့်လည်းအခက်အခဲဒုက္ခများအလွန်များပြားလာတာပေါ့။

၉။ကျနော်မှားပါတယ်ဆိုတဲ့စကားလေးကဘဝကိုချိုမြစေပါတယ်။ (ဝန်ခံရန်သတ္တိရှိဖို့ကိုဆိုလိုပါသည်။)

၁၀။ကေယာမသ်နေ့ တွင် ဂျဟန္နမ်ငရဲဘုံသည်မိမိ၏ အနံ့ဆိုးနဲ့ပြည့်နေပါမယ်။ထပ်ပြီးတော့ ဂျဟန္နမ်ငရဲသား အာလင်မ် အပြောနဲ့ အဟောမညီသူ ၊ရှရီအသ်တရားတော်ကိုလက်တွေ့မကျင့်သုံးသူ  ကြောင့် အနံ့ဆိုး ၂ဆ ဖြစ်သွား ပေလိမ့်မယ်။

၁၁။ရှောင်ကြဉ်တာ နဲ့ လုပ်ဆောင်တာ အလွန်တရာ အရေးမကြီးပါဘူး၊နီယသ် သာ အလွန်တရာ  အရေးကြီး တာပါ။

၁၂။ကျနော်အတွက် အနက်တကာအနက်ရှိုင်းဆုံးစကားလုံးသည်ကား အလ္လာဟ် ဖြစ်ပါတယ်။

၁၃။အချိန်ကုန်၊အလုပ်ဖျက်ခံပြီး ဟိုသွားလိုက်ဒီသွားလိုက်လုပ်ခြင်းဖြင့် ဘာမှထူးလာမှာ မဟုတ်ပါဘူး။အလ္လာဟ် မှအပ မည်သူမျှ အလုပ်အဆင်ပြေအောင်မဖန်တီးပေးနိုင်ပါဘူး ။ (အလုပ်တော့လုပ်ပါ မျှော်လင့်ချက်အလ္လာဟ် အရှင်မြတ် အပေါ်သာလျှင် ထားဖို့ ဆိုလိုခြင်းဖြစ်ပါတယ်။)

၁၄။အလ္လာဟ်ဟိုအရှင်မြတ်သခင်သည်မိမိထံ တောင်းစားသူတောင်းခံသူကိုနှစ်သက်မြတ်နိုးတော်မူပြီး အခြားသူ တစ်ပါး ထံ တောင်းစားသူတောင်းခံသူကိုမနှစ်သက်မမြတ်နိုးတော်မူချေ။