အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္ဂနွေနေ့

၂၉ နိုဝင်ဘာ ၂၀၁၅

၀၆:၃၇:၃၂
722072

ဟဇရသ် အေမာမ် ဟိုစိန် (အ.စ) ၏ဇေယာရသ် ခြေလျင်လျှောက်ခြင်း၏ အကျိုး စဝါးဗ်

အဗ်နာ ။ ။ အေမာမ် ဂျအ်ဖရ်ဆွာဒစ် (အ.စ) အေမာမ် ဟိုစိန် (အ.စ) ၏ ဇေယာရသ် အတွက်ခြေလျင် ခရီးထွက်ခြင်းနှင့် ပတ်သက်ပြီးမိန့်တော်မူပါသည်။မိန့်တော်မူထားသည့် ဟဒီးစ်ော်မွန်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

အကြင်မည်သူ မဆို အေမာမ် ဟိုစိန် (အ.စ) ၏ ဇေယာရသ် အတွက် ခြေလျင် ခရီးထွက်မည်ဆိုလျှင် အလ္လာဟ် ဟို အရှင်မြတ် သခင်သည် ၎င်း ၏ခြေလှမ်းတိုင်းအတွက် ကောင်းမူ ကိုသိုလ် တစ်ခုကိုရေး မှတ်စေတော်မူမည် ဖြစ်ပါသည်။

 

၎င်း၏ဂိုနာတစ်ခုကို မအ်ဖ်ပြုတော်မူမည်။ ၎င်းအတွက် အဆင့် တစ်ဆင့်ကို တိုးမြှင့် ပေးတော်မူပေမည်။

 

အကြင်သူသည် ဇေယာရသ်အတွက်သွားသည့်အခါ (အလ္လာဟ် ဟိုအရှင်မြတ် သခင်သည်) ကောင်းကင် တမန် ၂ပါးကို တာဝန်ပေးတော်မူသည်။ (ကောင်းကင်တမန် ၂ဦး ) သည် ၎င်းဇေယာရသ် ပြုသူ၏ နှုတ်မှထွက်သည့် စကားကောင်း မှန်သမျှကို မှတ်တမ်းတင်ရေးမှတ်ကြပြီး ၊ ၎င်း၏ နှုတ်မှ ထွက်သည့် မကာင်းသည့် စကား ကို မှတ်တမ်းမတင်ကြပေ။

 

ဇေယာရသ်မှ ပြန်လာချိန်တွင် ၎င်းအားနှုတ်ဆက်ပြီး (အို အလ္လာဟ် အရှင်မြတ် ၏ ဝလီ ! အသင်၏ ဂိုနာ ကို (အလ္လာဟ် အရှင်မြတ် ) ခွင့်လွတ်ပလပ် ပြီး ဖြစ်ပါသည်။ အသင်သည် အလ္လာဟ် ၏ အဖွဲ့ဝင် ဖြစ်ပေသည်။ ကိုယ်တော်မြတ် ကြီး (ဆွ) ၏ အဖွဲ့ဝင် ဖြစ်ပါသည်။ အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏အဖွဲ့ဝင် ဖြစ်ပါသည်။ အလ္လာဟ် ဟို အရှင်မြတ် သခင်၏ ကစမ် ! အသင်သည် မည်သည့်အခါ မှ (ဂျဟန္နမ်) ငရဲမီးကို တွေ့ရမည် မဟုတ်ချေ။ (ဂျဟန္နမ်) ငရဲမီး သည်လည်း အသင်ကို မြင်တွေ့ရမည် မဟုတ်ချေ။ မိမိ၏ မီးစား အဖြစ် ပြုလုပ်နိုင်မည် မဟုတ်ချေ။ ) ဟုပြောဆို ကြပေမည်။

 

ကာမေလ်လွဇ်ဇေယာရာသ် ကျမ်း စာမျက်နှာ ၁၃၄

================

251 / End