အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္ဂနွေနေ့

၂၈ ဩဂုတ် ၂၀၁၆

၁၇:၂၅:၄၂
775098

ရှေ့ဆောင်အေမာမ် အလျင် ရကူအ် နှင့် စဂ်ျဒဟ်ပြု ခြင်း ကိစ္စ

မေးခွန်း ။ ။ ရှေ့ဆောင်အေမာမ် အလျင် ရကူအ် နှင့် စဂ်ျဒဟ်ပြု ခြင်း ကိစ္စနှင့်ပတ်သက်ပြီး ရှရီအီ ဥပဒေများကို သိလိုပါတယ်?

မေးခွန်း ။ ။ ရှေ့ဆောင်အေမာမ် အလျင် ရကူအ် နှင့် စဂ်ျဒဟ်ပြု ခြင်း ကိစ္စနှင့်ပတ်သက်ပြီး ရှရီအီ ဥပဒေများကို သိလိုပါတယ်?

အဖြေ ။ ။ ရှေ့ဆောင်အေမာမ် အလျင် ရကူအ် နှင့် စဂ်ျဒဟ်ပြုဆိုလျှင် ဂိုနာ ပြုလုပ်ခြင်း မည်ပါတယ်။ သို့သော် ၎င်း၏နမာဇ် မပျက်ပါ။ အကယ်၍ နမာဇ်၏ မဏ္ဏိုင် နှစ်ခု ကိုရှေ့နောက် (ရကူအ် နှင့် စဂ်ျဒဟ်) ကို အေမာမ်ထက်အလျင် (သို့) နောက်ကျ မှ ပြုမည်ဆိုလျှင် ၎င်း၏ နမာဇ်သည် ဖိုရာဒါ နမာဇ် ဖြစ်သွားပေမည်။

အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ

 

ရှေ့ဆောင်အေမာမ် အလျင် ရကူအ် နှင့် စဂ်ျဒဟ်ပြုဆိုလျှင် မလွဲမသွေ ပြန် ထဖို့(အေမာမ် အနောက်ဖြစ်အောင် လုပ်ဖို့ ) လိုပါတယ်။ မပြုခဲ့လျှင် ၎င်း၏ နမာဇ် အတွက် ပြဿနာ ရှိပါတယ်။ အကယ်၍ မေ့ပြီး ရှေ့ဆောင်အေမာမ် ထက်အလျင် ရကူအ်မှ ခေါင်းကို ထောင်မိမည်ဆိုလျှင် မလွဲမသွေ ရကူအ်သို့ ပြန်သွားရပါမည်။ ရှေ့ဆောင်အေမာမ် ခေါင်းမထောင်မခြင်းပြုရပါမယ်။ ရကူအ်အကြာကြီးပြုလို့ နမာဇ်မပျက်ပါ။ အကယ်၍ ရကူအ် သို့ ပြန်လှည့်ချိန် ရှေ့ဆောင်အေမာမ် အနေဖြင့် ၎င်း၏ ခေါင်းကို ထောင်လိုက်ပြီးဆိုလျှင် ၎င်း(နောက်မှလိုက်ဖတ်သူ) ၏နမာဇ် ပျက်သွားပါတယ်။

အာယာသွလ္လာဟ် အလ်အွဇ်မာ ရှိက်္ခ နာစေရ် မကာရေမ် ရှီရာဇီး

ကျမ်းကိုး

توضیح المسائل مراجع م  147-