အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
သောကြာနေ့

၁၈ နိုဝင်ဘာ ၂၀၁၆

၂၀:၁၇:၃၈
792784

အက်စ်မာ ဗင်သေ အိုမိုက်စ် သခင်မ နှင့် ဟဇရသ် အဗူဘကဲရ် ဆွဒီးက် ၏နေကာ ???

ရှီအာ မွတ်စ်လင်မ် များ သို့ စေပါယေဆွာဟာဗာ (စွန်နီ အစွန်းရောက် အကြမ်းဖက် ) အဖွဲ့ မှ မေးသည့် မေးခွန်း ပေါင်း ၄၄ ခု မှ အထက်ပါ ခေါင်းစဉ်သည် လည်း မေးခွန်း တစ်ခု ဖြစ်ပါ တယ်။



ပါကစ္စတန် အခြေစိုက် ရှီအာမွတ်စ်လင်မ် မုန်းတီးရေး ဝါဒီ အဖွဲ့ စေပါယေဆွာဟာဗာ (စွန်နီ အစွန်းရောက် အကြမ်းဖက်) များ မှ မိမိတို့ ထုတ်သည့် မဂ္ဂဇင်းတွင် ရှီအာ မွတ်စ်လင်မ် များ နှင့်ပတ်သက်ပြီး သံသယ ဖြစ်ဖွယ် မေးခွန်းများ ကိုမေးခဲ့ပါတယ်။ အဗ်နာ အနေဖြင့် ၎င်းတို့ မေးထားသည့် မေးခွန်း များ ကို ဖော်ပြပါမည်။မေးခွန်းများကို တင်ပြရသည့် ရည်ရွယ်ချက်မှာ မွေးရာပါ ရှီအာ ဖြစ်ခြင်းထက် အသေအချာ နားလည် ပြီးမှ ရှီအာ ဖြစ်စေရန် ၊ ပြီးနောက် ဘာသာရေး အနည်းငယ် သင်ယူပြီး ဖြေတဲ့သူနှင့် ဘာသာရေးပညာ အမှန်တကယ် သေချာတတ်ကျွမ်းသူဖြေသည့်အဖြေများ ကွာ ခြားပုံကို သိစေရန် ရည်ရွယ်ပါတယ်။ စေပါယေ ဆွာဟာဗာ တို့မေးထား မေးခွန်း ၄၄ ၏ အဖြေကိုလည်း လက်ဘနွန် အခြေစိုက်  ရှီအာ အာလင်မ် ကြီး ဟဇရသ် အာယာသွလ္လာဟ် အလီကူရာနီ အာမိုလီ မှ အဖြေပေး ထားပြီး ဖြစ်ပါတယ်။


စေပါယေဆွာဟာဗာ (စွန်နီ အစွန်းရောက်) များ မှ မေးသည့် မေးခွန်း ပေါင်း ၄၄ ခု မှ တစ်ခု မှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။
မေးခွန်း (၁) ခင်ဗျားတို့ ရှီအာများအမြင်တွင် ဟဇရသ် အဗူဘကဲရ် ဆွဒီးက် မိုနာဖေက် ၊မိုရ်သဒ် ၊ဇွာလင်မ် နှင့် ဂါဇေဗ် ဖြစ်တယ်ဆိုလျှင် ဟဇရသ် အလီ (အ.စ) အနေဖြင့် မိမိ၏ အစ်ကို ဂျအ်ဖရ် သွယာဟ် (အ.စ) ၏ ဇနီးသည် မုဆိုးမ ဖြစ်သွားသူ အက်စ်မာ ဗင်သေ အိုမိုက်စ် သခင်မ နှင့် အဘယ် ကြောင့် နေကာ ပြုပေးရပါသနည်း ?


မှတ်ချက် ။ ။ ဟဇရသ် အလီ နှင့် ဂျအ်ဖရ် သွယာဟ် နောက်တွင် (အ.စ) ကို အဗ်နာ သတင်းဌာန မှထည့်ထားခြင်းဖြစ်ပါတယ်။
မိမိတို့၏နီးစပ်ရာ ရှီအာမောင်လာနာ များ ဇာကေရဟ်များ ထံတွင် အဖြေ မေးမြန်းနိုင်ပါတယ်။ သို့မဟုတ် မကြာမီ တင်သွားမည့် ဟဇရသ် အာယာသွလ္လာဟ် အလီကူရာနီ အာမိုလီ ၏ အဖြေ ကို စောင့်မျှော် ဖတ်မှတ်စေလိုပါတယ်။
==================
251 / End