အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
စနေနေ့

၃ ဒီဇင်ဘာ ၂၀၁၆

၂၀:၂၂:၃၇
795834

၂မိနစ်တာ အဲဟ်ကာမ်

ဝါဂျစ်ဗ်အမျိုးအစားများ နှင့်ဟရာမ်အမျိုးအစားများ

ဝါဂျစ်ဗ်အမျိုးအစားများ နှင့် ဟရာမ်အမျိုးအစားများ ကိုအောက်ပါအတိုင်းလေ့လာ နိုင်ပါ တယ်။


ဝါဂျစ်ဗ်အမျိုးအစားများ


ဝါဂျစ်ဗ်များကို အချိန် နှင့်နေရာ အရ ၃ မျိုး ၃စားခွဲခြား နိုင်ပါတယ်။


ပထမ ဝါဂျစ်ဗ်မှာ ဝါဂျစ်ဗ်ဗေဇမာနီ ဖြစ်ပါတယ်။
ဝါဂျစ်ဗ်ဗေဇမာနီ ဆိုသည် မှာ ဤ ဝါဂျစ်ဗ် အား အချိန်အခါ အရ ပြုလုပ်ရခြင်း ဖြစ်ပါ တယ်။ သာဓက ။ နမာဇ် ၊ ရိုဇာဟ် ၊ ရမ်ဇန်လမြတ် နှင့် စသည်ဖြင့် ၃ မျိုး ၃စား ရှိပါတယ်။
(က) အစဉ်အမြဲ ပြုရမည့် ဝါဂျစ်ဗ်များ ဖြစ်ပါတယ်။ သာဓကအားဖြင့် နေ့စဉ်နမာဇ်များ (ဖဂျရ်နမာဇ် ၊စဟိုရ်၊အစဲရ်၊မဂ်ရေဗ်၊အေရှာ ) ဖြစ်ပါတယ်။
(ခ) အခြေအနေအရ ပြုရသည့် ဝါဂျစ်ဗ်များ ဖြစ်ပါတယ်။ သာဓက အားဖြင့် နမာဇ်စေအာယါသ် ၊ကတိ၊ သစ္စာ၊ကျိန်းဆိုမှု အရ ပြုရသည့် ကိစ္စများ (ဥပမာ ဟလာလ် အလုပ်တစ်ခု  အောင်မြင်လျှင် ရှိုကရ်နမာဇ် ၂ရကတ် ဖတ်မည်ဟု  ကတိ၊သစ္စာပြုခြင်း ) တို့ ဖြစ်ပါတယ်။
(ဂ) တစ်သက်လုံးတွင် တစ်ကြိမ်တစ်ခါသာ ပြုလုပ်ရသည့် ဝါဂျစ်ဗ်ဖြစ်ပါတယ်။  သာဓက ။ တတ်နိုင်သည့် အခြေအနေတွင် ဟဂ်ျ ပြုခြင်း ဖြစ်ပါတယ်။

ဒုတိယ  ဝါဂျစ်ဗ်မှာ ဝါဂျစ်ဗ်ဗေမကာနီ ဖြစ်ပါတယ်။
ဝါဂျစ်ဗ်ဗေမကာနီဆိုသည်မှာ နေရာ အရ ပြု ရသည့် ဝါဂျစ်ဗ် ဖြစ်ပါတယ်။ သာဓက ဟဂ်ျကို သတ်မှတ်ထားသည့်နေရာ တွင်သာပြုရန် ဖြစ်ပါတယ်။

တတိယ  ဝါဂျစ်ဗ်မှာ ဝါဂျစ်ဗ်ဗေ  ဖေအ်လီ  ဖြစ်ပါတယ်။
ဝါဂျစ်ဗ်ဗေ  ဖေအ်လီ  ဆိုသည်မှာ ၎င်းကို ဆောက်ရွက်ရန် အတွက် အချိန်သာ ပါဝင်ပြီး  နေရာမပါဝင်သည့် ဝါဂျစ
-်ဗ် မျိုး ကိုဆိုလိုပါတယ်။
သာဓက ။ ။ ကောင်းမှု ကို ညွှန်းကြားခြင်း၊ ခွမ်းစ် ထုတ်ခြင်း ၊ဇကားသ် ပေးခြင်း ၊ကဖာရဟ်  ဆောင်ခြင်းတို့ ဖြစ်ပါတယ်။


ဟရာမ်အမျိုးအစားများ


ဟရာမ် များကို အချိန် နှင့်နေရာ အရ ၃ မျိုး ၃စားခွဲခြား နိုင်ပါတယ်။


ပထမဟရာမ် မှာ ဟရာမ်မေဇမာနီ  ဖြစ်ပါတယ်။
ဟရာမ်မေဇမာနီဆိုသည်မှာ အချိန်အခါအရ ဟရာမ် ဖြစ်သည့် အရာ ကို ဆိုလိုပါသည်။ သာဓက ။ အီးဒ် ဒေဖေသရ် (ရမ်ဇန်အီးဒ် ) နှင့်ကုရ်ဘာနီ အီးဒ် အချိန်အခါတွင် ရိုဇာဟ် ထားခြင်းဖြစ်ပါတယ်။


ဒုတိယ ဟရာမ် မှာ ဟရာမ်မေမကာနီ  ဖြစ်ပါတယ်။
ဟရာမ်မေ မကာနီ  ဆိုသည်မှာ နေရာအရာ ဟရာမ် ဖြစ်သည်ကို ဆိုလိုခြင်းဖြစ်ပါ တယ်။ သာဓက ။ ။ သူတစ်ပါးပိုင်သည့်အရာကို ပိုင်ရှင်၏ ကျေနပ်မှု မရဘဲ အသုံးပြုခြင်း။ အရက်သေစာ ထိုင်ဝန်းတွင် ထိုင်ခြင်း၊ နာမဲဟ်ရန်နှင့် နှစ်ကိုယ်တည်း နေခြင်း ၊  ဂိုစ်လ်ထိုက်သူအနေဖြင့်နှင့် ဓမ္မတ ရာသီပန်းပွင့်နေသူ မစ်ဂျစ်ဒ်တော်အတွင်း ရပ်ခြင်း တို့ ဖြစ်ပါတယ်။


တတိယ ဟရာမ် မှာ ဟရာမ်မေ ဖေအ်လီ  ဖြစ်ပါတယ်။
ဟရာမ်မေ ဖေအ်လီ  ဆိုသည်မှာ သာဓက အားဖြင့် အတင်းအဖျင်းပြောခြင်း၊ မုသားဆိုခြင်း၊ အရက်သေစာ သောက်စားခြင်း စသည်ဖြင့် ဖြစ်ပါတယ်။

==========================
251 / end