အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
သောကြာနေ့

၁၆ ဇွန် ၂၀၁၇

၁၈:၃၄:၅၂
836882

မိမိဘဝကို အစ္စလာမ့် နည်းကျ တည်ဆောက်နည်း

မိုအ်မင် တစ်ယောက် အတွက် အောင်မြင်မှု နှင့် ပျှော်ရွှင်မှုကို ရစေရန် မိမိဘဝကို အစ္စလာမ့် နည်းကျ တည်ဆောက်ရန် အရေးကြီးလိုအပ်ပါတယ်။ ဤအတွက်လည်း ပါကစ္စတန် နိုင်ငံ အခြေ ဆိုက် မဒရ်စာယေ အလ်ကာအေးမ် (အ.ဂျ) မှ ((ကေရ်ဒါစာဇီ (၁) )) အမည်ဖြင့်မောင်လာနာ ဆယက်ဒ် အာဗစ်ဟိုစိန်ဇိုက်ဒီး စာအုပ်ငယ်လေး ကို ရေးသားပြုစု ထုတ်ဝေခဲ့ပါတယ်။ ဤစာအုပ်ငယ်လေးကို ကိုးကား အခြေခံပြီး အဗ်နာ ချစ်ပရိတ်သတ်ကြီးအတွက် တင်ပြလိုက်ပါ တယ်။

 


 

 

အေမာမ် အလီ (အ.စ) မိန့်ထားပါတယ်။

((အကယ်၍ ကျနော်အနေဖြင့်  ဂျန္နသ် ကိုမမျှော်လင့်မည်။ ဂျဟန္နမ်၏ မီးကိုမကြောက်မည် စဝါးဗ် နှင့်အဇါးဗ် ရှိသည်ဆိုသည့်ယုံကြည်ချက်ကိုလည်း မထားမည် လို့ ခဏဟုတ်မှန် သည် ဟုထင် မှတ်ခဲ့လျှင်လည်း ကျနော် အနေဖြင့် ကိုယ်ကျင့်စာရိတ္တကောင်း အောင်ကြိုးပမ်း အရေးကြီးပါတယ်။ အကြောင်း မှာ ကိုယ်ကျင့် စာရိတ္တကောင်း ခြင်း သာလျှင် အောင်မြင်မှု နှင့်ပျော်ရွှင်အတွက် လမ်း ဖြစ်ပါတယ်။ ))

 

ဤအတွက်ကြောင့်မိုအ်မင် တစ်ယောက် အတွက် အောင်မြင်မှု နှင့် ပျှော်ရွှင်မှုကို ရစေရန်  မိမိဘဝကို အစ္စလာမ့် နည်းကျ တည်ဆောက်ရန် အရေးကြီးလိုအပ်ပါတယ်။ ဤအတွက်လည်း ပါကစ္စတန် နိုင်ငံ အခြေ ဆိုက် မဒရ်စာယေ အလ်ကာအေးမ် (အ.ဂျ) မှ ((ကေရ်ဒါစာဇီ (၁) )) အမည်ဖြင့်မောင်လာနာ ဆယက်ဒ် အာဗစ်ဟိုစိန်ဇိုက်ဒီး စာအုပ်ငယ်လေး ကို ရေးသားပြုစု ထုတ်ဝေခဲ့ပါတယ်။ ဤစာအုပ်ငယ်လေးကို  ကိုးကား အခြေခံပြီး အဗ်နာ ချစ်ပရိတ်သတ်ကြီးအတွက် တင်ပြလိုက်ပါ တယ်။

မောင်လာနာ ဆယက်ဒ် အာဗစ်ဟိုစိန်ဇိုက်ဒီး အနေဖြင့်  မိမိဘဝကို အစ္စလာမ့် နည်းကျ တည်ဆောင် ရန် အရေးကြီးသည့် ကျင့်နည်း ၂၀ ကို အောက်ပါအတိုင်း ဖော်ပြထားပါတယ်။

 

၁။ နမာဇ် များ ကို သူအချိန် မတိုင်မီ အလျှင် ဝဇူပြု၍ အသင့် စောင့်နေခြင်း

၂။ ဖဂျရ်နမာဇ်အပြီး စူရာဟ် သောင်ဟီးဒ် နှင့် စူရာဟ်ကဲဒ်ရ် ၏ သေလာဝသ် ပြုခြင်း

၃။ အစဲရ်နမာဇ် အပြီး အေစ်သေဂ်ဖွာ ဖတ်ခြင်း

၎။မအိပ်မည် အါမါလ် ၄ ခု ကို ပြုလုပ်ခြင်း

၅။ နမာဇ်တိုင်းအပြီး အယာသွလ်ကုရ်စီ သေလာဝသ် ပြုခြင်း

၆။  အတတ်နိုင်ဆုံး မိမိနားနှစ်ဖက် ကို တေးဂီတ နှင့်တေးသီချင်း အသံများ  မှ ထိန်းသိမ်းပေးခြင်း (နားမထောင်ခြင်း )

၇။နေတက်ချိန် နှင့် မအိပ်ဆက်မီ အရင် ဆဒ်ကာ ပေး ခြင်း

၈။ အနည်းဆုံး မိနစ် ၃၀ မှ ၁နာရီ အထိ သာသနာ့ ပညာ ဆည်းပူးရန် အချိန် ပေးခြင်း

၉။ နမာဇ် တိုင်း အပြီး သက်္စပီးဟ်ဟေ ဟဇရသ် ဖွာတွေမာ ဇဲဟ်ရာဟ် (စ.အ) ဖတ်ရွတ်ခြင်း

၁၀ ။ တစ်နေ့တာ၏ အချိန် အများစု ကို ဝဇူ ဖြင့်နေခြင်း

၁၁။ နမာဇ်များ ၏ ကူနူးဒ်များ တွင် အေမာမ်ဇမာန်း (အ.ဂျ) အတွက် ဒိုအာ တောင်းပေးခြင်း သို့မဟုတ် သာမန်အချိန် များတွင်လည်း တောင်းပေးခြင်း

၁၂။ အနည်းဆုံး မအ်စူမီးမ် (အ.စ) ၏ ဟဒီးစ်တော် ၂ပါး ၊ ဖေက်ဆိုင်ရာ ရှရီအီ ဥပဒေ ၂ ခုကို နေ့စဉ်နေ့ တိုင်း မိမိ၏မိသားစု ဝင်များ ၊ဆွေမျိုးများ ၊ ကလေးများ သို့မဟုတ် မိတ်ဆွေ အပေါင်း အသင်းများ ကို ပြောပြခြင်း

၁၃။ ဒိုအာယေ အာဖီးယသ် ဖတ်ရွတ်ခြင်း

၁၄။ တစ်နေ့ကို  စလ်ဝသ် အကြိမ် ၁၀၀ ဖတ်ရွတ်ခြင်း

၁၅။ မိုအ်မင်များ အားလုံး အတွက် နမာဇ်များ ဖတ်ပြီးတိုင်း အထူးသီးသန့် ဒိုအာပြုပေးခြင်း

၁၆။ အတတ်နိုင်ဆုံး ရှရီအသ်မှ အခက်အခဲကြောင့် ခွင့်လွှတ် ပေးထားသည့် အချက်များမှအပ နမာဇ်ကို အချိန်ဆွဲ၍ မဖတ်ခြင်း ၊ နမာဇ် ကိုပထမဆုံးအချိန်တွင် ဖတ်ခြင်း

၁၇။ နမာဇ်စေ ရှက်ဗ် ကို ၁၁ ရကတ် မဖတ်နိုင်လျှင်လည်း ၃ ရကတ် ၊၃ရကတ်မရလျှင်လည်း ၁ရကတ် နမာဇ်စေ ဝေသေရ် ကိုဆက်ဆက် ဖတ်ခြင်း

၁၈။တစ်နေ့တာ အတွင်း ၂ကြိမ် သို့မဟုတ် ၃ကြိမ် မိမိ အနေဖြင့် ဂိုနာ တစ်ခုခု ကျူးလွန်မိ ၊မမိ ကို စိစစ်ခြင်း

၁၉။ နှုတ်ကို အတတ်နိုင်ဆုံး ထိန်းသိမ်းခြင်း

၂၀ ။နမာဇ်စေ အေရှာ အပြီး မည်သည့်အချိန်မဆို စူရာဟ်ဝါကေအအ် သေလာဝသ်ပြုခြင်း

တို့ဖြစ်ပါတယ်။

 =================

251 / End