အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
စနေနေ့

၁၇ ဇွန် ၂၀၁၇

၁၂:၅၀:၅၂
837032

နမာဇ် များ ကို သူအချိန် မတိုင်မီ အလျှင် ဝဇူပြု၍ အသင့် စောင့်နေခြင်း

မိုအ်မင် တစ်ယောက် အတွက် အောင်မြင်မှု နှင့် ပျှော်ရွှင်မှုကို ရစေရန် မိမိဘဝကို အစ္စလာမ့် နည်းကျ တည်ဆောင်ရန် အရေးကြီးလိုအပ်ပါတယ်။ ဤအတွက်လည်း ပါကစ္စတန် နိုင်ငံ အခြေ ဆိုက် မဒရ်စာယေ အလ်ကာအေးမ် (အ.ဂျ) မှ ((ကေရ်ဒါစာဇီ (၁) )) အမည်ဖြင့်မောင်လာနာ ဆယက်ဒ် အာဗစ်ဟိုစိန်ဇိုက်ဒီး ရေးသားထားသည့် စာအုပ်ငယ်လေး မှ ((နမာဇ် များ ကို သူအချိန် မတိုင်မီ အလျှင် ဝဇူပြု၍ အသင့် စောင့်နေခြင်း )) ကို တင်ပြ အပ်ပါတယ်။


 

၁။ နမာဇ် များ ကို သူအချိန် မတိုင်မီ အလျှင် ဝဇူပြု၍ အသင့် စောင့်နေခြင်း

 

 

နမာဇ် များ ကို  ရှရီအသ် မှ သတ်မှတ်ထားသည့် သူအချိန် မတိုင်မီ အလျှင် ဝဇူပြု၍ အသင့် စောင့်နေခြင်း အောက်ဖော်ပြပါ အကျိုး ကျေးဇူးများ ကို လူကြီးမင်း ရရှိမှာ ဖြစ်ပါတယ်။

 

  • နမာဇ်ကို မရိုမသေ ပြုခြင်းမှ ထန်းသိမ်းရာ ရောက်ပေမည်။ မဟာတမန်တော်မြတ် ကြီး မိုဟမ္မဒ် (ဆွ) မိန့်ကြားတော်မူသည်။ (( အကြင်မည်သူမဆို နမာဇ် အချိန်ရောက်လာပြီးမှ ဝဇူပြုမည်ဆိုလျှင် ၎င်းအနေဖြင့် နမာဇ် ကို မရို မသေ ပြုခြင်း ဖြစ်လေ၏။ ))
  • အောင်ဝဲလ်လေဝက်သ် (နမာဇ်ဖတ်ရန် အချိန်ကျပြီးပထမဆုံးအချိန်) တွင် ရရှိမည့် အကျိုး အမြတ်အားလုံးကို ရရှိပေမည်။
  • သေဆုံးချိန်တွင် သေမင်းတမန် အနေဖြင့် ကြင်နာ စွာ ဆက်ဆံမည်။
  • လောကကြီမှ ဗိုက်ပြည့်၍ (ဆာလောင်မှု မရှိဘဲ ) သွားရမည်။
  • သေဆုံးချိန်တွင် ရူဟ် အား ညင်သာစွာ နုတ်ခြင်းခံရပေမည်။
  • ဒိုအာများကို အလ္လာဟ် ဟိုအရှင်မြတ် လက်ခံတော်မူမည်။
  • မျက်နှာတော် နူးရ်ကျက်သရေမင်္ဂလာ ဖြင့် ရှိမည်။
  • အသက်ရှည်မှု ကို ဖြစ်စေမည်။
  • မွန်ကေရ် နှင့် နကေရ် ၏ အမေးများကို အလွန်တရာ လွယ်ကူစွာ ဖြင့် ဖြေဆို နိုင်မည်။
  • မိုဟမ္မဒ် (ဆွ) နှင့် အာလေ့ မိုဟမ္မဒ် (အ.စ) ၏ အသနားခံပေးမှု ကို ရရှိမည်။
  • စေရသ် တံတား မှ အလွန်လျင်မြန်စွာ ဖြတ်ကျော် သွားနိုင်မည်။
  • ကဗဲရ်အတွက် နူးရာနီယသ် (လင်းဝင်းတောက်ပမှု ) ကိုဖြစ်စေမည်။
  • ကေယာမသ်နေ့ (ကမ္ဘာ့ တရားစီရင်မည့်နေ့ ) တွင် ပျှော်ရွှင်မှု ကို ရရှိပေမည်။
  • ကေယာမသ်နေ့ (ကမ္ဘာ့ တရားစီရင်မည့်နေ့ ) တွင် နာမေအေအါမါလ် အား ညာဖက်သို့ ပေးအပ်ပြီး ဂျန္နသ် သုခဘုံသို့ ဝင်ရောက် စေခြင်းခံရပေမည်။

 ====================

251 / End