အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္လာနေ့

၉ အောက်တိုဘာ ၂၀၁၇

၁၄:၂၈:၄၂
859280

လူငယ်လူရွယ်တို့၏ လက်နှင့်ခြေများကို တုတ်နှောင်ထားသည့် သံကြိုးများ

လူငယ်လူရွယ်တို့၏ လက်နှင့်ခြေများကို တုတ်နှောင်ထားသည့် သံကြိုးများ ဆို သည့် ကိစ္စရပ်ကို ဟဇရတ် အာယာ သွလ္လာဟ် အလ်အွဇ်မာ မကာရေမ်မိုရှိရာဇီး ရေးသား သီးကုံး ထား သည့် ( မွရှ်ကေလာသ်သေ ဂျင်စီ ဝါ ဂျဝါနန် )) စာအုပ်မှ အဗ်နာ ချစ်ပရိတ်သတ် များ အတွက် ကောက်နုတ် တင်ပြအပ်ပါတယ်။

လူငယ်လူရွယ်တို့၏ လက်နှင့်ခြေများကို တုတ်နှောင်ထားသည့် သံကြိုးများ

ကျွန်ုပ်တို့ အိမ်ထောင်ပြုရမည့်သဘာဝအချိန်၊ သင့်လျော် သည့် အချိန် ကုန်ဆုံးသွားသည်မှာ အမှန်ပင်တည်း … သို့သော်လည်း ကျွန်ုပ်တို့ သည် မည်ကဲ့သို့ အိမ်ထောင်ပြုကြမည်နည်း…..

အမှန်တကယ် ယခု လက်ရှိ အခြေအနေအရ

- ယခုအချိန်အထိ ကျွန်ုပ် တို့ ကိုယ်ပိုင် အိမ် မရှိသေးချေ …..

- ယခုအချိန်အထိ စီးစရာ ကိုယ်ပိုင်ယာဉ် မရှိသေးပေ …..

- ယခုအချိန်အထိ ၀င်ငွေကောင်းသည့် အလုပ်အကိုင် မရှိသေးချေ …..

- ယခုအချိန်အထိ အိမ်ထောင်ပြု၍ မင်္ဂလာ ဧည့်ခံပွဲအတွက် ကုန်ကျမည့် ကြီးမားသည့် ကုန်ကျစရိတ်လည်း မစုဆောင်းနိုင်သေးချေ…..

- ယခုအချိန်အထိ ကြီးကျယ်ခမ်းနားထည်ဝါပြီး ကျက်သရေမင်္ဂလာ ရှိသည့် သင့်လျော်သည့် မင်္ဂလာခန်းမနေရာလည်း မရွေးရသေး …..

- ယခုအချိန်အထိ ……………………. ယခုအချိန်အထိ ………………………

ကျွန်ုပ်တို့ အနေဖြင့် မိမိတို့၏ သမီးများကို မည်ကဲ့သို့ အောင်မြင် အောင် စီစဉ်ကြမည်နည်း? အမှန်တကယ် အခြေအနေအရ ……

လက်ရှိအချိန်အထိ အတတ်ပညာ ကျွမ်းကျင်သည့် ယောက်ကျား (ခင်ပွန်း) ကောင်း တစ်ယောက် ၊ ၀င်ငွေကောင်းပြီး ၊ သိက္ခာဂုဏ်ရှိသည့် အလုပ်ရှိသူ၊ ကောင်းသည့် ရာထူးပိုင်ရှင်၊ မျိုးကောင်းမျိုးသန့် ကောင်လေး၊ ကောင်းသည့် ကိုယ်ခန္ဓာ အချိုးအစား ရှိသူ၊ ကောင်းသည့် အိမ်ထောင်စုဝင်ရှိသူ၊ …… စသည်ဖြင့် ပိုင်ရှင် သည် သမီးကို လာမတောင်း သေးချေ။ လာတောင်းသည့် လူငယ်တိုင်းလည်း ယေဘုယျအားဖြင့် အထက် ဖော်ပြပါ စည်းမျဉ်း စည်းကမ်းများမှ တစ်ခု ၊ နှစ်ခု သာ ပိုင်ဆိုင်သူများ ဖြစ်လေသည်။

ထို့အပြင် လက်ရှိအချိန်အထိ အရေးကြီး မင်္ဂလာခန်းဝင်ပစ္စည်းများ မစီစဉ် နိုင်သေးပေ။ ပြီးနောက် အိမ်တွင်း ပစ္စည်းများ၊ ကော်ဇောအခင်း၊ ဆိုဖာထိုင်ခုံ၊ ရေခဲသေတ္တာ၊ အ၀တ်လျှော်စက်၊ စားသောက်စရာများအတွက် ဆိုက်စုံခွက်များ၊ ပန်းကန်များ၊ လျှပ်စစ်မီးပူ၊ လျှပ်စစ်တံမြက်စီး၊ အ၀တ်ချုပ်စက် စသည်ဖြင့် မရှိသေးပေ။ နှစ်မျိုးလုံးသာရှိလေသည်။

အကယ်၍ ကျွန်ုပ်တို့ အနေဖြင့် မိမိတို့၏ ဤအခြေအနေပင် သမီး များ ကို အိမ်ထောင်ချပေးမည်ဆိုလျှင် သိက္ခာချ အရှက်ကွဲယုံသာ အဖတ်တင် ပေမည်။

အိုမြတ်အလ္လာဟ် ….. နောက်ဆုံးရလာဒ် အဖြေက …..

လက်ရှိ ပတ်ဝန်းကျင်အခြေအနေ အသိုင်းအ၀ိုင်းက ဤအရာများ ရှိဖို့(အရေးကြီးလိုအပ်ကြောင်း) ကျွန်ုပ်တို့ကို ချုပ်နှောင်လိုက်ချေပြီ။ …..

ဤကဲ့သို့ ကြီးမားလေးလံသည့် (လူလုပ်) စည်းမျဉ်း စည်းကမ်းများ ဒုက္ခ သောက ကြပ်တည်းမှုကိုဖြစ်စေသည့် စည်းမျဉ်းများက ကျွန်ုပ်တို့ကို အလွတ်မပေးချေ။ ကျွန်ုပ်တို့ ဘာလုပ်ကြရမည်နည်း ……….?

ဤကဲ့သို့သော် နှလုံးသားကိုထိခိုက်မှု၊ (သို့မဟုတ်) မှန်ကန် သည်ထက် မှန်ကန်သော အကြောင်းပြချက်များနှင့် ဘနီအစ္စရာအီတို့၏ အကြောင်းပြမှုများ သည် မြောက်များစွာသောလူငယ်လူရွယ်များ ၊ ကောင်လေး များ၊ ကောင်မလေးများ၊ အဖေများ နှင့် အမေများကို အိမ်ထောင် ပြုဖို့ လှမ်းမည့် ခြေလှမ်းများ တားမြစ်ပိတ်ပင် သလို ဖြစ်နေလေ၏။

အသိပညာဥာဏ်များက ဆိုကြလေသည် …………

“ ဘ၀ဟာ အစိတ်အပိုင်း နှစ်ခုဖြစ် တည်ဆောက်ထားမှုမှအပ မရှိချေ။ ပထမအစိတ်အပိုင်းသည် ဒုတိယအစိတ်အပိုင်းအတွက် မျှော်လင့် ချက်ထား ရသည့် ဘ၀ဖြစ်ပြီး၊ ဒုတိယ အစိတ်အပိုင်းသည် ပထမ အစိတ်အပိုင်း အတွက် နောင်တရ၊ ယူကျုံး မရ ခံစားရသည့် ဘ၀ပင် ဖြစ်ပေသည်။ ”

အကယ်၍ (မျှော်လင့်ချက်) ဆိုသည့် စကား၏နေရာ၌ (အိမ်မက်စိတ်ကူး) ဟုအစားထိုးသုံးလျှင် ပို၍တောင် အဓိပ္ပာယ်ဆောင်ပြီးသား ဖြစ်သွားနိုင်ချေသည်။ ပြောရမည်ဆိုလျှင် …..

“ ဘ၀၏ ပထမတစ်ဝက် သည် ဒုတိယတစ်ဝက် အတွက် စိတ်ကူးယဉ် အိမ်မက်များဖြစ်ပြီး ဘ၀၏ ဒုတိယတစ်ဝက်သည် ပထမဘ၀ တစ်ဝက် ဖြုန်းတီး လိုက်မှု အတွက် နောင်တ၊ ယူကျိုး မရ ဖြစ်ရ သည့် ဘ၀ ဖြစ် ပေသည်။ ”

ဤခေါင်းစဉ် အကြောင်းအရာအတွက် ထင်ရှားပြတ်သားသည့် နမူနာမှာ ဤ ကျွန်ုပ်တို့၏ လူငယ်လူရွယ် အမြောက်အများ၏ အိမ်ထောင် ပြုခြင်း ကိစ္စပင်တည်း ……….

၎င်းလူငယ် လူရွယ်များ၏ အသက်တစ်ဝက်သည် အိမ်ထောင်ဖက် ကောင်းရဖို့ ကြိုးပမ်းရမှု အတွက် အချိန်ဖြုန်းလိုက်ရပြီး၊ ကျန်တစ်ဝက်မှာ ပထမ အသက်တစ်ဝက်၏ လုပ်ရပ်များအပေါ် နောင်တရခြင်းဖြင့် ကုန်ဆုံးစေရခြင်း ဖြစ်ပေသည်။

မည်သို့ဆိုစေ ……… ဤ ကဲ့သို့သော လူငယ် လူရွယ်များနှင့် ၄င်းတို့၏ မိဘနှစ်ပါးတို့အား မလွဲမသွေ၊ မပြောမဖြစ် စကား တစ်ခု ပြောပါစေ….

ဤကဲ့သို့သော လွဲမှား၊ မှားယွင်းသည့် စည်းမျဉ်း စည်းကမ်းများ၊ သတ်မှတ်ချက်များ၊ သောက၊ ဒုက္ခရောက် စရာများကို ခင်ဗျားတို့ ကိုယ်တိုင်မှ အပ မည်သူမျှ လုပ်ထား၊ ဖန်တီးထားခြင်းမဟုတ်ချေ။ …………..

အသင်တို့ကိုယ်တိုင်အနေဖြင့် အိမ်ထောင်ပြုခြင်းကို အခေါင်းပေါက် တစ်ခုဆောင်သည့် ဆိုလိုချက်၊ ၁၀၀ ရာခိုင်နှုန်း အိမ်မက်အတွေးအဖြစ် အဓိပ္ပာယ်ဖော်ခဲ့ကြလေသည်။

စိတ်ကူးယဉ် အိမ်မက်၊ အတု အယောင် ပျော်ရွှင် ကြည်နူးမှု အောင်မြင်မှု ဘ၀အတွက် စစ်မှန်သည့် အောင်မြင်မှုဘ၀၊ ပျော်ရွှင်ကြည်နူးမှု ဘ၀ အစစ်အမှန်ကို လဲလိုက်ကြပေသည်။
စိတ်ချ၊ ယုံကြည် လိုက်ပါလေ ……….

ဤမိမိဘ၀အောင်မြင်ဖို့အတွက် (စိတ်ကူးစိတ်သန်း) ဖြင့်ကိုယ်တိုင် ရေးဆွဲထားမှုများ အစီအစဉ်များသည် အသင်တို့အား လုံးဝဥဿုန် အောင်မြင် မှုဘ၀သို့ ပို့ပေးနိုင်လိမ့်မည် မဟုတ်ချေ။

စမ်းသပ်မှု အားလုံးနှင့် အတွေ့ အကြုံ များအားလုံးသည်လည်း ဤအမှန်တရားကို ထောက်ခံသက်သေ ထွက်ဆိုထားပြီး ဖြစ်လေသည်။

ဤကဲ့သို့သော မျက်လုံးများ၏ မကောင်းမြင်မှု၊ တစ်ဦးဦး၏ မျက်ကန်း သက္က်လီး၌၊ အရေးမကြီးသည်ကို အရေးကြီးသည်ဟု ပြုလုပ်(ပြောဆို)မှု၊ဤသို့သောစစ်မှန်သည့်ဘ၀တွင်လမ်းလွဲလမ်းမှားအမြင်များနှင့် ဤကဲ့သို့သော မပြည့်နိုင်၊ မတင်းတိမ်နိုင်သည့် လိုအင်ဆန္ဒများ၊ အိမ်မက်တု၊ စိတ်ကူးယဉ်တုများ၊ ဤနေရာများအားလုံးသည် အသင်တို့၏ ခြေနှင့်လက်တို့ကိုတုတ်နှောင်ထားသည့်လေးလံသောသံကြိုးများပင်ဖြစ်ပေသည်။

ဤ နေရာများသည် အသင်တို့အား လူငယ် လူရွယ် တစ်ဦးအတွက် အရေးအကြီးတကာ့ အရေးအကြီးဆုံး အလုပ်အား မလုပ်နိုင်ရန် ဟန့်တား သည့် အရာများပင်တည်း။ …………..

ချစ်ခင်လေးစားရပါသော လူငယ် လူရွယ်များနှင့် မိဘများခင်ဗျား …..

အကယ်၍ အသင်တို့အနေဖြင့် အစီအစဉ် အနည်းငယ်လေး ၊ သတ္တိ (ဇွဲ၊ လုံ့လ) ကို အသုံးပြုပြီး၍ သံကြိုးများဖြစ်သည့် လမ်းလွဲ လမ်းမှားမှုများ အထင်အမြင် နှင့် စိတ်ကူးယဉ် အိမ်မက်များကို ဖျက်ပါ။ ဤ မဟုတ်မမှန် သည့် ဓလေ့ဆိုးဆိုသည့် ရုပ်တုများကို ဖြိုပါ။

(ဤကဲ့သို့ပြုခဲ့မည်ဆိုလျှင်) အသင်တို့အနေဖြင့် အတိုင်းမသိသည့် နာမ်ပိုင်းဆိုင်ရာလွတ်မြောက်မှု၊ လွတ်လပ်မှုနှင့် ချမ်းမြေ့မှုကို ခံစားရပေလိမ့် မည်။ အောင်မြင်သည့် ဘ၀ပိုင်ရှင်များနှင့် ကံကောင်း၊ ကံထူးသူများ ဖြစ်သွား ကြပေလိမ့်မည်။

အမှန်ဆိုလျှင် ….. အသင်တို့ အနေဖြင့် လူငယ် လူရွယ် စဖြစ်သည့် အရွယ်မှစပြီး အိမ်နှင့်ဘ၀အတွက် လိုအပ်သည့် အရာမှန်သမျှကို အဆင်သင့် ရှိနေသည့်သူကို တွေ့ဖူးပါသလော? အသင်တို့ ကိုယ်တိုင်နှင့် ဇနီးများကိုကော ဤကဲ့သို့ အဖြစ်နှင့် တွေ့ခဲ့ဖူးပါသလော?

တွေ့ဖူးသူတိုင်း ယေဘုယျအားဖြင့် “ သုည ” ကနေစခဲ့ရသူများပင် ဖြစ်ပေသည်။ ဆွေစဉ် မျိုးဆက် ချမ်းသာကြွယ်ဝသူများ၊ သူဌေးအမျိုးအနွယ် များ၊ ငွေများကို အလကား စစ်ပွဲများမှ ရလာသူများကိုသာလျှင် တစ်ခါ တစ်လေ “ သုည ” ကနေ မစရကြောင်း တွေ့နိုင်ပေသည်။

သို့သော် ဤ ကဲ့သို့သောပုဂ္ဂိုလ်များ ကိုယ်တိုင် ယေဘုယျအားဖြင့် ကိုယ်တိုင် ကြိုးပမ်းမှုဖြင့် ငွေကြေး၊ ချမ်းသာ ကြွယ်ဝသူများ၊ မဟုတ်ကြသဖြင့် ကံကောင်း သည်ဖြစ်စေ၊ ကံဆိုး သည်ဖြစ်စေ ဤ စွမ်းအား၊ စည်းစိမ်များကို ထိန်းသိမ်း စောင့်ရှောက် နိုင်ကြ လိမ့်မည် မဟုတ်ချေ။

အလုပ်များကို လွယ်လွယ်ကူကူလုပ်ပါ။ ထိုနည်းတူစွာ မင်္ဂလာ ဆောင်ရန်၊ အိမ်ထောင်ပြုရန် အတွက် အသိဥာဏ်၊ ဦးနှောက်ရှိရှိ ရိုးရိုး စည်းမျဉ်း စည်းကမ်းများသာ ထားရှိဖန်တီးကြပြီး၊ ဖြစ်မြောက်လာရန် ကြိုးပမ်း အားထုတ် ကြပါလေ။

ကျွန်ုပ်၏ ယုံကြည်ချက်အရဆိုလျှင် အိမ်ထောင်ပြုခြင်း၊ လက်ထပ် ထိမ်းမြားခြင်းသည် ရိုးရိုးအေးအေးနှင့် အစီအစဉ်အများ အပြား ဆွဲရန်မလိုဘဲ ဖြစ်နိုင်ပါသည်။ အကယ်၍ မအံ့သြဘူးဆိုလျှင်ပင် ….. ယုတ်စွအဆုံး ပညာသင် ဘ၀၌ ပင်အိမ်ထောင်သည် ဘ၀ဖြင့်လုံးဝဘ၀ တည်ဆောက် နိုင်ပေ သည်။ တခုခုတော့ရှိပေသည်။ သတို့သားဖက် သတို့သမီးဖက် နှစ်ဦးနှစ်ဖက်မှ အိမ်ထောင်ပြုခြင်း၏ ဆိုလိုချက် အဓိပ္ပာယ်ကို မှန်မှန်ကန်ကန်သိဖို့ရန် လိုအပ် ပေသည်။ ထိုနည်းတူစွာ ကမ္ဘာ့အဖန်ဆင်းခံ အရာများသည်လည်း တဆင့်ပြီး တဆင့်တက်လာသည်ဖြစ်ရာ ကောင်းမြတ် သည့်ဘ၀အတွက် လိုအပ်သည့် စည်းမျဉ်းစည်းကမ်းများ သည် လည်း တဖြည်းဖြည်းချင်း ဖြစ်လာမည်ဟု နှလုံး သွင်းထားဖို့လိုပေသည်။ ပြီးနောက် လိုအင်ဆန္ဒများသည်လည်း အမြဲတစေ (မိမိတို့၏) အင်အားနှင့် အညီအမျှ ဖြစ်ဖို့ မလွဲမသွေ လိုအပ်ပေသည်။

အယောင်အဆောင်များ၊ စိတ်ကူးယဉ်အိမ်မက်များ၊ မလိုအပ်သည့် အစီအစဉ်များကို အကောင်အထည်ဖော်ရန် ကြိုးပမ်းနေကြသည့် လူငယ် လူရွယ်များသည် တစ်နည်းအားဖြင့် အိမ်ထောင်ပြုခြင်း၏ အရေးကြီးမှု၊ အရေးပါမှုနှင့် ပင်မအရင်းအမြစ် ရည်ရွယ်ချက်ကို မေ့လျော့ သွားကြ လေ သည်။

(အိမ်ထောင်ပြုခြင်း၏ရည်ရွယ်ချက်မှန်မှာ) “မနုဿ ပုထုဇဉ် လူသား နှစ်ဦး” အနေဖြင့် တစ်ဦးနှင့်တစ်ဦးကို နားလည်သဘောပေါက်ပေးနိုင်ကြပြီး၊ ဘ၀၏စစ်မှန်သည့် အဓိပ္ပာယ်ဖွင့်ဆိုချက်ကို နားလည်သဘောပေါက်၍ ဤ အပေါ် အခြေခံပြီး အချစ်မေတ္တာကြိုးကို ချည်နှောင်ကြခြင်းဖြစ်ပေသည်။

အကယ်၍ဤအဓိက၊ပင်မအရင်းအမြစ်ဖြစ်သည့် အစိတ်အပိုင်းနှစ်ခု၊ တစ်နည်းအားဖြင့် မနုဿ ပုထုဇဉ် လူသားနှစ်ဦး (သတို့သားနှင့် သတို့သမီး (သို့) ခင်ပွန်းနှင့် ဇနီး) အနေဖြင့် မှန်မှန်ကန်ကန် နည်းဖြင့် တစ်ဦးကို တစ်ဦး၊ တစ်ယောက်ကိုတစ်ယောက် သိရှိ နားလည်ကြလျှင် ကျန်အရာများ အားလုံး သည် (ဘာမှ) မဟုတ်တော့ချေ။ အကယ်၍ တစ်ဦးနှင့် တစ်ဦး နည်းလည် သဘောပေါက် ပေးရမည် မဟုတ်လျှင် ကျန်ကိစ္စများတွင်လည်း လုံးဝ အဆင်ပြေ ချောမော၊ သာယာမည် မဟုတ်သည်မှာ ဧကန်မလွဲပင် ဖြစ်ပါသည်။

ဤ အထောက်အထားကို အခြေပြုပြီး ကျွန်ုပ်တို့၏ ကြီးကျယ် မြင့်မြတ် သည့် ဖေရ်ကာ(မဇ်ဟဗ်) (ရှီအာ အေမမ်မီယာ) ၏ ဥပဒေများအရ စစ်မှန် သော လက်ထပ်မှု၊ ထိမ်းမြာ်းမှု အတွက် အသိဥာဏ်ရှိပြီး အရွယ်ရောက်ပြီး သည့် လူသားနှစ်ဦး (ယောင်္ကျားနှင့် မိန်းမ) ၏ အပြန်အလှန်နားလည် သဘောပေါက် ပေးမှုဆိုသည့် စည်းမျဉ်းမှ အပ အခြားအရာများကို စည်းမျဉ်း အဖြစ် မသတ်မှတ်ထားချေ။

သို့သော် (၀မ်းနည်းစရာပင်တည်း …..) ဤမျှ ရိုးရှင်း လွယ်ကူသည့် ကိစ္စသည် မည်သည့် အဖြစ်သို့ ရောက်နေပေသနည်း? ! ….. ကို မျက်မြင် အတွေ့ ပင်ဖြစ်ပါသည်။

အရေးကြီးသည့်ပွိုင့်

သာသနာ့ ပညာသင် ကျောင်းသားများ (အီရန်နိုင်ငံသားအများစု) ၏ အလွန်တရား ရိုးရှင်း ရိုးအေးသည့် ဘ၀တည်ဆောက်မှုသည် ယနေ့ခေတ် လူငယ် လူရွယ်များ အတွက် လက်တွေ့ အတုယူဖွယ် စံနမူနာ တစ်ခု ဖြစ်ပေသည်။ (အသေးစိတ် ဂရုပြုသင့်ပေသည်။)
(အီရန်ရှိ) ဟောင်ဇာယေအေလ်မီယေ တွင် ပညာသင်ယူဆည်းပူး နေသော သာသနာ့ ကျောင်းသား ၉၉ ရာခိုင်နှုန်းသည် ပညာသင်ယူနေစဉ် ကာလအတွင်း၌ ပင် လက်ထပ် ထိမ်းမြားမှု ကိုပြုကြလေသည်။

အမှန် တကယ်ဆိုလျှင် ဟောင်ဇာယေအေလ်မီယေ များရှိ သင်ရိုး ညွှန်းတမ်းများသည် လုံးဝ ခက်ခဲလှပေသည်။ တစ်ချိန်လုံး၊ အချိန်ပေး ကြိုးပမ်းမှုတွင် နှစ်မြုပ် ရလေသည်။

အကြောင်းမှာ ဤပတ်ဝန်းကျင် အသိုင်းအ၀ိုင်း (မောင်လာနာများ အကြား) ဘ၀၏ အခြေခံ အုတ်မြစ်မှာ အေလ်ဟာမ် နှင့် အစ္စလာမ် သာသနာတော် ၏ အမိန့် ဥပဒေသများနှင့် ညီသည့် “ဘ၀ရိုး” လေးဖြစ်နေသည့် အတွက်ကြောင့်ပင်တည်း။

၎င်းမောင်လာနာများ (သာသနာ့ကျောင်းသားများ) ကို ဘိုက်သွလ်မာလ် မှ အနည်းအကျဉ်း အသုံးစရိတ် (ထောက်ပံ့ကြေး) အဖြစ် (သက်ဆိုင်ရာများဖက်မှ) ပေးကြလေသည်။ အချို့ မောင်လာနာများ (သာသနာ့ကျောင်းသားများ) ဆိုလျှင် လယ်ယာစိုက်ပျိုး လုပ်ငန်းလုပ်ခြင်းနှင့် သာမန်ဝင်ငွေရမည့် အလုပ်လေးလုပ်ခြင်း၊ တစ်ချို့ဆိုလျှင် နွေရာသီ ကျောင်းပိတ်ရက်များတွင် အလုပ်လေးလုပ်ခြင်းဖြင့် ၄င်း၊ သို့မဟုတ် ဤကဲ့သို့ သော အလုပ်များဖြင့် မိမိတို့၏ ဘ၀ကို ပညာသင်ကြားနေရင်း အလွန်တရာ သန့်စင်၊ သန့်ပြန့်စွာ၊ ရိုးရှင်းစွာဖြင့် တည်ဆောက်ကြလေသည်။

ဤ (သာသနာ့ကျောင်းသားများ) သည် ရလာဒ် ဆိုးများကို ဖြစ်စေသည့် လူပျို လူလွတ် ဘ၀ဖြစ်( အချိန်တန်လျှင်လည်း) အိမ်ထောင်မပြု ပဲနေခြင်းကို မပြုကြပေ။ ဤအတွက်ကြောင့် ၄င်းတို့သည် ငြိမ်းချမ်းသာယာမှု၊ အေးဆေးမှု၊ ကံကောင်းမှုများကို အပြည့်အ၀ ခံစားနိုင်ကြပေလေသည်။

“ အလုပ် မလုပ်ချင်ရင် အီရန်သွား၊ စီးပွားမရှာတတ်လျှင် အီရန် သွား ဆိုသည့် အချို့ မောင်လာနာများ နှင့် အဆင်မပြေသူများပြောသည့် စကား သည် ရယ်စရာ ဖြစ်သွားလေသည်။ အချို့မောင်လာနာများ အနေဖြင့် လည်း ဂျမာအတ် များ ဤ ကဲ့သို့ မထင်ကြအောင် အမြင်မမှားရအောင် သတိဖြင့် သာသနာ့အကျိုးများ ဆောင်၍နေပြရပေမည်။ ” (အဗ်နာ)


================
251 / End