အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္လာနေ့

၉ အောက်တိုဘာ ၂၀၁၇

၁၄:၂၈:၄၈
859281

အိမ်ထောင်သည်ဘ၀ အတွက် အဟန့်အတားကြီး (၇) ခု

အိမ်ထောင်သည်ဘ၀ အတွက် အဟန့်အတားကြီး (၇) ခုဆို သည့် ကိစ္စရပ်ကို ဟဇရတ် အာယာ သွလ္လာဟ် အလ်အွဇ်မာ မကာရေမ်မိုရှိရာဇီး ရေးသား သီးကုံး ထား သည့် ( မွရှ်ကေလာသ်သေ ဂျင်စီ ဝါ ဂျဝါနန် )) စာအုပ်မှ အဗ်နာ ချစ်ပရိတ်သတ် များ အတွက် ကောက်နုတ် တင်ပြအပ်ပါတယ်။

အိမ်ထောင်သည်ဘ၀ အတွက် အဟန့်အတားကြီး (၇) ခု

* မြောက်များစွာသော “မကောင်းသည့်ရှောင်ကြဉ်ရမည့် ကိစ္စများ” ကို ကျွန်ုပ်တို့ အနေဖြင့် ဘ၀ဟု အမည် (လှလှလေး) တပ်ကြပေသည်။ အမှန်တကယ် ကျွန်ုပ်တို့ ကိုယ်တိုင် ဖန်တီးထားသည့် Logic နှင့် ဆန့်ကျင် နေသော အလုပ်များ၊ ကိစ္စများဖြစ်နေပြီး ယေဘုယျ သဘောအရ ရှောင်ကြဉ် ရှောင်ရှား ရမည့် ကိစ္စများ၊ လုပ်ရပ်များဖြစ်ပေသည်။

* မြောက်များစွာ သောအခက်အခဲ၊ ဒုက္ခများကို ကျွန်ုပ်တို့၏ ဖူးစာ ကံကြောင့် ဖြစ်ရသည် ဟုထင်နေကြလေသည်။ အမှန်တကယ် ဤ ကဲ့သို့သော သောက ဒုက္ခ အခက်အခဲ ဆိုသည့် သံကြိုးများကို ကျွန်ုပ်တို့၏ လက်ဖြင့် ကိုယ်တိုင် ပြုလုပ်ခဲ့ကြခြင်း ဖြစ်လေသည်။
( မြန်မာစကားအရ ဒုက္ခ ကို ဒုက္ခ ခံပြီး ရှာခဲ့သည် ဟုဆိုနိုင်လေသည်။) ဘာသာပြန်ဆိုသူ

* ကျွန်ုပ်တို့၏ဘ၀၌ မြောက်များစွာသော ဒုက္ခ အခက်အခဲအကြပ် အတည်းများသည် ကျွန်ုပ်တို့၏ စောဒက တက်မှုများ၊ အကြောင်းပြချက်များ ခေါင်းမာမှုများ၊ လက်ခံသင့်သည်ကို လက်မခံမှုများ တို့၏ ရလာဒ်ကြောင့် ပေါ်ပေါက်လာရခြင်း ဖြစ်လေသည်။ ကျွနု်ပ်တို့ အနေဖြင့် ဒုက္ခ အခက်အခဲ များ၊ ပြဿနာများ အဖြစ်သတ်မှတ် ကြလေသည်။ အမှန်တကယ် အခက်အခဲ အကြပ်အတည်း အစစ်များမဟုတ်ကြချေ။

အီရန်နိုင်ငံ ဖြစ်ရပ်မှန်များထဲမှ မင်းသားဖြစ်သည့် “ရိုစ်သမ်” နှင့် ပတ်သက် ပြီးပြောကြလေသည်။ နိုင်ငံတော်၏ အချို့အစိတ်အပိုင်းကို သိမ်းပိုက် အောင်မြင် လိုလားပေ သည်။ ထိုအချိန်အခါထိ မည်သူ တစ်ဦးတစ်ယောက်မှ ထိုနေရာ အစိတ်အပိုင်းများကို မသိမ်းပိုက်နိုင်သေးချေ။

၎င်းမင်းသားအနေဖြင့် (ဤလုပ်ရပ်ကို အောင်မြင်ပြီး ထိုနေရာအထိ ရောက်နိုင်ဖို့) မိမိ၏ လမ်း၌ တစ်ခုထက်တစ်ခု ပိုကြီးပြီး ကြောက်စရာ ကောင်း သည့် “ အဟန့်အတားကြီး (၇) ခု” ကို ဖြတ်ကျော်ရမည် ဖြစ်ပေသည်။

(ထို အဟန့်အတားကြီး (၇) ခုများမှ) တစ်ခါတစ်လေ “ တံတိုင်းဖြူ” အသွင်၊ တစ်ခါတစ်ရံ သရဲ တစ္ဆေခေါင်းများ နှင့် နဂါးများ၊ ရံဖန်ရံခါ အန္တရာယ် ကြီးသည့် မှော်ဆရာ၊ အောက်လမ်းဆရာများနှင့် ရင်ဆိုင်ရလေသည်။

နောက်ဆုံး မိမိ၏သတ္တိ၊ ဗျတ္တိ၊ ကျွမ်းကျင်မှုနှင့် အတုမရှိ ပြိုင်ဖက်မရှိ ရဲစွမ်းသတ္တိတို့ကြောင့် အားလုံးကိုကျော်လွှားနိုင်ပြီး အဟန့်အတားကြီး (၇) ခု လုံးကို ကျော်လွှား၍ အောင်မြင်မှုကို ဆွတ်ခူးနိုင်ခဲ့လေသည်။ ဤအကြောင်း အရာကို အီရန်နိုင်ငံနှင့် (ကမ္ဘာကျော်) ကဗျာဆရာကြီး ဖေရ်ဒူစီ မှ ကဗျာ အဖြစ်သီဆိုပြီး လှလှပပ သရုပ်ဖော်ခဲ့လေသည်။
ဤ “ဖြစ်ရပ်မှန်” သည် ဘ၀တွင်ရောက်ရှိလာမည့် အခက်အခဲ အကြပ်အတည်း၊ ဒုက္ခများ၏ အစုလိုက်အပုံလိုက်ကို ကဗျာ ပညာဖြင့် သရုပ်ဖော်၊ ပုံသွင်းထားပေသည်။ ဒုက္ခ အခက်အခဲ များပြားခြင်းသည် အောင်မြင်မှု၏ လမ်းများကို ပြသနေပြီး၊ အခက်အခဲများကို ကျော်လွှား၊ ဖြတ်ကျော်ရမည့်ဖက်သို့ လမ်းညွှန်ပြနေလေသည်။ ယနေ့ လက်ရှိမျက်မှောက် ခေတ်ကာလရှိအိမ်ထောင်ပြုရေး၊မင်္ဂလာဆောင်နှင်းခြင်းနှင့် ၄င်း၏အခက်အခဲ များကိစ္စသည်လည်း “ရိုစ်သမ်” အနေဖြင့် အခက်အခဲကြီး အဟန့်အတားကြီး (၇) ခုကို ကျော်လွှားရသလောက်၊ ဖြတ်ကျော်ရသလောက် မခက်ခဲချေ။ မခဲယဉ်းပေ။

လူငယ် လူရွယ်များ အားလုံး၌ “ရိုစ်သမ်” ကဲ့သို့ ရဲစွမ်းသတ္တိ၊ အင်အား အဟန့် အတားကြီး(၇)ခုကို ကျော်လွှား၊ ဖြတ်ကျော်နိုင်စွမ်း ပင်၊ မရှိ နေပါစေ (သို့မဟုတ်) ဤ ကဲ့သို့ ရှိရမည် လုံးဝအစီအစဉ် မဆွဲထားလျှင်လည်း နေပါစေ (အိမ်ထောင်ပြုဖို့ အခက်အခဲများကို ကျော်လွှားနိုင်ပါသည်။)

ကျွန်ုပ်အနေဖြင့်လည်း လူမှုရေးကိစ္စများ၊ ထိုကိစ္စကဲ့သို့သော ကိစ္စများသည် အနည်းနှင့် အများဆိုသလို မိမိတို့၏ အခြေအနေအမှန်၊ အခြေအနေ အစစ်၊ သဘာဝနေရာမှ အပြင်ထွက်သွား ကြောင်းတင်ပြ ရေးသားထားပြီး ဖြစ်ပါသည်။ ဤ သို့ထွက်သွားခြင်းကြောင့် ဒုက္ခနှင့် ဆုံးရှုံးမှု များ၊ အခက်အခဲ၊ သောက ဒုက္ခများကိုသာ ပေးသည့် အသွင်ဆောင်သွား လေတော့သည်။

လူငယ် လူရွယ်များ၊ အဖေများ၊ အမေများတို့ အများစု၏ ညည်းတွား ညည်းညူသံများ၊ တိုင်တန်းသံများမှ မင်္ဂလာဆောင်ဖို့ စရိတ်စကကြီးသည် ဟုအချက်ပင်တည်း။

အမှန်တကယ် ဤပြဿနာ ကိစ္စ၏ အခြေနှင့်ပင်ရင်းအမြစ် ဖြစ်သည့် ရိုးရှင်းမှု၊ သန့်ပြန့်၊ သန့်စင်မှုကိုသာ စဉ်းစားသင့်ပေသည်။ ကံဆိုး မိုးမှောင်ကျမှု များ၊အခက်အခဲအကြပ် အတည်းများ အားလုံး ကို ထည့်ပြီး မစဉ်းစားသင့်ချေ။(မလိုချေ။)(လက်ရှိ အခြေအနေ အရ)အိမ်ထောင် ပြုရေး ကိစ္စ အတွက် စည်းမျဉ်း၊ စည်းကမ်းများသည် မြောက်များစွာသော (လူငယ် လူရွယ်များ) အဖို့ ရွှေတွင်းမှ ရွှေဖော်ရသကဲ့သို့ ဖြစ်နေလေသည်။ မည်မျှအထိ အပိုများ၊ အခြားမဆိုင်သည့် ပစ္စည်းများရောနှောသွားသည့် ဆိုလိုလျှင် အပင်ပန်း၊ အဆင်းရဲဒုက္ခခံပြီး “ရွှေ” ဖော်လျှင်တောင် အကျိုး အမြတ် မရှိတော့ချေ။

ဤကဲ့သို့ ရောထွေး၊ ရောနှောနေခြင်းကို အိမ်ထောင်ပြုခြင်း၌ သာဓကအဖြစ်ပြနိုင်ပေသည်။မသင့်တော်မလျောက်ပတ်မှုများ၊ အယောင် ဆောင် ထည်ဝါ ခမ်းနားမှုများ၊ မှားယွင်းနေသည့် ဓလေ့ထုံးတမ်းများ၊ တဏှာနှင့်လိုအင်ဆန္ဒနောက်လိုက်မှုများ၊ ဂုဏ်လိုချင်မှုများ၊ စိတ်ကူးယဉ် ဂုဏ်ထူးရာထူးများ (စသည်ဖြင့်) ရောနှောနေလေသည်။

အိမ်ထောင်ပြုခြင်း၊ မင်္ဂလာဆောင်နှင်းခြင်းသည် ဤမျှအခက်အခဲ၊ အကြပ်အတည်း အစုလိုက်အပုံလိုက်၏ ၀ိုင်းရံပိတ်ဆို့ ထားမှုကြောင့် မိမိ၏ ပကတိ၊ နဂိုမူလ အခြေအနေကို လုံးဝ လက်လွှတ်လိုက်ရလေသည်။ “တောရိုင်းလူဝံသူရဲ၊ ကြောက်စရာ လန့်စရာ အကောင်တစ်ကောင်” ပမာ အသွင်ဆာင်သွားလေပြီ။ ၄င်းနှင့်ရင်ဆိုင်ဖို့ လူငယ်လူရွယ်တိုင်းနှင့် မဖြစ်နိုင် တော့သည့် အခြေအနေဖြစ်သွားလေပြီ။

မကောင်းတကာ မကောင်းဆုံး အခြေအနေမှာ ဤမဟုတ်မမှန်မှု၊ အဓိပ္ပာယ်မဲ့ မှုတွေနှင့် ချည်နှောင်ထားသည့် မိစ္ဆာကောင် ကဲ့သို့သော အိမ်ထောင် ပြုခြင်းကို သတ္တိရှိရှိနှင့် ရင်ဆိုင်နိုင်သူနည်းနေခြင်းဖြစ်ပေသည်။

ဤ တိုက်ပွဲ၌ စာတတ် ပေတတ် ပုဂ္ဂိုလ်များဟာ စာမတတ် ပေမတတ် ပုဂ္ဂိုလ်များထက် ပိုပြီးဆိုးရွားနေသည်ကို တွေ့နိုင်ပါသည်။ ထို့ပြင် ယခုခေတ်က လူများသည် အရင်ခေတ်ကလူများလောက် တိုက်ပွဲဝင်ဖို့၊ တော်လှန်ဖို့ စွမ်းအား မရှိတော့ချေ။

မြောက်များစွာသော ပုဂ္ဂိုလ်များသည် မိမိတို့၏ အမှားအယွင်း၊ အထောက်အထားကို တင်ပြပြီး ပျော်ရွှင်နေကြလေသည်။ ၄င်းတို့ မှားယွင်း သည့် သက်သေကတော့ “မနုဿ လူသားအနေဖြင့် တစ်သက်မှာ ဘယ်နှစ်ကြိမ်များ လက်ထပ်ရလို့လဲ၊ ရိုးရိုးရှင်းရှင်း လေးလုပ်ရအောင်? ငါတို့ကို မိမိတို့၏ ဘ၀၊ နောက်ဆုံးလိုအင်ဆန္ဒများ၊ တပ်မက်မှုများအတိုင်း လက်တွေ့ အကောင်အထည် ဖော်နိုင်အောင် လွတ်ပေးပါအုန်း …..”

၎င်းတို့အနေဖြင့် ဤ မှားယွင်း၊ ချွတ်ချော်နေသည့် အထောက် အထား သက်သေများကြောင့် လူငယ်လူရွယ် များအားလုံး၏ အောင်မြင်မှု နှင့် ကံကောင်းမှု လမ်းတွင် ယုတ်စွ သက်သေထူသူများအတွင်းပင် အဟန့် အတားကြီး၊ ပိတ်ဆို့မှု ကြီးဖြစ်နေကြောင်း မေ့လျော့ နေကြပေသည်။

လူငယ်လူရွယ်များကို မလွဲမသွေ မိမိတို့၏ ရဲစွမ်းသတ္တိ၊ ဗျတ္တိတို့ဖြင့် “ရိုစ်သမ်” မင်းသားအတိုင်း အဟန့်အတားကြီး (၇)ခုကို ကျော်လွှားခဲ့သလို ဤပြဿနာဆိုးကြီး၊ အရှုပ်ထုပ်ကြီးကို လည်း ရင်ဆိုင် ဖြေရှင်းရဲရပေမည်။ “ရိုစ်သမ်” မင်းသားမှော်ပညာ၊ အောက်လမ်းဆရာများ ပညာပြကွက်များကို ကျော်လွှား သကဲ့သို့ ကျော်လွှားပြရပေမည်။

အသင်တို့အနေဖြင့် အံ့သြဖို့မလိုချေ။ ဤလမ်း၌လည်း “ရိုစ်သမ်” မင်းသား၏ လမ်း၌ အဟန့်အတားကြီး (၇)ခုပမာ အဟန့်အတားကြီး(၇)ခု ရှိပေသည်။ ၄င်း(၇)ခုမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

၁။ အဆုံးမသတ်နိုင်သည့်မျှော်လင့်ချက်နှင့်အိမ်မက်များ

ကောင်မလေး များ ဖက်မှကောင်လေးများအပေါ်၊ ကောင်လေး များဖက် မှ ကောင်မ လေးများအပေါ်၊ နှစ်ဦးနှစ်ဖက်သော မိဘများ ဖက်မှ ဖြစ်လေသည်။

၂။ မလိုလားအပ်သည့် အခက်အခဲများဖြစ်ပေါ်လာခြင်း

မြောက်များစွာသော မိဘများ၊ လူမျိုးအသိုင်းအ၀ိုင်း၊ မိသားစုဝင်များ နှင့် သူငယ်ချင်း မိတ်ဆွေသင်္ဂဟများကြောင့် ပေါ်ပေါက်ရလေသည်။

၃။ ခါးကိုကျိုးစေသည့် မဟာငွေများတင်ရခြင်း

၎။ မလိုအပ်သည့် အစီအစဉ်များ

ထောင်ပေါင်းများစွာသော မင်္ဂလာပွဲ မပြီးမည် (ရှေ့ပြေးများအသွင်) ပြီးနောက် (ပိတ်ပွဲများအသွင်) ပြုလုပ်ကြလေသည်။ ဤအစီအစဉ်များသည် အန္တရာယ်ရှိပြီး မကောင်းသည့် အရာများဖြစ်ချေသည်။

၅။ နှစ်ဦးနှစ်ဖက်နှင့် နှစ်ဖက်မိသားစုများ အတွဲမညီ၊ အဆင့်အတန်းမတူဟု ဆိုသည့် မလိုအပ်သည့် စောဒကတက်မှုများ

၆။ တဏှာအချစ်မီးတောက်

ထိန်းချုပ်ထိန်းသိမ်းလို့မရသည့်၊ စာရင်းအင်းမရှိသည့် တဏှာ အချစ် မီးတောက်ဖြစ်ပေသည်။

၇။ စည်းကျော်၍သံသယဖြစ်ခြင်း

(သတို့သားနှင့် သတို့သမီး) နှစ်ဦးနှစ်ဖက် တစ်ဦးနှင့်တစ်ဦး အပြန် အလှန် အယုံအကြည်နှင့် အီမာန် မရှိကြခြင်းနှင့် သံသယ၊ သစ္စာမရှိမှု ဖြစ်ခြင်းတို့ဖြစ်ပါသည်။

ကျွန်ုပ်တို့အနေဖြင့် ဤအဟန့်အတားကြီး(၇)ခုကို စဉ်းစားလေ့လာ သုံးသပ်ကြည့်မည်ဆိုလျှင် မြောက်များစွာသော အခက်အခဲ၊ အကြပ်အတည်း များသည် လက်ထပ်ထိမ်းမြားမှု၏ ကိစ္စနှင့် မဆက်နွယ်ဘဲ၊ အပိုကိစ္စများ၊ မလိုလားအပ်မှု ကိစ္စများနှင့်သာ ဆက်နွယ်နေလေသည်။
သာဓကသက်သေအဖြစ်တင်ပြရမည်ဆိုလျှင်…..

“အဆင့်အတန်းတူခြင်း”ကိစ္စဖြစ်ပေသည်။ ပညာရပ်ဆိုင်ရာဝေါဟာရ အရ ပြောရမည်ဆိုလျှင် “အတွဲညီခြင်း၊ စုံတွဲလိုက်ဖက်ခြင်း” ဖြစ်ပါသည်။

(ဤကိစ္စသည် ဆွေးနွေးတင်ပြဖို့သင့်ပေသည်။) ဤအကြောင်း အရာ ကိစ္စသည် မင်္ဂလာဆောင်နှင်းဖို့၊ အိမ်ထောင်ပြုဖို့ အလွန်ကြီးမားသည့် အဟန့် အတားဟု “လူထုအမြောက်အများ” ထင်နေကြလေသည်။ အမှန်တကယ် (လူများ၏) ပြောင်းလဲလိုက်မှုသာ ဖြစ်ချေသည်။ အစစ်အမှန် ဤကဲ့သို့ မဟုတ်ချေ။

လူငယ် လူရွယ် တစ်ယောက် မိမိကိုယ်တိုင် ရေနံဆိုင်ရာ အင်ဂျင်နီယာ ဟု ကျွန်တော်(မူရင်းကျမ်းရှင်) ကို မိတ်ဆက်ပေးလေသည်။ ၄င်းပြောပြချက် အရ လစာ ကောင်းလေသည်။ ယေဘုယျ အားဖြင့် အသက်(၃၀) ခန့်ပြည့်နေလေပြီး။ သို့သော် ယခုအချိန်အထိ အိမ်ထောင်မပြု နိုင်သေးချေ ။ တိုင်တည်မှုများ၊ ညည်းညူမှုများ လုပ်နေလေ၏။

၎င်းအနေဖြင့် ကျွန်တော်ကိုပြောလေ၏ ကျွန်တော်အတွက် ဇနီး (လောင်း)ကို အိမ်တိုင်း၊ အိမ်တိုင်း၊ မိသားစုတိုင်းမှ ရွေးချယ်ဖို့ မဖြစ်နိုင်ချေ။ မလွဲမသွေ ဂုဏ်သိက္ခာရှိပြီး၊ ရိုသေလေးစားထိုက်သည့်၊ အဆင့်အတန်းတူ သည့် မိသားစု တစ်ခုမှ “ဇနီးလောင်း” လိုက်ရှာရလေသည်။

ဒါပေမဲ့ ….. ဤ ကဲ့သို့သော အိမ်ထောင်စုဝင်အားတွေ့ လို့သွားလျှင် လည်း အိမ်ထောင်ပြုဖို့၊ မင်္ဂလာဆောင်နှင်းဖို့ စကားစတင်သည်နှင့် တပြိုင်နက် မင်္ဂလာဆောင်နှင်းဖို့ အတွက် စည်းမျဉ်း၊ စည်းကမ်းချက်များ၊ ကုန်ကျစရိတ်များ ၏ စာရင်းကို ကွန်ပျူတာ ဦးနှောက်ပိုင်ရှင် မှ အပ မည်သူမျှ မရေတွက် နိုင်ကြချေ။ ….. !
ကျွန်တော် (မူရင်းကျမ်းရှင်) မှ ၄င်းလူငယ် လူရွယ်အား ပြောလေ သည်။ မောင်ရင်အမြင်မှာ “ရိုသေလေးစားထိုက်သူ၊ ဂုဏ်သရေ၊ သိက္ခာရှိသူ” ဆိုသည်မှာ အဘယ်နည်း ? …..

ဘာလဲ စာတတ်၊ ပေတတ်၊ ပညာတတ် အသိုင်းအ၀ိုင်း မိသားစုကို ဆိုလိုတာလား ? …..

ကျွန်တော်အနေဖြင့် စာတတ်ပေတတ်၊ ပညာတတ် မိန်းကလေးများ ရှိပြီး မောင်ရင်လို သူနှင့်ဆို သဘောတူမည့် အိမ်ထောင်စုဝင် အမြောက် အများ ကိုသိပါတယ် …..

(သို့မဟုတ်) မောင်ရင်အမြင်မှာ … ဂုဏ်သိက္ခာ မြင့်မြင့် ပိုင်ရှင်များ နှင့် တန်ဖိုးရှိသည့် စာရိတ္တ ပိုင်ရှင်များ ကို ဆိုလိုပါသလား …..?

(သို့မဟုတ်) ခန္ဓာကိုယ် အချိုးအစား သူများထက် ထူးပြီး ကောင်းသူ တွေကို ဆိုလိုတာလား …..?

ဤကဲ့သို့ဆိုလိုသည်ဆိုရင်လည်း ဤကဲ့သို့သော မိန်းကလေးများ သည် မနည်းချေ …..

ဆင်းရဲနွမ်းပါးသော်လည်း သန့်စင် သန့်ပြန့်မှု၊ ရိုးသားသန့်စင်မှု၊ မျိုးသန့်မှု အတွက် ပြောစရာမလိုသည့် မိန်းကလေး အမြောက်အများ ရှိပေသည်။ …..
ဒါပေမဲ့ မောင်ရင်၏ ဆိုလိုတာ မြင်တာ၊ အထက်ဖော်ပြထားတာ တွေမဟုတ်ဘူးလို့ ထင်ပါတယ် ….. မောင်ရင် အမြင်အရ ဂုဏ်သရေ သိက္ခာ ရှိပြီး လေးစားထိုက်သည့် အသိုင်းအ၀ိုင်း မိသားစုဆိုတာ (ဌာနဆိုင်ရာ တစ်ခုခု၏) အကြီးဆုံး မန်နေဂျာ နှင့် အကြီးဆုံး ဥက္ကဌ၏ တူမ၊ မောင်နှမ တစ်ဝမ်းကွဲကို ဆိုလိုတယ်လို့ ထင်ပါတယ် …..
၎င်း၏မိဘနှစ်ပါး ငွေကြေးချမ်းသာသူများ၊ ကားတိုက် ပိုင်ရှင်များ၊ အတောက်အရောင်ဘ၀ ကိုပိုင်သူ များကို ဆိုလိုတာလား? ….. ကျွန် တော် ထင်ထားသည့် အတိုင်း ၄င်းလူငယ် လူရွယ်၏ ဆိုလိုချက် ဖြစ်နေလေသည်။

ကျွန်တော် အနေဖြင့် ၄င်းလူငယ် လူရွယ် အားပြောလေ၏။

….. မောင်ရင်အနေဖြင့် မိမိဘ၀မှ ဤလောက်ကြီးမားတဲ့ (မိုက်မဲမှု) မှားယွင်းမှု ကို ပြုခဲ့လေပြီး …..

….. မောင်ရင်အနေဖြင့် ဂုဏ်သိက္ခာ၊ အရိုအသေကို ဤကဲ့သို့ သော ကိစ္စများတွင်၊ နေရာများတွင် ရှိနေသည်ဟု ထင်ပါသလား ….. ?
အမှန်တကယ် မနုဿလူသား၏ ဂုဏ်သိက္ခာ၊ အရိုအသေ အစစ်အမှန်များ ဟာ ဤကဲ့သို့ မဟုတ်ပေ . . . ဤကဲ့သို့သော အချုပ်အနှောင်များမှာ မလွဲမသွေ မရှိဖို့ လိုအပ်ပါတယ် . . .
စိတ်ဝင်စားစရာ၊ ဂရုပြုစရာပွိုင့်သည်ကား . . .

ကျွန်ုပ်တို့၏ အစ္စလာမ်မီရီဝါယတ်တော် များအရ အတွဲညီခြင်း၊ စုံတွဲညီခြင်း ဆိုသည့် ကိစ္စ ၌ လက်ရှိခေတ်ကာလမှ သတ်မှတ်ထားသည့် မှားယွင်းချွတ်ချော်သည့် သတ်မှတ်ချက်များ၊ လူမျိုးစုများအကြား အပြင်း အထန်စွဲကပ်နေသည့် ထုံးထမ်းစဉ်လာ အတုအယောင် အပြင်းအထန် တော်လှန်ကန့် ကွက်ထားလေသည်။

ပြည်သူလူထုရှိ အမျိုးသားများ၊ အမျိုးသမီးများ၊ ကောင်လေးများ၊ ကောင်မလေးအားလုံး အတွက် စုံတွဲညီမှု၊ အတွဲညီမှု ကို “အီမာန်” ၌သာ သတ်မှတ် ပြဌာန်း ထားလေသည်။ အစ္စလာမ်မီ ရီဝါယတ်တော်များ၌ ကျွန်ုပ်တို့ဖတ်မှတ်သားရသည်မှာ ..

((المؤمن کفوالمؤمن))

“မိုမင်နှင့် အဆင့်အတန်းတူသူ၊ အတွဲညီသူမှာ မိုမင်ပင်ဖြစ်ပေသည်။” ဟူ၍ဖြစ် လေ၏။ မိုမင်တိုင်းဟာ မည်သည့် မိသားစုတိုင်း၊ လူမျိုးစုတိုင်း၊ အဆင့်အတန်း တိုင်းမှဖြစ်နေပါစေ အခြားမိုမင်အတွက် အဆင့်တူ၊ အတွဲညီ၊ စုံတွဲညီဖြစ် လေသည်။

ဤ ကိုအခြေပြုပြီး ကျွန်ုပ်တို့အနေဖြင့် ဆိုနိုင်သည်မှာ … အကယ်၍ ကျွန်ုပ်တို့အနေဖြင့် အသိုင်းအ၀ိုင်းများအကြားရှိ (အီမာန်ရှင် အချင်းအချင်း အကြား၌) အဆင့်အတန်းလူမျိုးစု ခွဲခြားမှုနှင့် ပိတ်ဆို့ ချုပ်နှောင်မှုများဖြင့် ဘ၀တည်ဆောက်ခြင်းများကို ရှင်းပစ်မည် …

အိမ်ထောင်ပြုခြင်း ကိစ္စနှင့် ပတ်သက်ပြီး နှစ်ဦးနှစ်ဖက်မှ မနုဿ လူသားများ တန်ဖိုးအစစ်အမှန်၊ Logic နှင့် အသိဥာဏ်ခွင့်ပြုထားမှုများအပေါ် အခြေပြုမည် . . . မည်သည့် လောဘ ရမ္မက်မှ (ဥပမာ ကောင်မလေး ၏ ဦးလေး၊ မောင် (သို့) အစ်ကိုတစ်ဝမ်းကွဲ ဘယ်ဌာနချုပ်က အရာရှိ၊ ကောင်မလေး အမေ ညီမ အစ်မများ၊ သူတို့၏ သားသမီးတွေက စည်းစိမ်ချမ်းသာတာ၊ ကားတိုက်ပိုင်ရှင် တွေပါလို မထားမည် . . . ဆိုလျှင်

မုချ ဧကန်မလွဲ အခက်အခဲ အကြပ်အတည်းဒုက္ခအားလုံးသည် သူအလိုအလျောက် ပြေလည်ရှင်းလင်းသွားပေလိမ့်မည်။

ရုတ်တရက် တိုက်ဆိုင်မှုအရတင်ပြရလျှင် မြောက်များစွာသော အိမ်ထောင်ပြုခြင်း အတွက် အခြားသော အခက်အခဲ၊ သောကဒုက္ခများ လည်း ဤကဲ့သို့ပင် ဖြစ်ပေသည်။

==============
251 / End