အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္လာနေ့

၉ အောက်တိုဘာ ၂၀၁၇

၁၇:၅၆:၀၈
859334

ဘ၀ကြင်ဖော်ကို လူငယ်လူရွယ်တိုင်း (သို့မဟုတ်) မိဘများမှ မည်သူကရွေးချယ်ရမည်နည်း?

ဘ၀ကြင်ဖော်ကို လူငယ်လူရွယ်တိုင်း (သို့မဟုတ်) မိဘများမှ မည်သူကရွေးချယ်ရမည်နည်း? ဆို သည့် ကိစ္စရပ်ကို ဟဇရတ် အာယာ သွလ္လာဟ် အလ်အွဇ်မာ မကာရေမ်မိုရှိရာဇီး ရေးသား သီးကုံး ထား သည့် ( မွရှ်ကေလာသ်သေ ဂျင်စီ ဝါ ဂျဝါနန် )) စာအုပ်မှ အဗ်နာ ချစ်ပရိတ်သတ် များ အတွက် ကောက်နုတ် တင်ပြအပ်ပါတယ်။

ဘ၀ကြင်ဖော်ကို လူငယ်လူရွယ်တိုင်း (သို့မဟုတ်) မိဘများမှ မည်သူကရွေးချယ်ရမည်နည်း?

ဤရွေးချယ်မှုကို ကျွန်တော်ကိုယ်တိုင်ပြုခဲ့တာပါ …..!

ဒါကတော့ ကျွန်တော့်အဖေအမေ၏ ရွေးချယ်မှု …..!

ဤဖြစ်ရပ်မှန်ကိစ္စသည်လည်း အလွန်တရာ အံ့သြစရာပင်တည်း။ ဤအတွက် သာဓကသည်လည်းမနည်းလှချေ၊ သတင်းတစ်ခု၌ ဖြစ်ရပ်မှန် တစ်ခု ဤသို့လာရှိလေ၏။

၁၇-နှစ်အရွယ် သတို့သမီးလေးတစ်ဦးသည် နေကာဟ်မဖတ်မီ မိနစ် အနည်းငယ် အလျှင် သတို့သမီးအ၀တ်ကို ချွတ်ပြီး အမျိုးသားအ၀တ်ကို ၀တ်ကာအခန်းပြူတင်းပေါက်မှ ၀ရံတာသို့ခုန်ချပြီး ထွက်ပြေးလေ၏။ ပြီးနောက် နရ်မက်လမ်း (တီဟီရန်မြို့ရှိ လမ်းတစ်လမ်းအမည်) ရှိ အများသုံး ရေချိုးခန်းသို့ သွားပြီး မိမိလက်သွေးကြောကို ဖြတ်လိုက်လေသည်။ ထို့နောက် မေ့ပြီးလဲကျသွားလေသည်။ အနည်းငယ်နေပြီးနောက် အနီးအနား ရှိသူများက သတိပြုမိ၍ ဆေးရုံကို ပို့လိုက်ရာ အသက်ချမ်းသာရာ ရသွားလေ သည်။

ဤမိန်းကလေးသည် သေရွာပြန်လာပြီးနောက် မိမိဘ၀၏ ဖြစ်စဉ်ကို ရဲအရာရှိတစ်ဦးအား ဤသို့ပြောပြလေ၏။

“လွန်ခဲ့သည့်နှစ်က သမီးအထက်တန်းကျောင်းသူလေးပါ။ လူငယ် လေးတစ်ယောက်နှင့် သမီးကိုယ်တိုင်မေတ္တာမျှခဲ့၍ စေ့စပ်ဖူးသူအဖြစ် လက်ခံ လိုက်ပါတယ် ….. သမီးကိုယ်တိုင်ရွေးခဲ့တာပါ …..”

“ ပြီးသည့်နှစ်ကပဲ တစ်နေ့ သမီးစေ့စပ်ထား တဲ့ကောင်လေး ဓာတ်ပုံကို နရ်မက်လမ်းရှိရဲများနှင့် အတူ ရွှေ၊ ငွေ၊ ပစ္စည်းခိုးမှုကြောင့် အဖမ်းခံထား ရသည့်သတင်းစာ၌ တွေ့လိုက်ဖတ်လိုက်ရပါတယ် …..”

“ မယုံနိုင်လို့ သူအိမ်ဖုန်းဆက်ပြီး စုံစမ်းကြည့်တော့ ဖြစ်ရပ်ဟာ မှန်နေတာသိလိုက်ရတယ်….. သူဟာသူခိုးအုပ်စု တစ်စုနှင့် နွယ်ပြီး ခိုးဝှက် လေ့ရှိသူပေါ့၊ အခုသူ့ဆီမှာရှိသမျှ ပစ္စည်းဥစ္စာတွေ အားလုံးဟာ ခိုးရာပါ ပစ္စည်း ဥစ္စာတွေပေါ့ …..”

“ ဒါပေမယ့် သမီးက ဤစုံစမ်းရရှိမှု သတင်းကို မယုံသေးတာနဲ့ သမီးကောင်လေး အလုပ်လုပ်နေတယ်လို့ပြောတဲ့ ကုမ္ပဏီက တာဝန်ခံ တစ်ဦးထံ ဆက်သွယ်ခဲ့ပါသည်။ ”

ကောင်လေးပြောသမျှဟာ အလိမ်တွေချည်းဖြစ်နေတယ်လေ….. ဤကုမ္ပဏီက သူ့ကောင်လေးကို လုံးဝမသိဘူးလေ….. (ဤကုမ္ပဏီက လူမဟုတ်ဘူးလေ….)

ဒီလိုနဲ့ သမီးအဖေ၏သူငယ်ချင်းက တစ်လအလျှင်ကပေါ့….. ဇနီးဆုံးထားတာသိပ်မကြာသေးတဲ့ အသက်(၄၀)နီးပါးအရွယ်ရှိ သူဌေး တစ်ယောက်နှင့် အိမ်ထောင်ပြုဖို့ အိမ်လာတောင်းခံခဲ့တယ် …..

သမီးအနေဖြင့် ဤကမ်းလှမ်းမှုကို သဘောမတူခဲ့ဘူး၊ သဘော မကျဘူး၊ အကြိမ်မရေတွက် နိုင်အောင် သမီးအမြင်ကိုပြောခဲ့တယ်…..

သို့သော်လည်း ဘယ်သူမှသမီးစကားကို နားထောင်ဖို့ အသင့် မရှိဘူးလေ…..

သမီးအဖေကတော့ ဤအိမ်ထောင်ဖက်ကို လက်ခံဖို့ အကြိမ်ကြိမ် တိုက်တွန်းတယ်…..(နောက်ဆုံး) ကြည့်ရင်း ကြည့်ရင်း မင်္ဂလာဆောင်ဖိတ်စာ လိုက်ဝေသည့်အချိန် ရောက်လာပါရော …..

ဒါကြောင့်သမီးဆီမှာ မင်္ဂလာဆောင်နေကာဟ်ပွဲကနေ ထွက်ပြေးဖို့ ကိုယ့်ကို ကိုယ်သတ်သေဖို့ လမ်းမှ အပအခြားမရှိတော့ပါ ….. ဟုဆိုလေ၏။

ဤကိစ္စ အိမ်ထောင်ဖက်နှင့်ပတ်သက်ပြီး ရွေးချယ်ဆုံးဖြတ်ဖို့ မိဘနှစ်ပါး၊ အိမ်သူအိမ်သား၊ ဆွေမျိုးများထဲက အကြီးအကဲများ ရွေးချယ် ဆုံးဖြတ်ရမည်လော …..

ဤအရေးကြီးကိစ္စအတွက် မည်သူတစ်ဦးတစ်ယောက်မျှ ပါဝင် ပတ်သက်ခြင်းမရှိဘဲ လူငယ်လူရွယ်တို့၏ သဘောဆန္ဒအတိုင်း ရွေးချယ် ခွင့်ပြုရမည်လော…..

ဤနေရာ၌လုံးဝတစ်ဖက်ကို တစ်ဖက်ဆန့်ကျင်နေသည့် အမြင်နှစ်ခု ရှိလေသည်။ နှစ်ဖက်စလုံး၌ မိမိတို့၏ကိုယ်တိုင် LOGIC နှင့် အထောက် အထားသက်သေများရှိလေ၏။

ကျွန်တော်အနေဖြင့် ပထမဦးစွာနှစ်ဖက်စလုံး၏ LOGIC သက်သေ အထောက်အထားများကို သိအောင်တင်ပြထားပါသည်။ ပြီးနောက် မှန်ကန်သည့် လမ်းကို စိစစ်ရွေးထုတ်ကြမည်။

လူငယ်လူရွယ်များ၏ အုပ်စုတစုမှဆိုကြလေသည်။

ကျွန်ုပ်တို့မိဘများအနေဖြင့် အဘယ်ကြောင့်၊ ဘာအတွက်ကြောင့် ကျွန်တော်တို့၏ ဘ၀ကြင်ဖော် ဇနီးလောင်းရွေးချယ်ကြပါသည်။ ကျွန်ုပ်တို့ နားမလည်နိုင်ပါ။ အမှန်တကယ် ဘ၀ကြင်ဖော်ရွေးချယ်ခွင့်ဟာ ကာယကံရှင် ကိုယ်တိုင်၏ အခွင့်အရေးဖြစ်ပေသည်။

သာဓက၊ ဥပမာအဖြစ်ပြောရမည်ဆိုလျှင် ဟိုကောင်မလေးကို ကျွန်တော်တို့၏ မိဘများအမြင်တွင် နတ်သမီးလေးတစ်ပါးဟု မြင်လေ၏။ အကယ်၍ ကျွန်တော်တို့ မနှစ်သက်၊ မကြိုက်လျှင် ထိုမိန်းကလေးသည် တောထဲက ငှက်(ဆိုး) တစ်ကောင်ထက်ပိုပြီးဆိုးလေသည်။

လူမှုရေးသုတေသီ ပညာရှင်များ၏ သုတေသီပြုချက်နှင့် အတွေ့ အကြုံ ဤအနှစ်ချုပ်မှာ ဤသို့ဖြစ်လေသည်။

မြောက်များစွာသော အိမ်ထောင်ပြုခြင်းများတွင် သွာလက်ခ် ကွာရှင်းပြတ်စဲမှုဆိုသည့် အခြေအနေမှာ အသက်ငယ်ချိန်တွင် အိမ်ထောင်ပြု ခြင်းနှင့် မိဘများ သဘောတူသူတို့နှင့် လက်ထပ်ကြခြင်း၏ ရလာဒ် အကြောင်းခံကြောင့် ဖြစ်ကြောင်း ဆိုထားလေသည်။

အခြေခံ (သဘာဝသဘောအရ) ပြောရလျှင် မည်သည့်ဂုဏ်သရေ၊ သိက္ခာရှိသည့် လူတိုင်းမဆို မိမိတို့၏ သားသမီးများမှ ကောင်းလေးဖြစ်စေ၊ ကောင်မလေးဖြစ်စေ အိမ်ကနေထွက်ပြေးတာမျိုး၊ ကိုယ်တိုင်လုပ်ကြံ သတ်သေတာမျိုးကို မလိုလားမနှစ်သက်ကြပေ။

ဤသို့အဖြစ်အပျက်များသည် အုပ်ထိန်းသူ၊ တာဝန်ရှိသူ လူကြီး သူမများတို့ ပေါ့လျော့မှု အမှားအယွင်း၊ အချွတ်အချော်များကြောင့် ဖြစ်ရလေသည်။

ဤအတွက်သာဓက အထောက်အထားအဖြစ် မှုခင်းများနှင့် သတင်းများ၌ အမြဲတစေတွေ့မြင်နိုင်ပေသည်။ တချိန်တခါက (အရင်ခေတ် ကာလတုန်းက) လူငယ်လူရွယ်များ၏ အမြင်၊ နားလည်မှု မဖွံ့ဖြိုးသေး၊ မိမိ တို့အနေဖြင့် ကျိုးကြောင်းစဉ်းစားမှုအပေါ် မထိမ်းချုပ်နိုင်သေး၊ စွမ်းအား မရှိ သေးဟု ဆိုနိုင်သော်လည်း ယခုခေတ် လူငယ်လူရွယ်များသည် ဤကဲ့သို့ မဟုတ်တော့ချေ။ ဤခေတ်လူငယ်လူရွယ်များသည် အရွယ်ရောက်လာသည် နှင့် တပြိုင်နက် အရာအားလုံးကို သိကြလေသည်။

အခြေခံအားဖြင့် မိဘနှစ်ပါး၏ စဉ်းစားတွေးခေါ်ပုံမှာ ခေတ် နောက်ကျသွားခြင်းဖြစ်လေသည်။ ၄င်းတို့၏ အတွေးအခေါ်သည် ယနေ့ ခေတ်နှင့် မညီတော့ပေ။ ဤအတွက်ကြောင့် မိဘများအနေဖြင့် ယနေ့ လူငယ်လူရွယ် ကောင်လေး၊ ကောင်မလေး များ၏ ထူးချွန်မှုများ၊ လိုအပ်မှုများ ကို မခံစားတတ်တော့ချေ။

အကျဉ်းချုပ်အားဖြင့် မိဘနှစ်ပါးအနေဖြင့် ဤကိစ္စနှင့်ပတ်သက်ပြီး မိမိတို့ကို မလွဲမသွေ သီးခြားထားရပေမည်။ လူငယ်လူရွယ် ကောင်လေး၊ ကောင်မလေးများ၏ ၀ါသနာ၊ နှစ်သက်မှု၊ အတွေးအခေါ်ဆိုင်ရာ ကွင်းပြင်ကို ဖွင့်ထားပေးသင့်လေသည်။ (လွတ်လွတ်လပ်လပ်ပေးနေသင့်ပေသည်။)

သို့သော် မိဘများအနေဖြင့် ဆိုကြလေသည်။

“မနုဿလူသားသည် အကယ်၍ အဖ်လာသွန်(န)(နာမည်ကျော် လောဂျစ်ပညာရှင်) နှင့် အဘူလီစိနာ (ကမ္ဘာကျော်ဆေးပညာရှင် နှင့် သမား တော်) ပင်ဖြစ်နေပါစေ၊ လူပျို စဖြစ် ချိန်၌ မရင့်ကျက်သေးပေ။ တစ်နည်း အားဖြင့် ဆိုရမည်ဆိုလျှင် လူငယ်လူရွယ်များအနေဖြင့် လိုအပ်သည်ထက် ပိုပြီး အမြင်ကြည်လင်ကြခြင်း၊ အတွေးပွင့်ကြခြင်းနှင့် အလျင်အမြန် ယုံကြည် မှုကို ပြုကြလေသည်။ မိမိစိတ်၏ သန့်စင်သန့်ပြန့်မှု အတွက် အပြင်ပိုင်း ဆိုင်ရာ ပြင်ဆင်မှု အလှများနှင့် လိမ်ညာထားသည့် (အပြင်ပိုင်း) လှပမှု ရုပ်များ၏ ကောက်ကျစ်၊ အကွက်ချလှည့်ဖျားခြင်းကို ခံရလေသည်။

၎င်းအနေဖြင့် ဤအလှတုအပြင်ဆိုင်ရာ ရုပ်များ၏ နောက်ကွယ်၌ ကြောက်ဖွယ်၊ ဆိုးရွားအကျည်းတန်ရုပ်ဆိုးသည်ကို သတင်းမရှိကြချေ။

မြောက်များစွာသော လမ်းလွဲလမ်းမှားသူများရှိလေသည်။ ၄င်းတို့ အနေဖြင့် လူငယ်လူရွယ် ကောင်လေး၊ ကောင်မလေးများကို မိမိတို့၏ ကျော့ကွင်း၌ ဖမ်းမိရန်အလို့ငှာ အံ့သြဖွယ်ကောင်းသည် ချစ်ကြောင်း ကြိုက်ကြောင်းဆိုင်ရာ ကဗျာဆန်ဆန် အသဲနှလုံးကို ခိုက်စေလန်းစေသည့် စကားလုံးများဝါကျများ အလွတ်ကျက်ထားလေသည်။

အလွန်တရာပါးနပ် ကျွမ်းကျင်စွာဖြင့် ယုံအောင်လုပ်လေသည်။ ပြီးနောက် အလျှင်အမြန် တိကျလှသည့် ရှိင်တွာန်နီ အကွက်များနှင့် ပညာများ ဖြင့် လူငယ်လူရွယ်တို့၏ နှလုံးသား၌ နေရာရအောင်ယူလေ၏။

ရှေးခေတ်လူကြီးများ ပြောလေ့ရှိပေသည်။ “ပထမ မိမိအတွက် နေရာလုပ်ပါ၊ ပြီးနောက်ကြည့်ပေါ့ … ဘာတွေလုပ်ရတယ်ဆိုတာ…”

ပြီးနောက် ၄င်း၏လုပ်ရပ်သည် လက်ထဲမှထွက်သွားပြီး ပြန်လမ်းမရှိ ဖြစ်သွားလေတော့သည်။ “ ထင်ထားတွေးထားသည့် အတိုင်း မဟုတ်ပဲ၊ ဆန့်ကျင်ဖက် ကိုတွေ့ရလေ၏။ ”

လူငယ်လူရွယ်များအနေဖြင့် မည်မျှပင် လည်လည်ဝယ်ဝယ်နှင့် အသိဥာဏ်ရှိပါက နောက်ဆုံးပထမဦးဆုံး လျှောက်လှမ်းရမည့် ဘ၀ခရီး (အိမ်ထောင်ဖက်ရွေးချယ်ခြင်း) အတွက် လမ်းညွှန်မှုလိုအပ်ပေသည်။ လမ်းညွှန်သူ မည်မျှ အရေးကြီးလိုအပ်ကြောင်း (အထက်ဖော်ပြပါ) ဤလမ်းအတိုင်း လျှောက်ဖူးပြီးသောလူများ မေးကြည့်စေချင်ပါသည်။ ဖွါရစီဘာသာရပ်ဆိုင်ရာ ဝေါဟာရအရ ပြောရမည်ဆိုလျှင် “အဆင့်ဆင့် များကိုကျော်လွှားရန် ဟဇရတ် (သ)ခေဇ်ရ် အတူရှိရန် အရေးကြီးပေသည်။” (မြန်မာလို ဆရာ မပြ နည်း မကျ) ဟုဆိုရပေမည်။

အကြောင်းမှာ “ ဤလမ်းသည်မှောင်မိုက်နေသည်။ မလွဲမသွေ လမ်းလွဲလမ်းမှားမှု အန္တရာယ်ကို မလွဲမသွေကြောက်လန့်ရပေမည်။ ”

ဘာလဲ … အမှန်တကယ် မိဘနှစ်ပါးသည် မိမိတို့၏ သားသမီးများ၏ ရန်သူများဖြစ်ကြပါသနည်း။ ၄င်းတို့ဘ၀အတွက် အကောင်းတကာ့ အကောင်းဆုံးပုဂ္ဂိုလ် ရွေးချယ်ပေးမှုကို ဥပက္ခာပြုကြမည်လော…။

မိဘဆိုသည်မှာ သားသမီးများကို မိမိတို့၏ အသက်ထက်ပင် ပို၍ နှစ်သက်မြတ်နိုးကြလေသည်။ဤအတွက်ကြောင့်လည်းမိမိတို့၏အသက်များကို (လိုအပ်လာလျှင်) စတေးကြလေသည်။

မိဘနှစ်ပါးဆိုတာ ဘယ်လောက်ပဲ ဂျာဟေလ်ဖြစ်နေပါစေ၊ သတင်း မရှိပါစေ၊ လောက၏ အနိမ့်အမြင့်ကို တွေ့ဖူးပြီးသူများဖြစ်ကြပါသည်။ အိမ်ထောင်သည် ဘ၀အတွက် အနာဂတ် အကျိုးအာနိသင် ဖြစ်မည့် ထူးချွန် သည့် ဂုဏ်ပုဒ်များကို သိရှိနားလည်ထားသူများဖြစ်ပြီး စိတ်ကူး၊စိတ်မှန်းနှင့် အမှန်တကယ် ဖြစ်ရပ်ကို ခွဲခြားပေးနိုင်သည့် စွမ်းအားရှင်များဖြစ်ပါသည်။

အားလုံးသော စကားကို ဖြတ်ပြီးပြောရမည်ဆိုလျှင် စာရိတ္တပိုင်း အမြင် အရဆိုလျှင်လည်း မိဘနှစ်ပါးဟာ မိမိတို့၏ သားသမီးများ၏ ဘ၀အတွက် အပြည့်အ၀ လုပ်ပိုင်ခွင့်ရှိပါသည်။ သားသမီးများကို မိမိတို့၏ ရှိသမျှစွမ်းအား၊ အင်အားနှင့်ပျော်ရွှင်မှုများကို စတေးပေးခဲ့သူများဖြစ်လျှက် ဤ အိမ်ထောင် ဖက်ရွေးချယ်ရမည့်ကိစ္စအတွက် အချိန် အနာဂတ် ဘ၀အတွက် အကျိုးအမြတ် ကိုသာပြုသည့် မိဘနှစ်ပါးကို ဤကဲ့သို့သော် အရေးကြီးကိစ္စအတွက် လုံးဝ သီးသန့် ဖယ်ထားရမည်ဆိုသည့် အလုပ်မှာ အလွန်တရာ နှလုံးသားကို ထိခိုက်ပြီး ခါးသီးသည့် လုပ်ရပ်ဖြစ်ပါသည်။ ၄င်းမိဘနှစ်ပါး၏ သန့်ရှင်းဖြူစင် သည့် ခံစားချက်များ တချက်တည်း ပျက်စီးရမည်လော … သားသမီးများ အနေဖြင့် မိမိ၏ လိုအင် တဏှာ ကိုဖြည့်ဆည်းဖို့သာ စဉ်းစားနေကြပါသလော… ပြီးတော့မိဘနှစ်ပါး၏ နှစ်သက်ကြည်ဖြူမှု မရှိဘဲ မိမိဘ၀ကြင်ဖော်အိမ်ထောင် သည်ကိုရွေးချယ် ကြမည်လော …..

သားသမီးများအပေါ် ပြုခဲ့သည့် မိဘများ၏ ကျေးဇူးများကို မေ့လိုက် ရတော့မည်လော… ဤလုပ်ရပ်သည် မည်သည့် “လူ့ အခွင့်အရေး” အရ (လုံးဝ) မကိုက်ညီ မအပ်စပ်ချေ။

သို့သော် ကျွန်တော်တို့၏ ယုံကြည်ချက်အရ မိဘနှစ်ပါးနှင့် လူငယ် လူရွယ် နှစ်ဖက်လုံး ၏အမြင်များ သည်ပြီးပြည့်စုံ သည့်အမြင်များ မဟုတ် ကြောင်း တွေ့ရှိ ရပေသည်။

(အမှန်တကယ်) လူငယ်လူရွယ်သားသမီးများ၏ အိမ်ထောင်ဖက် ကိုရွေးချယ်ပြီး အိမ်ထောင်ပြုခိုင်းဖို့ မိဘနှစ်ပါးတည်း၏ ၀တ္တရားမဟုတ်ချေ။

ဤ ကဲ့သို့ အရေးကြီးကိစ္စအတွက် (မိမိတို့) တည်းသာဆုံးဖြတ်ဖို့ (သားသမီးများ) လူငယ်လူရွယ်များအတွက်လည်း မသင့်တောချေ။

တနည်းအားဖြင့် လမ်းမှန်စနစ်မှန်မှာ နှစ်ဦးနှစ်ဖက်(မိဘနှစ်ပါးနှင့် သားသမီးများ) ပူးပေါင်းကြိုးပမ်းမှု၊ စဉ်းစားတွေးခေါ်မှု၊ အချင်းချင်းညှိနှိုင်း ဆွေးနွေးမှုများ ဤအရေးကြီးသည့် ဘ၀ကိစ္စကို ဆောင်ရွက်ရပေမည်။

ဖခင်များ နှင့် မိခင်များကို ဘ၀ကြင်ဖော်ရွေးချယ်ဖို့အတွက် LOGIC နှင့် အထောက် အထားသက်သေ တစ်ခုတည်းနှင့် ရွေးချယ်လို့ မရဆိုသော အမှန်တရားဖက် ဂရုပြုရန်မဖြစ်မနေ သတိပေးရပေမည်။

တနည်းအားဖြင့် ဤအလုပ်အား ရွေးချယ်ရာ ၌ ယေဘုယျ အဓိကကျ သည့်အခြေခံအရာမှာ လေးနက်မှုဖြစ်ပေသည်။ လူသား အားလုံး၏ လေးနက်မှု သည် တစ်ခုတည်းမဟုတ်ပေ။ ယုတ်စွအဆုံး ညီအစ်ကို နှစ်ယောက်တောင် မတူဘဲကွဲပြားခြားနားမှုတွေ အမြောက် အများရှိလေသည်။

အတင်းအဓမ္မ အစီအစဉ် ကြောင့် အိမ်ထောင်ပြုခဲ့ သည့် အိမ်ထောင် များသည် တည်တံ့ခိုင်မြဲ သည်မှာ အလွန်နည်းလေသည်။ နောက်ဆုံးရလဒ်က တော့ အနှေးနှင့်အမြန်ဆိုသလို ကွာရှင်းပြတ်စဲသို့ ရောက်ရာလေသည်။

အားလုံးထက် အဆိုးရွားဆုံးနှင့် အန္တရာယ် အရှိဆုံးကတော့ …..

မိဘနှစ်ပါးအနေဖြင့် မိမိတို့၏သားသမီးများအတွက် ဘ၀ကြင် ဖော် ရွေးချယ် ချိန်မှာ မိမိတို့၏မှတ်ကျောက်အရ ကောင်းသည် ဆိုသူ အားရွေးချယ် ပေးခြင်း ဖြစ်ပေသည်။ ဤကဲ့သို့သောမိဘများသည် အလွန်တရာလမ်းလွဲလမ်းမှား နေသူများပင်တည်း။

ဒုတိယတဖက်၌လည်း “လူငယ်လူရွယ်” များအနေဖြင့်လည်းများ သောအားဖြင့် လူငယ်လူရွယ်အချိန်အခါ၌ အချစ်မေတ္တာပြင်းထန်မှုသည် မနုဿလူသား၏ မျက်စိများအား ပရ်ဒါအထူကြီး (ကန့်လန့်ကာအထူကြီး) နှင့် ဖုံးအုပ်ထားရ မည်လေသည်။

(ဤအတွက်ကြောင့်) ဤကိုယ်ချင်းစာ၊စာနာတရားရှိသည့်မိခင်ဖခင် များ၊ တတ်သိနားလည်သည့် သူငယ်ချင်းအပေါင်းအသင်းများ၊ ဆွေမျိုးများထံ မှမလွဲမသွေ ဤဘ၀ကြင်ဖော်ရွေးချယ်မှုကိစ္စအတွက် အကူအညီယူရပေမည်။

ပြီးနောက် လူငယ်လူရွယ်များအနေဖြင့် မည်မျှပင် အင်အားခွန်အား ကြီးသူများဖြစ်ကြပါစေ၊ ဘ၀မုန်တိုင်းနှင့် အဖြစ်အပျက် ပြဿနာများကို ဖြေရှင်းနိုင်ရန် မိဘနှစ်ပါး၊ သူငယ်ချင်း မိတ်ဆွေများ၊ ဆွေမျိုးများ၏ အကူ အညီအဖေးအမနှင့် မကင်းနိုင်ချေ။

အကယ်၍လူငယ်လူရွယ်များအနေဖြင့် ဤအရေးကြီးကိစ္စအတွက် မိဘများကို ဘေးချိတ်ထားမည်ဆိုလျှင် ရောက်လာမည့် အနာဂတ်၏ အခက် အခဲအကျပ်အတည်းများအတွက် မိဘနှစ်ပါး၏ ထောက်ပံ့ပေးမှု၊ အကူအညီ၊ အဖေးအမကိုရမည် မဟုတ်ချေ။ အမှန်တကယ် မိဘနှစ်ပါးမှ မိမိတို့အပေါ် ယုံကြည်မှု၊ စိတ်ချမှုကို ဆွတ်ခူးရန် လူငယ်လူရွယ်များအတွက် အထူးအရေး ကြီးလိုအပ်ပေသည်။

စာရိတ္တပိုင်းဆိုင်ရာ အမြင်အရလည်းပဲ လူငယ်လူရွယ်များအနေဖြင့် ဤအရေးကြီးကိစ္စ (ဘ၀ကြင်ဖော်၊ ကြင်ဖက်ရွေးချယ်မှု) အတွက် ကိုယ်ချင်း စာတရားရှိသည့် မိခင်၊ ဖခင်များကို မိမိတို့ အချစ်မေတ္တာနွေးထွေးမှုနှင့်အတူ တွဲဖက် လုပ်ဆောင်ရမည်မှာ ငြင်းမရသည့် သမိုင်းပေးတာဝန်တစ်ရပ်ပင် ဖြစ်ပေသည်။

ဤ အတွက်ကြောင့်လည်း အစ္စလာမ် သာသနာတော်၏ အဆုံးအမ၊ အမိန့် သြ၀ါဒတော်များ၌ ဤကဲ့သို့ ပူးတွဲကြိုးပမ်းမှုကို အလွန်လှပ တင့်တယ် စွာဖြင့် တင်ပြထားပါသည်။

အထူးသဖြင့် မိန်းကလေးများ(အပျိုကညာလေး) များနှင့် ပတ်သက် ပြီးအမိန့် လာရှိလေသည်။ အိမ်ထောင်ပြု၊ ဘ၀သစ်တည်ဆောက်ဖို့ ဦးစွာ ပထမ (ကာယကံရှင်) မိန်းကလေးများ၏ သဘောတူနှစ်မြို့မှု ကိုရယူရ ပေမည်။ ပြီးမှ အုပ်ထိန်းသူများ သဘောတူညီချက်ရယူရမည်ဖြစ်လေသည်။

သို့သော်လည်း ဖခင်အနေဖြင့် မိမိ၏ပုဂ္ဂလိက ကိုယ်ရေးကိုယ်တာ အကျိုးအမြတ်ရှေ့ရှုပြီး မိမိသားသမီးများ၏ အကျိုးအမြတ်ကို မငဲ့ပဲ အိမ်ထောင်ပြုပေးမှုကို (အလွန်တရာ) နည်းပါးစွာတွေ့ရပေမည်။ ဤသည် အစ္စလာမ်ဥပဒေနှင့် သီးခြားသီးသန့်ဖြစ်လေသည်။ (မဆိုင်ချေ။)

ထိုနည်းတူစွာ အိမ်ထောင်ပြုခြင်း၌ သားသမီးများ၏ အကျိုးအမြတ် ရှိပြီး ဤအိမ်ထောင်ပြုမှု ကိစ္စအတွက် ဖခင်မှ တမင်သက်သက်ပွဲပျက်သည့် အခြေအနေကို ရောက်သွားသည့် အခါမျိုးလည်း အနည်းငယ်သာရှိပေသည်။

ဤ (အထက်ဖော်ပြပါ) အခြေအနေနှစ်ခုလုံး၏ အမြင်သည် တရား မ၀င်ချေ။ဤကဲ့သို့သောအခြေအနေမျိုး၌(သားသမီးများအနေဖြင့်)မိဘနှစ်ပါး၏ အမိန့်ကို လိုက်နာကျင့်သုံးရန် မလိုချေ။ (အပြစ်မရှိပေ။)

မှတ်ချက်။ ။ မိဘများ၏ ကိုယ်ရေးကိုယ်တာ အကျိုးအမြတ်ဆိုသည့် ကိစ္စဖြစ်စေ ….. ပွဲပျက်မှု ဆိုသည့်ကိစ္စဖြစ်စေ ….. ရှရီအသ်က သတ်မှတ်ဖို့ လိုလေသည်။ လူများ နှင့် သားသမီးတို့၏ အမြင်အရ မဖြစ်ဖို့ အထူး အရေးကြီးပေသည်။ (အဗ်နာ)


=================
251 / End