အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
သောကြာနေ့

၁၀ နိုဝင်ဘာ ၂၀၁၇

၁၇:၁၈:၃၈
866018

ကျဲဟ်လွန်မ် (ခ) အရ်ဗအီးန် အတွက် ခြေလျင် လမ်းလျှောက်မှု အကြောင်း အမေး အဖြေ

ကျဲဟ်လွန်မ် (ခ) အရ်ဗအီးန် အတွက် ခြေလျင် လမ်းလျှောက်မှု အကြောင်း အမေး အဖြေ ပုံစံဖြင့် ဟိုစိန်နီ မက်ရှင်းန် မှ တင်ပြထား မှုကို အဗ်နာ ပရိတ်သတ်များ အတွက် ဖော်ပြလိုက်ပါတယ်။


ကျဲဟ်လွန်မ် (ခ) အရ်ဗအီးန် အတွက် ခြေလျင် လမ်းလျှောက်မှု အကြောင်း အမေး အဖြေ ပုံစံဖြင့် ဟိုစိန်နီ မက်ရှင်းန် မှ တင်ပြထား မှုကို အဗ်နာ ပရိတ်သတ်များ အတွက် ဖော်ပြလိုက်ပါတယ်။
မေးခွန်းများ နှင့် အဖြေများ ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

မေးခွန်း ။ ။ ဇေယာရသ်ပြုသူ အရေအတွက်နည်းပါသလား ?
အဖြေ ။ ။ မနည်းပါ။ ၄၅သန်း မှ သန်း ၅၀ အထိ ရှိပါတယ်။

မေးခွန်း ။ ။ ကောင်းပြီးဒါဆို နေရာအကြီးကြီး အကျယ်ကြီးနေမှာပေါ့ ?
အဖြေ ။ ။ မဟုတ်ပါ ။ ကီလိုမီတာ ၅၀ ဝန်းကျင်လောက်သာ ရှိပါတယ် ။

မေးခွန်း ။ ။ ရာသီသတုကော် ကောင်းလား ?
အဖြေ ။ ။ နေ့ဆို ပူပါတယ် ၊ညဆို အလွန်အေးပါတယ်။ တစ်ခါတစ်ခါ မိုးပါ ရွာပါသေးတယ် ။

မေးခွန်း ။ ဒါဆိုရင် သူတို့ အတွက် အားလုံး ပြည့်စုံသည့် အဆောက်အဦး နှင့် ကိရိယာ အစုံ ရှိတာပေါ့ ?
ဖြေ။ ။ အများဆုံးသူတို့ဆီမှာ အိတ်တစ်လုံးသာ ပါရှိပါတယ်။ တစ်ချို့ ဆိုအိတ်တောင်မပါဘူး ။

မေးခွန်း ။ ။ ဒါဆိုရင် အားလုံးဟာ ကွန်မန်တို သင်တန်းဆင်းတွေပေါ့ ?
အဖြေ ။ ။ ၃လအရွယ် ကလေးငယ်များ မှ စ၍ အသက် ၉၀ အရွယ် အဘွားအိုများ ၊မသန်မစွမ်းသူများ ၊မျက်ကန်းများ ၊တစ်ချို့ အဖိုးကြီးတွေဆို ပထမဆုံး အကြိမ် မိမိနိုင်ငံက နေခရီး စထွက် ခဲ့သူများလည်းဖြစ်ကြပါတယ်။


မေးခွန်း ။ ။ သူတို့အတွက် သက်တောင့်သက်သာ ဖြစ်စေသည့် အစီးအနင်းတွေ စီစဉ်ထားလား ?
အဖြေ ။ ။ မစီစဉ်ထားပါ ။ အားလုံး ခြေလျင် နီးပါး လမ်းလျှောက်ကြသူများ ဖြစ်ပါတယ်။

မေးခွန်း ။ ။ ဘယ်နှစ်ဦး သေဆုံးသွားပါသလဲ ?
အဖြေ ။ ။ မည်သူမျှ မသေဆုံးပါ ။


မေးခွန်း ။ ။ လမ်းမှာ ဘယ်နှစ်ဦးလောက် ဖျားနာကြပါသလဲ ?
အဖြေ ။ ။ မည်သူမျှ မဖျားနာ ကြာပါ ။

မေးခွန်း ။ ။ ဘယ်နှစ်ဦးလောက် ဖိမိ၍ နင်းမိ၍ သေဆုံး သွားပါသနည်း ?
အဖြေ ။ ။ မည်သူမျှ မသေဆုံးပါ။

မေးခွန်း ။ ။ ဤလူအုပ်ကြီး အတွင်း ရန် ဖြစ်တာ တို့ ၊ ပြဿနာဖြစ်တာတို့ ထိုးတာ ကြိတ်တာ ရှိပါသလား ? တစ်ယောက် နှင့် တစ်ယောက် စကားကော်နားလည် ကြပါသလား ?
အဖြေ ။ ။ (မရှိပါ) နိုင်ငံပေါင်း ၁၂၀ မှဇေယာရသ် ပြုသူများ ဖြစ်ကြပါတယ်။ တစ်ယောက်နှင့် တစ်ယောက်အပြန်အလှန် ချစ်ချစ်ခင်ခင် ဆက်ဆံကြပါတယ်။

မေးခွန်း ။ ။ ငြိမ်ဝပ်ပိပြားမှု ရှိနေတဲ့ နိုင်ငံမှာ လား ?
အဖြေ ။ ။ ကမ္ဘာ့ မငြိမ်သက်ဆုံး နိုင်ငံများ မှ တစ်နိုင်ငံဖြစ်ပါတယ်။ နှစ် ၃၀ ခန့် စစ် ဖြစ်ပွားနေသည့်အတွက် ဤနိုင်ငံမှာ ဆောက်အဦး အားလုံး နီးပါး ပျက်စီး ခဲ့ပါတယ်။

မေးခွန်း ။ ။ ဒါဆို ဤဇေယာရသ်ပြုသူများ ၏ ရန်သူ မရှိဘူးပေါ့ ? (သို့မဟုတ်) ရှိလျှင်လည်း အဝေး နေရာမှာပေါ့ ?
အဖြေ ။ ။ လက်နက်အပြည့်ကိုင်ထားသည့် ထောင်ပေါင်းများစွာသော ရန်သူတွေဟာ ကီလိုမီတာ ၃၀၀ခန့် အကွာ တွင် ရှိပါတယ်။ ဇေယာရသ်ပြုသူတွေ၏ ခေါင်းကို ဖြတ်ရတာကို ဂျန္နသ် (သုခဘုံ) သွားရမည့် ဝင်ခွင့် လက်မှတ် အဖြစ်ခံယူထားတဲ့(ဝဟာဘီတွေ )ဖြစ်ပါတယ်။

မေးခွန်း ။ ။ ဇေယာရသ် ပြုသူတွေ၏ ရန်သူဟာ အလွန် အင်အား ပျော့နည်းသူတွေပေါ့ ?
အဖြေ ။ ။ အခု အချိန်မှာ ၂ နိုင်ငံ၏ စစ်တပ် ၊ ၁၅ နိုင်ငံ၏ လေတပ် သူတို့ ကို (အပြတ် ရှင်းပြီး) နိုင်အောင်မလုပ် နိုင်သေးပါ ။

မေးခွန်း ။ ။ ဒါဆို ဒီဇေယာရသ် ပြုသူတွေဟာ ဂြိုလ်သားတွေ ဂြိုလ်သူတွေလား ?
အဖြေ ။ ။ မဟုတ်ပါ ။ မဟာတမန်တော်မြတ် ကြီး မိုဟမ္မဒ် (ဆွ) နှင့် ကိုယ်တော် မြတ် ၏ အနွယ်တော် မွန် အဲဟ်လေ့ဘိုက်(သ) (အ.စ) ကို အချစ်ထားတဲ့ မွတ်စလင်မ် များ (ရှီအာ + စွန်နီ ) ဖြစ်ပါတယ်။ ကိုယ်တော်မြတ် (ဆွ) ၏ မြေးတော် အတွက် မိမိတို့ပိုင်ဆိုင်မှု မှန်သမျှကို စတေးရန် အသင့်ရှိနေသူတွေဖြစ်ပါတယ်။

ဘာလဲ ? အလ္လာဟ် ဟိုအရှင်မြတ်သခင်အနေဖြင့် လက်ကိုင်တုတ် ကို နဂါး ဖြစ်အောင် မပြောင်းပြသ၍ လူကြီးမင်းများ အနေဖြင့် အီမာန် သက်ဝင်ယုံကြည်ကြမည် မဟုတ်ပါသလော?

Ref : ဟိုစိန်နီ မက်ရှင်းန် /Telegram /

===================
251/ end