အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္လာနေ့

၂၂ ဧပြီ ၂၀၁၉

၁၈:၄၀:၄၇
938004

ရှီအာမွတ်စလင်မ် တို့၏ပင်းမ ကျမ်းကြီး များ

ရှီအာ မွတ်စလင်မ်များ၏ အကျော်အမော် အိုလမာ များမှ သုံးပါး အနေဖြင့် အရေးကြီး ပင်းမ ကျမ်းကြီး ၅ ကျမ်းကို ပြုစု ရေးသားခဲ့ပါတယ်။အဗ်နာ ပရိတ်သတ်များ အတွက် တင်ပြလိုက်ပါတယ်။

         ရှီအာ မွတ်စလင်မ်များ၏ အကျော်အမော် အိုလမာ များမှ သုံးပါး အနေဖြင့် အရေးကြီး ပင်းမ ကျမ်းကြီး ၅ ကျမ်းကို ပြုစု ရေးသားခဲ့ပါတယ်။

 

         ပထမအာလင်မ်ကြီး ဟဇရသ် အာယာသွလ္လာဟ် အဗူဂျအ်ဖရ် မိုဟမ္မဒ် ယအ်ကူးဗ် ကိုလိုင်းနီ (ရ.ဟ) ရေးသား သီးကုံးခဲ့သည့် စာအုပ်မှာ ကေသာဗ် အလ်ကာဖီ ( کتاب الکافی) ဖြစ်ပါတယ်။ ဤ အာလင်မ်ကြီး၏ မွေး သက္ကရာဇ် မှာ ဟီဂျရီ ၂၅၀ခုနှစ် ဖြစ်ပြီး အလ္လာဟ် ဟို အရှင်မြတ် ၏ အမိန့်တော်ကို ခံယူသည့် သက္ကရာဇ်မှာ ဟီဂျရီ ၃၂၉ ခုနှစ် ဖြစ်ပါတယ် ။ ၇၅ နှစ်တိုင် ဘဝတည်ဆောက်ခဲ့ပါတယ်။

 

         ဒုတိယ အာလင်မ် ကြီး ဟဇရသ် အာယာသွလ္လာဟ် ရှိက်ခ် မိုဟမ္မဒ် ဗင် အလီဗင် ဟိုစိန် ဗါဗူရေဟ် ကွမ်းမီ (ရ.ဟ) ရှိက်္ခဆဒူးခ် အမည် နှင့်ကျော်ကြား သူ ဖြစ်ပါ တယ်။၎င်းရေး သားသီးကုံးခဲ့သည့် မိခင်ကျမ်းမှာ ကေသာဗ် မန်လာယဟ်ဇရိုဟိုလ်ဖကီယဟ် ( کتاب من لا یحضره الفقیه) ဖြစ်ပါတယ် ။ နောက်တစ်ကျမ်း ကတော့ မဒီနသိုလ်အေလ်မ် ( مدینة العلم) ဖြစ်ပြီး ၁၀ တွဲရှိပါ တယ် ။ သို့သော် ဤကျမ်းမှာ မတွေ့ရတော့ချေ။ ကေသာဗ် မန်လာယဟ်ဇရိုဟိုလ်ဖကီ ယဟ်ထက် ပင် ပို၍ ကြီးပါတယ် ။

 

         ဤ အာလင်မ်ကြီး၏ မွေး သက္ကရာဇ် မှာ ဟီဂျရီ ၃၀၆ ခုနှစ် ဖြစ်ပြီး အလ္လာဟ် ဟို အရှင်မြတ် ၏ အမိန့်တော်ကို ခံယူသည့် သက္ကရာဇ်မှာ ဟီဂျရီ ၃၈၁ ခုနှစ် ဖြစ်ပါတယ် ။ ၇၅ နှစ်တိုင် ဘဝတည်ဆောက်ခဲ့ပါတယ်။

 

         တတိယ အာလင်မ် ကြီး ဟဇရသ် အာယာသွလ္လာဟ် ရှိက်ခ် မိုဟမ္မဒ် ဗင် ဟစန် အသ်သူစီ ရရ.ဟ) ရှိက်္ခ ခို သွာအေဖာ အဖြစ်ကျော်ကြား သူဖြစ်ပါတယ်။ ၎င်းရေး သားသီးကုံးခဲ့သည့် မိခင် ကျမ်း မှာကေသာဗ် သဲဟ်ဇီးဘိုလ်အဲဟ်ကာမ် ( تهذیب الاحکام) နှင့် အလ်အစ် သစ်ဗ်စေရာ ( الاستبصار) ဖြစ်ပါတယ်။ ဤ အာလင်မ်ကြီး၏ မွေး သက္ကရာဇ် မှာ ဟီဂျရီ ၃၈၆ ဖြစ်ပြီး အလ္လာဟ် ဟို အရှင်မြတ် ၏ အမိန့်တော်ကို ခံယူသည့် သက္ကရာဇ်မှာ ဟီဂျရီ ၄၆၀ ခုနှစ် ဖြစ်ပါတယ် ။ ၇၅ နှစ်တိုင် ဘဝတည်ဆောက်ခဲ့ပါတယ်။

 

         ကျမ်းကြီး လေးကျမ်း သာ လက်လှမ်းမီခဲ့ပါတယ်။ ဤအတွက်ကြောင့် ဤကျမ်းများ ကို ကူသွန်ဗ်ဗေအရ်ဗာ အမည်ဖြစ်ကျော်ကြားပါတယ်။ ကျွန်ုပ်တို့၏ မက်သဗ်ဗေအဲဟ်လေ့ဘိုက် (အ.စ) (ခ) ရှီအာ အေမာမ်မီယာ ၏ အကြီးများဆုံးသော ကျမ်းကြီး လေးကျမ်းဖြစ်ပါတယ်။ အမှန်တကယ်တော့ ဤကျမ်းဂန်များ၏ အဆင့်အတန်း မှာ အလွန် မြင့်မားပါတယ်။ သို့သော် လည်းပဲ မည်သည့်အခါမှ ဆဟီးစ်ဆိုတဲ့ ခေါင်းစဉ် မတတ်ထားပါဘူး။ဆိုလိုသည်မှာ ဆဟီး ကာဖီ ၊ဆဟီး သဲဟ်ဇီးဗ် စသည် ဖြင့် မခေါ်ဆိုထားပါ။ ပြီးနောက် ကျမ်းတော်မြတ်ကုရ်အာန်ပြီးနောက် အမှန်ကန် ဆုံး ကျမ်းဆိုပြီး လည်း မည်သူ တစ်ဦး တစ်ယောက်ကမျှ စိန်ခေါ်ရေးသားထားခြင်းမျိုးမရှိပါ ။

 

         အချို့ ရှီအာတွေကတော့ ပြောပါတယ် ။ (မအာဇလ္လာဟ် )အေမာမ်ဇမာန်း (အ.ဂျ) မှ ဤ ကဲ့သို့ မိန့်တော် မူ ထား ၏။

 

اماماقیل من المهدی علیه السلام قال ان الکافی کاف لیشیعتنا فانه قول مجهول راویه ولم یسم أحد اسمه ویدل علی بطلانه تالیف مأة کتب الحدیث بمدرسة اهل البیت بعد الکافی مثل مت لا یحضره الفقیه ، مدینة العلم ، تهذیب الاحکام والاستبصار ، البحار ، ووسائل الشیعة و جامع احادیث الشیعة إلی غیرها

 

           

        အေမာမ်ဇမာန်း (အ.ဂျ) မိန့်တော်မူသည်။ ကေသာဗ်ဗေကာဖီကျမ်းသည် ကျွန်ုပ်၏ ရှီအာများ အတွက် ကာဖီ (လုံလောက်) ပေသည်။ ဤဆင့်ပြန်မှု သည် မဂ်ျဟူးလ် ဆင့်ပြန်မှု ဖြစ်ပါတယ်။ရဝီမည်သူ မည်ဝါ ဆိုတာကို မသိသလို မည်သူမည်ဝါ ဖြစ်ကြောင်းကိုလည်း မည်သူမျှမပြောဆို ထားချေ။ ဤဆင့်ပြန်မှု မမှန် ကြောင်း သက်သေ မှာကေသာဗ်ဗေ ကာဖီ ရေးသား ပြီးနောက် သန်းပေါင်းများ စွာသော (အမြောက်အများ ) မက်သဗ်ဗေအဲဟ်လေ့ဘိုက် (အ.စ)(ခ) ရှီအာ အေမာမ်မီယာ တွင် ကျမ်းများ ရေးသား သီးကုံးခဲ့ပါတာကြောင့် ဖြစ်ပါတယ်။ ဥပမာ အား ဖြင့် မန်လာ ယဟ် ဇရိုဟိုလ်ဖကီယဟ် ၊ မဒီနသိုလ်အေလ်မ် သဲဟ်ဇီးဘိုလ်အဲဟ်ကာမ် ၊ အလ်အစ် သစ်ဗ်စေရ် ၊ ဗေဟာရွလ်အနာဝရ် ၊ ဝစါအေ ရှီအာ ၊ ဂျမေအ်အဟာဒီးစ်အရှ်ရှီအာ စသည်ဖြင့် ဖြစ်ပါတယ် ။

 

ကိုးကားသည့်ကျမ်း

علامه سید مرتضی عسکری ره - معالم المدرستین ، ج 3 ص 387