အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
အင်္ဂါနေ့

၂၃ ဧပြီ ၂၀၁၉

၁၈:၀၁:၅၉
938111

အဗ်ဒိုလ္လာဟ် ဗင်ဆ ဗါ ၏ အကြောင်း တစေ့တစောင်း

အဗ်ဒိုလ္လာဟ် ဗင်ဆ ဗါ ၏ အကြောင်း တစေ့တစောင်း အဗ်နာ ပရိတ်သတ်များအတွက်ဖော်ပြလိုက်ပါတယ်။

 

အချို့ စာရေး ဆရာများ ၏ ရေးသားချက်များအရ ရှီအာမဇ်ဟဗ်သည် အွန်စမန် ၏ ခေလာဖသ်လက် ထက်ကုန်ပိုင်းတွင် ပေါ်ပေါက်လာသည်။ရှီအာ မဇ်ဟဗ် ကို ထူထောင်သူမှာ အဗ်ဒိုလ္လာဟ် ဗင် ဆဗါ အမည်ရှိ ပုဂ္ဂိုလ်မှ ထူထောင်ခဲ့ကြောင်း ရေးသားထားပါတယ် ။ ၎င်းစာရေး ဆရာများ၏ အမြင်အရ အဗ်ဒိုလ္လာဟ် ဗင် ဆဗါ သည် ရဟူဒီ လူမျိုး ဖြစ်ပါတယ်။တတိယခလီဖာ ခေတ်မှာ အစ္စလာမ် ဘာသာကို လက်ခံ ခဲ့ပြီး အမြင်ပိုင်းအရ မွတ်စလင်မ် ဖြစ်သွားသူဖြစ်ပါတယ်။အမှန်တကယ်တော့ ၎င်း၏ အဓိက ရည်ရွယ်ချက်မှာ အစ္စလာမ်မီ အကီဒါများတွင် အပြောင်း အလွဲများ ပြုလုပ်ရန် ဖြစ်ပါတယ်။ ဤအတွက်ကြောင့် ဟဇရသ်အလီ (အ.စ) ၏ ခေလာဖသ် သေ ဗေလာဖဇ် (ကိုယ်တော်မြတ် (ဆွ) ပြီးနောက်ချက်ချင်းမောင်လာအလီ (အ.စ) ခလီဖာ ဖြစ်ကြောင်း ) အမြင်ကို တင်ဆက်ခဲ့သူဖြစ်ပါတယ် ။ ပြီးနောက် အေမာမ်မသ် အတွက် အေစ်မာသ် (ပစ်မဲ့၊ဂိုနာ မဲ့ ) ဖြစ်ဖို့ စည်းမလွဲမသွေ လိုကြောင်း ထိုနည်းတူစွာ အေမာမ်မသ် သည် နိုင်ငံရေး အတွက် သာမန် အရေးကြီး လိုအပ်ချက် တစ်ခု ပေသည်။ ဤကိစ္စကို အရေးပါအောင်လုပ်ရပေမည်။

 

အဗ်ဒိုလ္လာဟ် ဗင်ဆဗါ အနေဖြင့်ပင် အတိတ်က ခလီဖာ များ၏ခေလာဖသ် ကို မတရား ကျူးကျော် ခဲ့ကြောင်းကြေညာခဲ့ပါတယ် ။လူထု ကို ခေတ်ကာလ၏ ခလီဖွာ ကို တော်လှန်ဖို့ ပြုရန် စည်းရုံးခဲ့ ပါတယ် ။ နောက်ဆုံး ခလီဖွာ ကို တော်လှန်သူများ ၏လက်ချက်ဖြင့် တတိယ ခလီဖွာ အသတ် ခဲ့ လိုက်ရပါတယ် ။

 

ဤသို့ဖြစ် ဤစာရေးဆရာများ အနေဖြင့် သည် (မိမိတို့) စိတ်ကူး ဖြင့် ရှီအာ ထူထောင်သူဟု ပုံဖော် ခဲ့ကြပါတယ် ။ အဗ်ဒိုလ္လာဟ်ဗင်ဆဗါ သည် စိတ်ကူးယဉ် (လုပ်ကြံမှု ) တစ်ခု သာ ဖြစ်ပါတယ် ။ အကြောင်းမှာ အဗ်ဒိုလ္လာဟ်ဗင် ဆဗါ သည် ရှီအာမဇ်ဟဗ် ကို စထူထောင်ခဲ့သူဖြစ် ကြောင်း ကျမ်း တော်မြတ် ကုရ်အာန် ၊စွန္နတ်တော် ၊ အမီးရွလ်မိုအ်မေနီ ဟဇရသ် အလီ (အ.စ) နှင့် မဟာ တမန်တော်မြတ် ကြီး မိုဟမ္မဒ် (ဆွ) နှင့် ကြီးမားသည့်ဆွဟဗာ တော်များ ၏ ဘဝတည်ဆောက်မှုမှု ၊ ၎င်း တို့တို့၏ လုပ်ရပ်များ ၊ မိန့်ခြွေမှုများ တွင် မတွေ့ရချေ။

 

ကျမ်းကိုး ။ ။ درآمدی به شیعه شناسی - علی ربانی گلپایگانی ص 66

 

المذاهب الإسلامیة ص 46 ، السنةو الشیعة ص 4-6

 

ဆက်လက်၍ ၎င်း ၏ အကြောင်း ကို အခြား ကျမ်းကြီး များတွင် လေ့လာ နိုင်ပါသည်။

==============

251 / end