အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : face book ثقلین page
ကြာသပတေးနေ့

၉ မေ ၂၀၁၉

၁၅:၅၃:၅၁
940383

နေ၀င်မှဝါဖြေပါ။ (ကျမ်းတော်မြတ်ကုရ်အာန်မှဝါဖြေချိန်)

ရိုဇာဆိုသည်မှာ မွစ်လင်မ်များသည် နံနက် ဆွုဘ်(ဟ်)အဇာန် ပေးသည့် အချိန်မှ မက်(ဂ်)ရိ(ဘ်)အချိန်ထိအလ္လာဟိုအသျှင်မြတ်၏ အမိန့်တော်အား နာခံရန်အတွက် ဥပုဒ်သီလဆောက်တည်ကြခြင်း ဖြစ်သည်။ဥပုဒ်သီလနှင့်စပ်လျင်း၍ကျမ်းတော်မြတ်ကုရ်အာန်(၂:၁၈၃)(၂:၁၈၄) ( ၂:၁၈၅)( ၂:၁၈၅)( ၂:၁၈၇)တို့မှာ အလ္လာဟိုအ သျှင်မြတ်ကမိန့်ဆိုထား သည်မှာ ...

နေ၀င်မှဝါဖြေပါ။ (ကျမ်းတော်မြတ်ကုရ်အာန်မှဝါဖြေချိန်)

ပုံကိုကြည့်လိုက်ပါ။ နေမ၀င်ခင်ဝါဖြေနေကြတဲ့မွစ်လင်မ်ပါ။

ရိုဇာဆိုသည်မှာ မွစ်လင်မ်များသည် နံနက် ဆွုဘ်(ဟ်)အဇာန် ပေးသည့် အချိန်မှ မက်(ဂ်)ရိ(ဘ်)အချိန်ထိအလ္လာဟိုအသျှင်မြတ်၏ အမိန့်တော်အား နာခံရန်အတွက် ဥပုဒ်သီလဆောက်တည်ကြခြင်း ဖြစ်သည်။ဥပုဒ်သီလနှင့်စပ်လျင်း၍ကျမ်းတော်မြတ်ကုရ်အာန်(၂:၁၈၃)(၂:၁၈၄) ( ၂:၁၈၅)( ၂:၁၈၅)( ၂:၁၈၇)တို့မှာ အလ္လာဟိုအ သျှင်မြတ်ကမိန့်ဆိုထား သည်မှာ

"ထိုမှတပါးအသင်တို့သည်ချည်မျှင်အနက်(တည်းဟူသော်ညဥ့်၏အမှောင်:)မှချည်မျှင်အဖြူ(တည်းဟူသော်:)နံနက်မိုးလင်းအာရုံဏ်တက်ချိန်၏အ လင်းရောင်ပေါ်လွင်ထင်းရှားလာလေသည့်တိုင် အောင်(အစားအဟာ ရများကို:)စားသောက်ကြကုန်လော" တဖန်အသင်တို့သည် (ယင်းအ လင်ရောင်ပေါ်လာသည်မှနေဝင်၍:) ညဥ့်အချိန်(ကျရောက်လာသည့်:)တိုင်အောင်အချိန်ပြည့်ဥပုဒ်သီ လဆောက်တည်ကြကုန်လော"( ၂:၁၈၇)

အလ္လာဟိုအသျှင်မြတ်ကကျမ်းတော်မြတ်ကုရ်အာန်မှာမနက်စာကိုအလင်းရောင်ပေါ်လွင်ထင်းရှားလာလေသညတိုင်စားသောက်ခွင့်ပြုထားပြီးနေဝင်ပြီးညချိန်ကြ ရောက်မှဝါဖြေခိုင်းထားတာအတိအ လင်းမိန့်ဆိုထားပါ လျက် ယခုမွစ်လင်မ်အများစုသည် ညဆိုတာ လုံးဝမကြရောက်သေးခင် ဝါဖြေကြ ပါသည်။
အလင်းလုံးဝရှိသေးတဲ့ချိန်ကိုဝါပိတ်ချိန်သတ်မှတ်ထားတာဟာ ကျမ်းတော်မြတ် ကုရ်အာန်နဲ့ လုံးဝဆန့်ကျင် နေပါသည်။ တမန်တော်မြတ်(ဆွ)နေဝင်ပြီးမှဝါဖြေခဲ့ပါသည်။

နေဝင်ချိန်၊နေဝင်ဆည်းဆာချိန်၊ညချိန်ကိုကုရ်အာန်မှာ ခွဲခြားထားတာ တင်ပြ ပါမည်။
ကျမ်းတော်မြတ်ကုရ်အာန်မှာ
"ငါအရှင်မြတ်သည်နေဝင်ဆည်းဆာ(နေဝင်ပြီးနောက်ကျန်ရှိသော)ရောင်နီကိုသက်သေထူတော်မူ၏။(၈၄:၁၆)
"ထိုပြင်ငါအရင်မြတ်သည်ညဥ့်ကိုလည်းကောင်းထိုညဖုံးလွမ်းသော်အရာများကိုလည်ကောင်း(သက်သေထူတော်မူ၏:)။" (၈၄း၁၇)
ထိုကြောင့်နေဝင်ချိန်နေဝင်ဆည်းဆာချိန်ညချိန် ဆိုပြီး သုံးမျိုးပိုင်ခြား ထား ပါသည်။ မက်(ဂ်)ရိ(ဘ်) အချိန် သည် ည အချိန်လုံးဝမ ဟုတ်သေးပါ။

မှားနေသည်ကိုသိရက်နဲ့ဆက်လက်ကျင့်နေမည်ဆိုပါကကေယာ မတ် ရှင်ပြန်ထရမည့်နေ့မှာမည်သို့ဖြေဆို ကြမလဲ?

ကျမ်းတော်မြတ်ကွရ်အာန်သည်နောက်ဆုံးတမန်တော်မုဟမ္မဒ်(ဆွ)ထံလူသားတို့အား လမ်းညွှန်မှုပြုရန် ထုတ်ဖော်ပြောကြားခဲ့သော အလ္လာဟ်အ ရှင်မြတ်၏ စကား ဖြစ်သည်။ ထိုအရာသည်အမှန်တရားဖြစ်၍မှားယွင်းမှုမည်သည့်အခါမှရောက်ရှိ မည်မဟုတ်ပေ။ထိုကျမ်းသည် အစ္စလာမ် ရှရီ အသ်၏ အခြေခံ အုတ်မြစ်ဖြစ် သည်။ ထိုကျမ်းသည်အလ္လာဟ်အရှင်မြတ်၏ ပြီးပြည့် စုံသော စာအုပ် ဖြစ်ပြီး ထို ကျမ်းတွင် မည်သည့်အရာမှပေါင်းထည့်ခွင့် မရှိသလိုဖြုတ်ချခြင်း လည်း မပြုလုပ်နိုင်၊ပြောင်းလဲမှု လည်းပြုခွင့်မ ရှိသော စာအုပ်ဖြစ် သည်။မွစ်လင်မ်မ ဟုတ်သောပညာရှင်များပင် လျှင်ကျမ်းတော်မြတ်ကွရ်အာန် အားချွင်းချက် မရှိကြောင်းလက် ခံကြသည်မှာတမန်တော်မြတ်(ဆွ)၏ နေ့ရက်များမှသည် ယနေ့ တိုင် ဖြစ်သည်။

ကျမ်းတော်မြတ်ကွရ်အာန်တွင်"ကေယာမတ်ရှင်ပြန်ထရမည့်နေ့တွင်လမ်းလွဲစေခဲ့သောသာသနာ့ခေါင်းဆောင်းများနှင့်လည်းကောင်း တို့နောက်အားမျက်စိမှိတ်ယုံကာလိုက်နာခဲ့ကြသောနောက် လိုက်သူ တို့အားအပြစ်ပေးခံကြရမည်ဖြစ်ကြောင်း။" (၃၄:၃၁, ၃၃:၆၇-၆၈)

Credit to Ghazi Ashraf

မိုအ်မေနီးန်တို့ မိမိ'ရိုဇာ'ရဲ့အခြေအနေမှာ ဂရုစိုက်ကြပါခင်ဗျာ။

(၅)မျိုးသောအလုပ်သည်'ရိုဇာ'၏စဝါးဘ်ကိုပပျောက်စေ၏။လိမ်ညာပြောခြင်း၊ တင်းဖျင်းပြောခြင်း၊ ချောက်တွန်းခြင်း၊ လိမ် လည် ၍ကစမ်စားခြင်း၊ တဏှာမကင်းသောအကြည့်၊

ဟဇရသ်မိုဟမ္မဒ်(ဆွ)

ယာအလ္လာဟ်အရှင်မြတ်၊ကျွန်တော်မျိုးမုစ္စလင်မ်အပေါင်းတို့၏အီမာန်ယုံကြည်မှုကိုပြည့်စုံသောအီမာန်အဖြစ်ပေးသနားတော်မူပါ။ခံယူချက်ကို အကောင်းဆုံးခံယူ ချက်အဖြစ်သတ်မှတ်ပေး သ နားတော် မူပါ။ နီယသ် အဓိ ဋ္ဌာန်အားအကောင်းဆုံးအဓိဋ္ဌာန် အဖြစ်သတ်မှတ်၍မုစ္စ လင်မ်အပေါင်းတို့၏ကျင့်ကြံမှုများအားအကောင်းဆုံးနှင့်အမြင့်မြတ်ဆုံးသော ကျင့်ကြံမှုများ အဖြစ် သတ်မှတ် ပေးသနားတော်မူပါ။

=============

251 / End