အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
သောကြာနေ့

၁၁ အောက်တိုဘာ ၂၀၁၉

၁၈:၁၁:၄၈
981800

အာယာသွလ္လာဟ် ယအ်ကွဒ်ဘီ ၏ ရုံးမှာ ကျဲဟ်လွန်မ် ဇေယာရသ်လာသူများကို ဧည့်ခံရန်အတွက် အသင့် ဖြစ်

အီရတ်နိုင်ငံ နဂျဖ်ဖေအရှ်ရဖ် မြို့ တွင်နေထိုင်နေသည့်မရ်ဂျာယေ သက်္ကလီးဒ်တော်များမှ တစ်ပါး ဖြစ်သည့် ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ယအ်ကူဘီ၏ ရုံးမှ ကျဲဟ်လွန်မ် ဧည့်ဝတ်ပြု တဲအသီးသီး နှင့် တွေ့ဆုံ ဆွေးနွေးပြီးနောက် မိမိတို့ဘက်မှ ကျဲဟ်လွန်မ် ဇေယာရသ်လာသူများကို ဧည့်ခံရန်အတွက် အသင့် ဖြစ် နေကြောင့် ကြေညာခဲ့ပါတယ်။


အာယာသွလ္လာဟ် အလ်အွဇ်မာ ရှိက်္ခ ယအ်ကွဒ်ဘီ ၏ ရုံး၏ တာဝန်ခံ ပြောရေးဆိုခွင့်ရှိသူ ဟွတ် ဂျသုလ် အစ္စလာမ် ရှိက်္ခ မဂျီးဒ် အလ်အဗူဒီ အနေဖြင့် ကျဲဟ်လွန်မ် ဇေယာရသ်ပြု သူများအား ဧည့်ခံ ကျွေးမွေးမည့် ကိစ္စ နှင့်ပတ်သက်ပြီး ဧည့်ခံတဲ ပိုင်ရှင်များ သက်ဆိုင်သူများ နှင့် ဆွေးနွေးတိုင်ပင်မှု များကို ပြုခဲ့ကြောင်း ၊ဇေယာရသ်ပြုသူများ အား အကျိုးပြုလုပ်ငန်းကို နည်းလမ်းအသွယ်သွယ် ဖြင့် ကူညီ ဆောင်ရွက် ပေးရန် အပြန်အလှန် ဆွေးနွေးတိုင်ပင်မှုများပြုလုပ်ခဲ့ကြောင်း သိရှိခဲ့ရပါတယ်။

ဟွတ် ဂျသုလ် အစ္စလာမ် ရှိက်္ခ မဂျီးဒ် အလ်အဗူဒီ အနေဖြင့်ဆက်လက်ပြီး အာယာသွလ္လာဟ် အလ်အွဇ်မာ ရှိက်္ခ ယအ်ကွဒ်ဘီ ၏ ရုံးဘက်မှ ဘက်စုံအကျိုးတော်ဆောင် လုပ်ငန်းများ အထူးသဖြင့် ဘာသာရေးကိစ္စများတွင် ကျဲဟ်လွန်မ် ဇေယာရသ် ပြုသူများအား ဧည့်ခံ သွားဖို့ အသင့် ဖြစ်နေ ကြောင်း ပြောကြားခဲ့ပါတယ်။

ကျဲဟ်လွန်မ် ဇေယာရသ် ပြုသူများအား ဧည့်ခံတဲများ ၏ သက်ဆိုင်သူ တာဝန်ခံများ အနေဖြင့်လည်း ဧည့်ခံဖို့ အတွက် အသင့်ဖြစ် ကြိုဆိုနေကြောင်း သိရှိပါတယ်။

====================================

END / 251