အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အကိုး အကား : ABNA
ဗုဒ္ဓဟူးနေ့
၁၁ ဒီဇင်ဘာ ၂၀၁၉
၂၀:၁၈:၄၅
993171
ဟဇရသ် အာယာသွလ္လာဟ် မကာရေမ် တင်ပြသည့် အိမ်ထောင်ရေး ကိစ္စ ဆိုင်ရာများ မှ ကဏ္ဍ ၃ခု
ဟဇရသ် အာယာသွလ္လာဟ် မကာရေမ် တင်ပြသည့် အိမ်ထောင်ရေး ကိစ္စ ဆိုင်ရာများ မှ ကဏ္ဍ ၃ခု အဗ်နာ ပရိတ်သတ်များ အတွက် တင်ပြအပ်ပါတယ်။
အခန်းကဏ္ဍ (၁)
အိမ်ထောင်ဖက်ရွေးရာ၌ အခက်အခဲပြဿနာများ
         အရွယ်ရောက်လူငယ်လူရွယ်တိုင်းသည် ဤအခက်အခဲ ပြဿနာနှင့် ရင်ဆိုင်ကြရပေသည်။
         ကျွန်တော်တို့သိရှိထားသည့်အတိုင်း လက်ထပ်ထိမ်းမြားခြင်းစာရင်း သည် ဂရုပြုရမည့်အတိုင်း အတာအထိ ကျဆင်းလာပြီး ၄င်းနှင့်ဆန့်ကျင်ဖက် လက်ထပ်ထိမ်းမြားရမည့်အသက်အရွယ်တွင် ထိမ်းမြားခြင်း(အသက်ကြီးမှ အိမ်ထောင်ပြုခြင်း) သည်အထူးသဖြင့် မြို့ကြီးပြကြီးများတွင် နေထိုင်ကြ သူများ၊ ယဉ်ကျေးမှုများ ဆက်ခံသည့်မြို့ များနေသူများအတွင်း များပြားလာ သည်ကိုတွေ့ရပေသည်။
         မည်မျှအထိ အသက်အရွယ်ကြီးပြင်းမှ လက်ထပ်ထိမ်းမြားကြသည် ဆိုလျှင် လူငယ်၊လူရွယ်တို့၏ ပျော်ရွှင်ကြည်နူးမှု၊ နုပျိုလန်းဆန်းမှု၊ အရွယ်ကောင်းမှု၊ လူငယ်လူရွယ် သဘာဝရှိမှုကို ယေဘုယျအားဖြင့် ဆုံးရှုံး ရသည့်အချိန်၊ သဘာဝတရား အရအကောင်း တကာ့အကောင်းဆုံး အိမ်ထောင်ပြုရမည့် အချိန် ကုန်ဆုံးသွားချိန်တို့၌ ဖြစ်ကြပါသည်။
         အိမ်ထောင်ပြု၊ လက်ထပ်ထိမ်းမြားရာတွင် နောက်ကျ၊ အချိန်ကုန် ရခြင်း၏ အကြောင်းအရာ အမြောက်အမြားရှိလေသည်။ အောက်ဖော်ပြပါ အချက် လေးချက် သည် အရေးကြီးဆုံးအချက်များပင်ဖြစ်ပါသည်။
အကြောင်းအရာ(၁) - ပညာဆည်းပူးချိန် အချိန်များကြာရှည်ရခြင်း
အကြောင်းအရာ(၂)   - တရားမ၀င်ဆက်သွယ်မှု (သမီးရည်းစားဘ၀ဖြင့်)ကို
                         အလွယ်တကူပုံဖော်နိုင်ခြင်း
အကြောင်းအရာ(၃) - (နှလုံးသား၏ တောင်းဆိုမှုနှင့်အညီ) ဘ၀အတွက်
                         အရေးကြီးလိုအပ်ချက်များကို ဖန်တီးပေးနိုင်ခြင်းနှင့်
                         လက်ထပ်ထိမ်းမြားဖို့ စရိတ်ကြီးမားခြင်း။
အကြောင်းအရာ(၄)   - လူငယ်၊ လူရွယ် ယောက်ျားနှင့် မိန်းကလေးများ
တစ်ဦးနှင့်တစ်ဦး အပြန်အလှန် စိတ်မချ မယုံကြည်       ကြခြင်း၊ တို့ဖြစ်ပါသည်။
     ကျွန်တော်အနေဖြင့် ဤနေရာ၌ အရေးအကြီးဆုံး အခန်းကဏ္ဍတွင် ပါဝင်နေသည်ဖြစ်သည့်ပထမအကြောင်းအရာနှစ်ခုကိုအသေအချာဆွေးနွေးတင်ပြမည်ဖြစ်ပါသည်။
     လူ့ပတ်ဝန်းကျင် အသိုင်းအ၀ိုင်း၏ အချို့အကြီး အကဲ၊ လူကြီးသူမများ အနေဖြင့် ဤအန္တာရာယ် ကြီး၏ အကြောင်းအရာများကို လေ့လာ၊ စီစစ်မှုမပြုဘဲရင်ဆိုင်“အတင်းအဓမ္မ လက်ထပ်ထိမ်းမြားမှု” စနစ်ကို တင်ပြကြလေသည်။
   ဤသို့ဖြင့် တစ်နည်းအားဖြင့် (သာဓက) အနေဖြင့် ဆိုရလျှင် လက်မ ထပ်သေးသူများ ၊အိမ်ထောင်မရှိသေးသူများထံမှ အသပြာ အခွန် ကောက်ခံခြင်း၊၄င်းတို့ အားအတင်း အဓမ္မလက်ထပ် ပေးပြီး အိမ်ထောင် သည်ဆိုသည့် အင်္ကျီကို ၀တ်ဆင်ပေးခြင်းကို ပြုပေမည်။
     သို့မဟုတ်ပါက ဌာနဆိုင်ရာ၊ အဖွဲ့အစည်းဆိုင်ရာ အသီးသီး၌ လူငယ်၊ လူရွယ်များ ကိုအထူး သတ်မှတ်ထားသည့်အသက်အရွယ်အပိုင်း အခြားနှင့် အညီ အလုပ် ပေးခြင်း၊ ၄င်းတို့အား လက်ထပ်ထိမ်းမြားမှု ဆိုင်ရာ အခက် အခဲအကြပ်အတည်းမှကယ်တင်ပေးခြင်း (သို့မဟုတ်) (အပြစ်ကျူးလွန်သူ အဖြစ်)ကြီးမား လေးလံသည့် ပြစ်ဒဏ်များချမှတ်ခြင်းတို့ကိုသတ်မှတ်ကျင့်သုံး ခြင်းကို ပြုရပေမည်။
   အချို့ လူငယ်၊လူရွယ်များ အနေဖြင့်လည်းပဲ ကျွန်တော်တို့အား မေးမြန်းကြလေ၏ (မေးခွန်းသည်ကား-) “လူကြီးမင်းတို့၏ အယူအဆ၊ လမ်းညွှန်မှုအရ ဤလှုပ်ရှားမှု၊ လုပ်ဆောင်ချက်များကို၊ ကြိုးပမ်း ဆောင်ရွက်ခြင်း သည် မှန်ကန်ပါသလားခင်ဗျား” ? ( ဖြစ်လေ၏ ။)
   ကျွန်ုပ်တို့၏ ယုံကြည်ချက်အရ အကယ်၍ အတင်း အဓမ္မလက်ထပ် ထိမ်းမြားခြင်းဆိုသည်မှာ လူငယ်၊ လူရွယ် များ ဌာနများ၊ အဖွဲ့အစည်း အမျိုးမျိုး များ၌ အလုပ်ရရန် အတွက်မဖြစ်မနေ ပြုရသည့် သဘောကို ဆောင်မည်ဆို လျှင် အကြမ်းအားဖြင့် လတ်တလောအခြေအနေ တစ်ခုခု အထိ ထိရောက်အကျိုးရှိသည်ဟု ဆိုနိုင်လေသည်။
     သို့သော်လည်း “လက်ထပ်ထိမ်းမြားခြင်းအတွက် အန္တရာယ်များ ဖြေရှင်းခြင်း ” ဆိုသည့် အခြေခံတရား အဓိက ဖြေရှင်းပေးသည့်နည်းလမ်း လုံးဝဖြစ်နိုင်မည် မဟုတ်ပေ။ တစ်နည်းဆိုရလျှင် မဖြစ်နိုင်ချေ။ မတော်တဆ မမျှော်လင့် မထင်မှတ်သည့် မလိုလားအပ်သည့် အရာများနှင့်လည်း ရင်ဆိုင်ရတတ်ပေသည်။
       အခြေခံကျကျပြောရလျှင် “လက်ထပ်ထိမ်းမြားခြင်း”နှင့် “အတင်းအဓမ္မ” ဆိုသည့် စကားစုနှစ်ခုမှာ ဆန့်ကျင်ဖက် စကားစုများဖြစ်ပေသည်။ မည်သည့်အခါမျှ ၄င်းစကားနှစ်လုံး တွဲဖက်ပေါင်းစည်းရန် အဆင်ပြေမည် မဟုတ်ချေ။အတင်း အဓမ္မလက်ထပ်ထိမ်းမြားခြင်း သည်အတင်းအဓမ္မမိတ်ဆွေ ဖွဲ့ခြင်း၊ သူငယ်ချင်းလုပ်ခြင်း၊ချစ်ခြင်း နှင့်ပမာတူလေ၏ ။
   မနုဿလူသား၊ ပုထုဇဉ် လူသား နှစ်ဦးနှစ်ယောက် အားအတင်း အဓမ္မစနစ်၊ ဥပဒေ၊ အာဏာစက်အားဖြင့် ချစ်ခင်မှု မေတ္တာရှိမှုကို ပြုလုပ်ဖို့ ဖြစ်နိုင်ပါသလား?
   လက်ထပ်ထိမ်းမြားခြင်း၏ ဆိုလိုချက်အဓိပ္ပါယ် အစစ်အမှန်မှာ- အေးချမ်းစွာ အတူတကွလက်တွဲနေထိုင် ရမည့် ဘ၀ခရီးတစ်ခုအတွက်နှင့် သန့်ရှင်း ကြည်လင်သည့် စိတ်များဖြင့် အောင်မြင်မှုကို ဆွတ်ခူးနိုင်ရန်အလို့ငှာ ခန္ဓာကိုယ်နှင့် ရူးဟ် (၀ိညာဉ်) တို့ ပေါင်းစပ်ခြင်းကိုခေါ်ဆို ပါသည်။
   ဤအတွက်ကြောင့် လက်ထပ်ထိမ်းမြားမှုလုပ်ရန် လုံးဝလွတ်လပ် နေသည့် အခြေအနေရှိဖို့ဆို သည့်အထောက်အထား၊ သက်သေကိုမလွဲမသွေ ရရှိမည်ဖြစ်ပါ သည်။ မည်ကဲ့သို့သော အတင်းအဓမ္မ အကြပ်ကိုင်မှုမျှ မရှိဖို့ လိုအပ်ပေသည်။
   ထိုအတွက်ကြောင့် အစ္စလာမ်တရားတော်မှနှစ်ဦး နှစ်ဖက်သဘောတူညီ ကျေနပ်နှစ်မြို့မှု လုံးဝမရှိသည့် လက်ထပ်ထိမ်မြား နေကာဟ်ပြုခြင်းကို တရားမ၀င်သည့် လက်ထပ် ထိမ်းမြားမှုအဖြစ် ပြဌာန်းထားလေသည်။
     လက်ထပ်ထိမ်မြားခြင်းသည် (နိုင်ငံတစ်ခုခု၏) တပ်မတော်တာဝန်ကို ထမ်းဆောင်ရသကဲ့သို့ မဟုတ်ချေ။ သာဓကအားဖြင့်( အသက် (၁၈) နှစ်ပြည့်လျှင် တပ်မတော် ထဲမ၀င်မနေရ ဥပဒေပြဌာန်းထားသည့် နိုင်ငံများကဲ့သို့) တစ်ဦးတစ်ယောက်အား ဥပဒေအင်အား၊ အမိန့်အင်အား ဖြင့်တပ်မတော် အတွင်းသို့ ၀င်ခိုင်းပြီး အထူးထိန်းချုပ် ကွပ်ကဲမှု တစ်ခုခု၏ အောက်၌ထားကာစစ်ပညာကို(လိုအပ်လာလျှင်နိုင်ငံတော်အားကာကွယ်ပေးရန်) သင်ကြား ပေးရသကဲ့သို့ လုပ်၍မရပေ။
   ဤ နေရာ၌ အံ့သြဖွယ် ကောင်းလှ ပေသည်။ အကြောင်းမှာ- ဤ ပြဿနာ အခက်အခဲ အကြပ်အတည်းကိုဖြေရှင်းရန်၊ ရှင်းလင်းနိုင်ရန် လူမှုပတ်ဝန်း ကျင်၌မကောင်းမှု ရလာဒ်များ ကိုမြောက်စေ သည့် အခက်အခဲ များ အားလုံးကို ရှင်းထုတ်ပစ်ရန် အစီအစဉ်ဆွဲသူလူကြီးများ အနေဖြင့်ဤ အခြေ အနေ အကြောင်းအရင်း အစစ်အမှန်ကို အနည်း တကာ့ အနည်းဆုံး လေ့လာစူးစမ်းမှု မပြုဘဲ ကြိုးပမ်းနေခြင်း ပင်ဖြစ်ပေသည်။
ကျွန်တော်၏ လေ့လာသုံးသပ် ချက်အရ ဤဆွေးနွေးမှုများ အစီအစဉ်များသည် လက်တွေ့ အကောင် အထည် အဖြစ်လည်း ဖော်ဆောင် မည်ဆိုခဲ့လျှင်လည်းမလွဲမသွေ၎င်း အခက်အခဲ အကြပ်အတည်း များ၏ ရေသောက်မြစ်များ၊ ဤရေသောက်မြစ်များ ၏ အကိုင်းအခက်များကို သိရှိရန် လိုအပ်ပေသည်။
   ဤအတွက်ကြောင့် ကျွန်ုပ်တို့ ပတ်ဝန်းကျင်၌ မလွဲဧကန်ဖြစ်စေမည့် အထက်ဖော်ပြပါ လက်ထပ် ထိမ်းမြား မှု နောက်ကျအချိန်လွန်ခြင်းဆိုင်ရာ အချက်လေးချက်ကို တိုက်ရိုက် ဆွေးနွေး စီစစ်ပြမည် ဖြစ်ပါသည်။
ပညာဆည်းပူးချိန်၊ အချိန်များကြာရှည်ရခြင်း
         လူငယ်၊ လူရွယ်များအတွက် လက်ထပ်၊ ထိမ်းမြားရာတွင် ပထမ အကြီးမားဆုံးအခက်အခဲ၊ အကြပ်အတည်းပြဿနာမှာ ဤပညာဆည်းပူးချိန်၊ အချိန်များကြာရှည်ရခြင်းပင်တည်း။
         အမှန်တကယ် ဤအတွက်ရှင်းပြ တင်ပြရန်မလိုအပ်ချေ။ လူငယ်၊ လူရွယ်တိုင်းသည် ပညာဆည်းပူးနေချိန်ဆိုသည့် အကြောင်းပြချက်ဖြင့် အိမ်ထောင်မပြုနိုင်ကြချေ။ အိမ်ထောင်သည်၊ အိမ်ထောင်ရှင်ဘ၀ကို မပိုင်ဆိုင် နိုင်ကြချေ ဖြစ်ပေသည်။
         တနည်းအားဖြင့် မြောက်များစွာသော လူငယ်၊ လူရွယ်များသည် ပညာသင်ယူ ပြီးဆုံးပြီးသည့်တိုင်အောင် လူပျိုဘ၀၊အပျိုဘ၀၌ ရှိနေပေသည်။ (သို့မဟုတ်)အချို့ လူငယ်၊လူရွယ်များ သည်လုံးဝပညာ သင်ယူပြီး ဆုံးချိန် ကာလကြာမြင့်သည့် တိုင်အောင် ဘွဲ့ရပြီးနှစ် အတော်ကြာမြင့် သွားသည့် အထိ အခြေအနေသို့ရောက်နေသော်လည်း လူပျိုဘ၀၊အပျို ဘ၀နှင့်သာဘ၀ တည်ဆောက်နေ ကြ လေသည်။
         သို့သော်လည်းပဲ၊ ပညာဆည်းပူး သင်ယူချိန် အချိန်ကြာမြင့် ခြင်းကြောင့် မြောက်များစွာသော လူငယ်၊ လူရွယ်များ၏ အိမ်ထောင်ရေး လမ်းကြောင်းကို ဟန့်တား တားဆီး မှုကြီးတစ်ခု ဖြစ်နေကြောင်းကိုလည်း ငြင်းမရ နိုင်ပေ။
         ပညာသင်ကြားဆည်းပူးရန် မြောက်မြားစွာသော ဘာသာဆိုင်ရာ များအတွက် ယေဘုယျအားဖြင့် (၁၈) နှစ် (သို့မဟုတ်) (၁၈)နှစ်အောက်လို အပ်ပါသည်။ ဤအတွက်ကြောင့် လူငယ်၊ လူရွယ်တစ်ယောက်ကို           (ဘွဲ့တစ်ခုခုရသည်အထိ) ပညာရေးဆုံးခန်းတိုင် သည် အထိ ခန့်မှန်းခြေ (၂၅)နှစ်လိုအပ်ပါသည်။ ဖွာရစီ စကား သုံးအရ “ လူငယ်၊ လူရွယ်ဆိုသည်မှာ အကျိုးအမြတ်ရှိပြီး၊ ကြိုးပမ်း အားထုတ် ရှာဖွေရမည့်၊ ခေါ်ဆိုရမည့် အမည်ကို ခေါ်ခြင်းဖြစ်လေ၏။
   ဤအချိန်၌ ကျွန်တော်အနေဖြင့် လူငယ်၊ လူရွယ်ဆိုသည့် စကားလုံး၏ အဓိပ္ပါယ်အစစ်အမှန်နှင့်ဆိုလိုချက်အဓိပ္ပါယ် အစစ်အမှန်ကို သုံးစွဲမည်ဆိုလျှင် မှန်မည်ဟု မထင်ချေ။အကြောင်းမှာတစ်နည်းဆိုရလျှင်လူငယ်၊လူရွယ်ဘ၀၏အကောင်းတကာအကောင်းဆုံးအချိန်ကိုလက်လွတ်ပြီး၎င်းဘ၀၏အချို့အချိန်သာကျန်တော့သည်အတွက်ကြောင့်ပင်တည်း။ ”
         အနာဂတ်ကမ္ဘာသည် သုတေသီဂုဏ်ထူးတန်း၊ အထူးတန်းဖြစ် သဖြင့် ပညာရပ် တစ်ခုခုအား ဂုဏ်ထူးတန်း၊ အထူးတန်းအထိ ထိရောက် ဆည်းပူး နိုင်ရန် ယေဘုယျအားဖြင့် (၃၅) နှစ်ခန့် လိုအပ်ပေသည်။
         ယခုမေးခွန်း မေးစရာ ရှိပေသည် -
         ပညာရေးခရီး မပြီးဆုံးမခြင်း အိမ်ထောင်ပြုခြင်း၊ လက်ထပ်ထိမ်းမြား ခြင်းကို တားမြစ်ထားရမည်လော? (ပညာရေးခရီးဆုံးရန် မည်မျှပင်ကြာမြင့် လျှင်ကြာမြင့်ပါစေ။) (သို့မဟုတ်) ပညာရေးခရီးမပြီးမခြင်း အိမ်ထောင်မပြုရ ဆိုသည့် ဤဆက်နွယ်မှုစနစ်ကို ဖျက်ဆီးရမည်လော? ပြီးနောက် လူငယ်၊ လူရွယ်များ သည်းမခံ၊ မအောင့်အီးနိုင်သည့် (အထက်ပါ) စည်းကမ်းမှ လူငယ်၊ လူရွယ်များကို လွတ်မြောက်အောင် လုပ်ပေးရမည်လော? ဆိုသည့် မေးခွန်းများပင်တည်း …..
         သို့သော် အခြားတဖက်၌လည်း ပညာသင် လူငယ်၊ လူရွယ် တစ် ယောက်၏ အခြေအနေသည် (သုံးစွဲသူ) နှင့် (စရိတ်များကို လိုလားသူ) သာဖြစ်လေသည်။ တစ်နည်းအားဖြင့် (၀င်ငွေရှိသူ) တစ်ယောက်မဟုတ်ချေ။
         ဤအတွက်ကြောင့် ဤလူငယ်၊ လူရွယ် အနေဖြင့် ကြီးမားလေးလံ သည့်ဝန်ထုပ်၊ ၀န်ပိုးဖြစ်ပြီး ခါးကိုချိုးပစ်မည့် လက်ထပ်ခြင်းကို အဘယ်သို့ ပြုနိုင်မည်နည်း?
         ပြီးနောက် ပညာခရီးပြီးဆုံးပြီးမှ အိမ်ထောင်ပြုရမည် ဆိုသည့် စနစ်ကို ချေမှုန်း၊ တော်လှန်နိုင်မည်နည်း?
         ကျွန်တော်၏ လေ့လာတွေ့ရှိမှု အမြင်အရ တင်ပြရမည်ဆိုလျှင် ကျွန်တော်တို့အနေဖြင့် အနည်းငယ်လွတ်လွတ်လပ်လပ် တွေးခေါ်၊ စဉ်းစား၊ ဆင်ခြင်မည်၊ လမ်းကြောင်း အမှားအယွင်းများမှ ရှောင်ကြဉ်မည် ဆိုလျှင် ဤပြဿနာ ပုဒ်စ္ဆာအတွက် အဖြေ အလွန်တရာ မခဲယဉ်းချေ။
         အစ ပထမတွင် တရားဝင်ဆက်နွယ်လိုရမှု တစ်ခုခုတရားဝင် ရှရီအီ စေ့စပ်ကြောင်း                                                                                                                                                                                                                                                               လမ်းခြင်းဆိုသည့် (သာသနာတရားတော်မှ ပြဌာန်းချက်နှင့် အညီ နေကာဟ်ပြုခြင်း ဧည့်ခံပွဲမပါဘဲ) နှင့် ဧည့်ခံပွဲအတွက် အမြောက်အများ ဧည့်သည်လာရောက်မှု၊ အစီအစဉ်များ၊ အကုန်အကျအများအပြား မလိုချေ ဆိုသည့် အချက်ကို ဆောင်ရွက်ထားရမည်။
         လူငယ်၊ လူရွယ် ယောင်္ကျားလေးနှင့် မိန်းကလေးအကြားတစ်ဦးနှင့် တစ်ဦး ငါတို့သည် တရားဝင် နေကာဟ်ဖတ်သူများဖြစ်ပြီး နောင်တွင် (ကျောင်းပြီး၊ ပညာခရီးပြီးသည်နှင့်) အတူတူ အေးအတူ ပူအမျှ ဘ၀ကြင်ဖော် အဖြစ်ဘ၀ တည်ဆောက်ရဦးမည် ဆိုသည့် အချက်ကို သိထားရန်သာ လိုအပ်ပေသည်။
         ပြီးနောက်အဆင်ပြေတတ်နိုင်သည့် အခြေအနေသို့ ရောက်သည်နှင့် ပထမဦးဆုံး အခွင့်အလမ်းအဖြစ် ကျန်ရှိနေသည့် မင်္ဂလာအခမ်းအနား အစီအစဉ်ကို ရိုးရိုးအေးအေး သိက္ခာရှိရှိဖြင့် ဆောင်ရွက်အကောင်အထည် ဖော်သွားရန်သာ ဖြစ်ပေသည်။
         ဤနည်းစနစ်၏ ပထမဆုံးအကျိုးအမြတ်သည်ကား လူငယ်၊ လူရွယ် တို့၏ နာမ်ပိုင်းဆိုင်ရာ ချမ်းမြေ့သာယာမှုတစ်ခုကို ရရှိမှာဖြစ်ပြီး၊ ၄င်းတို့၏ဘ၀ တွင် မျှော်လင့်ချက်ဆိုသည့် လင်းတန်း ထွန်းတောက်သွားမည်ဖြစ်ပါသည်။
         ဤ အကျိုးအမြတ် နှင့် အတူ အိမ်ထောင်မပြုရသေးသည့် လူပျို လူလွတ်များကို အနာဂတ်ဘ၀ တည်ဆောက်ရာတွင် အန္တာရာယ်ဖြစ်စေမည့် ရှိုင်တွာန်နီ လုပ်ရပ်များမှလည်း လွတ်မြောက်မှုကို ပေးဆောင်ကြောင်း သိရပေမည်။
         အခြားတဖက်တွင်လည်း ဤနည်းစနစ်လမ်းစဉ်သည် လူငယ်၊ လူရွယ် များ၏ အမြောက်အများသော စာရိတ္တပျက်လာမှု၊ မကောင်းမှု ဒုစရိုက်များ ထိန်းသိမ်းပေးလေသည်။ အိမ်ထောင်ပြုနိုင်သည့် အခြေအနေသို့ တတ်စွမ်း ရောက်ရှိပြီးနောက် အိမ်ထောင်ဖက်ရွေးရသည့် အချိန်ကို အချိန်ပို အဖြစ်ရရှိလေသည်။ (အချိန်မကုန်တော့ချေ။) လွတ်မြောက်သည့်ဘ၀၊ လွတ်လပ်သည့် ဘ၀ကိုပိုင်ဆိုင်ရလေသည်။ ၄င်းတို့၏ ဘ၀တည် ဆောက်မှု သည် သဘာဝ လမ်းကြောင်းတစ်ခုအသွင်သို့ ဆောင်သွားလေသည်။
         ဤနည်းလမ်းစနစ်သည် မြောက်များစွာသော လူငယ်၊ လူရွယ်များ အတွက်ဖြစ်နိုင်ပါသည်။
         အကယ်၍ မိဘများ သတိဂရုပြုမည်၊ လူငယ်၊ လူရွယ်များကိုယ်တိုင် စစ်မှန်တည်ငြိမ်သည့် စဉ်းစားဆင်ခြင်မှုဖြင့် ဆောင်ရွက်မည်။ ဤနည်းစနစ် အား လက်တွေ့ကျင့်သုံး အကောင်အထည်ဖော်မည်ဆိုလျှင် လူငယ်၊ လူရွယ် များနှင့်ပတ်သက်ဆက်နွယ်နေသည့် အခက်အခဲ၊ အကြပ်အတည်း၊ ဒုက္ခမှန် သမျှသည် ပြေလည်၊ ဖြေရှင်းပြီးသား ဖြစ်သွားပေလိမ့်မည်။
         အကျဉ်းချုပ်အနှစ်ချုပ်အားဖြင့် တင်ပြရမည်ဆိုလျှင် တရားတော်အရ စေ့စပ်ကြောင်းလမ်းထားခြင်း (နေကာဟ်ဖတ်ထားပေးခြင်း) သည် ယောင်္ကျား လေးနှင့် မိန်းကလေးအား တရားဝင်ဖွဲ့ နှောင်မှုကိုဖြစ်စေပြီး လူငယ်၊ လူရွယ် တို့၏လိုအပ်သည့် ကာမ၊ ရာဂ လိင်တောင်းတမှုကိုလည်း (တရားဝင်) ဖြည့်ဆီး နိုင်ကြမည် ဖြစ်ပေသည်။
         ဤအတွက်ကြောင့် ရှရ်အီစေ့စပ်ကြောင်းလမ်းထားမှု ဘ၀သည် အိမ်ထောင်သည်ဘ၀၏ မြောက်များစွာသော အကျိုးအမြတ် အာနိသင်များကို ပိုင်ဆိုင်ရလေသည်။ ရှင်းပြဖို့ မလိုအပ်သည့် လူငယ်၊ လူရွယ်တို့၏ ကာမ၊ ရာဂလိင်တောင်းဆိုမှုကိုလည်း တစ်ထောင့် တစ်နေရာကနေ အစားထိုးဖြည့်ဆီး ပြီး ဖြစ်လေသည်။
         ဤသို့ဖြင့် လူငယ်၊ လူရွယ်တို့၏ မသန့်စင်သည့်နည်းဖြင့် ကာမဖြည့် ဆီးမှု၊ မကောင်းသည့် နည်းလမ်းများဖြင့် အာသာဖြေမှု၊ တရားမ၀င် လိင်ဆက်ဆံမှု တို့ကို ဖယ်ရှားပြီး ဖြစ်လေသည်။
         ယောင်္ကျားလေး (သို့မဟုတ်) မိန်းကလေးတို့၏ အိမ်ထောင်စုဝင်များ အတွက် အပိုငွေလည်းကုန်ကျမည် မဟုတ်တော့ချေ။ ကလေးမွေးဖွားရန်နှင့် ရှေ့လျှောက်ဆက်လက် ပညာဆည်းပူးရန်ဆိုသည့် အခက်အခဲအကြပ် အတည်းများမှလည်း လွတ်မြောက်ပြီးဖြစ် သွားလေ သည်။
         အခြားနည်းလမ်းတစ်ခုသည်ကား - လူငယ်၊ လူရွယ်တို့၏ ပညာ သင်ယူဆည်းပူး နေချိန်၌ပင် လက်ထပ်ထိမ်းမြားမှု အခမ်းအနားကို အစအဆုံး ပြုလုပ်ပေးခြင်းဆိုသည့် နည်းလမ်း ပင်တည်း။
         သို့သော် နည်းလမ်း အထူးသီးသန့်လည်းဖြစ်ပြီး ယနေ့ခေတ်တွင် အများသုံးနေသည့် နည်းစနစ်ကို သုံးရပေမည်။ (ထိုနည်းလမ်းများမှ နည်းလမ်း အမြောက်အများသည်လည်း ရှရ်အီအရ ခွင့်ပြုချက်ရှိပေသည်။) ထိုနည်းလမ်း များမှ တစ်နည်းမှ သန္ဓေတားခြင်း ပင်ဖြစ်ပါသည်။
         အကြောင်းမှာ အိမ်ထောင်ပြုခြင်း၏ အသီးအပွင့် ရလာဒ်ဖြစ်ပြီး လူငယ်၊ လူရွယ်များကို ဤအသက်အရွယ်၌ ပညာသင်ကြားမှုကို အဟန့် အတားဖြစ်စေသည့် အခက်အခဲ၊ အကြပ် အတည်း ဒုက္ခဖြစ်စေသည့် အရာမှာ သားမွေးခြင်း၊ ကလေးယူခြင်းပင် ဖြစ်ပေသည်။
         ဤနည်းလမ်း အစီအစဉ် စနစ်များအားလုံးသည် လူအထင်ကြီး အောင်ကျင်းပသည့် မင်္ဂလာပွဲ၊ လက်ရှိခေတ်ကာလ အရ ၊ ခါးကိုချိုးစေသည့် စရိတ်အများအပြား ကို သုံးစွဲရသည့် လော်ဂျစ်မဆန် လုံးဝအရူးဆန်ဆန် ဖြစ်သည့် မင်္ဂလာပွဲများကို ရှောင်ကြဉ်ပြီး ရိုးရိုးယဉ်ယဉ်လေး အဆောင် အယောင်၊ အမော်အကြွား၊ ဂုဏ်ပကာသန ကင်းသည့်မင်္ဂလာပွဲများ ကျင်းပနိုင် မှသာ အကျိုးအမြတ်ရရှိမည်ဖြစ်ပေသည်။
         အမှန်တစ်ကယ် မိဘများ ထိုနည်းတူစွာ အောင်မြင်ပျော်ရွှင်မှုကို နှစ်သက်မြတ်နိုး လိုလားသည့် လူငယ်၊လူရွယ်များ အနေဖြင့် ဤ (အထက်ဖော်ပြပါ) လမ်းစဉ်ကိုသာ လိုက်နာသင့် ပေသည်။
         အဆင့်မြင့် ဂုဏ်ထူးတန်းပြီးဆုံးသည် အထိ စောင့်စားခြင်း ပြီးနောက် သင့်လျော်ပြီး ဂုဏ်သိက္ခာရှိကာ လစာ အတော်ကောင်းသည့် အလုပ်တစ်ခုခု အစီအစဉ်၊ အိမ်၊ ကား နှင့် အခြားအသုံးအဆောင် ပစ္စည်းများ အသုံးစရိတ် ကြီးပြီး အမော်အကြွားကိုဖြစ်စေသည့် မင်္ဂလာဧည့်ခံပွဲ တို့ကို မျှော်လင့် စောင့်စားမှု၏ ရလာဒ်မှာ လူငယ်၊ လူရွယ်အား (ရုပ်နှင့်နာမ်၏) အလွန်တရာ ညစ်ပတ်၊ နွမ်းနယ်မှု၊ ထောင်ပေါင်းများစွာသော လမ်းလွဲ၊ လမ်းမှား၊ လမ်းချော် မှုမှ အပ အခြားရလာဒ် ရရှိမည် မဟုတ်ချေ။
         ဤကဲ့သို့ စောင့်မျှော် စောင့်စားခြင်းဖြင့် ယေဘုယျအားဖြင့် လူငယ်၊ လူရွယ်၏ အသက်သည် ၃၇ နှစ် (သို့မဟုတ်) ၄၀ နီးပါးသို့ ရောက်ရှိသွားပြီး အရွယ်ကျသည့် အရွယ်ရောက်က တဖြည်းဖြည်းနှင့် လက်ထပ်ထိမ်းမြားမှုကို ယူကြလေ၏။
         ဤ ကဲ့သို့သော် လက်ထပ်ထိမ်းမြား၊မင်္ဂလာ ဆောင်နှင်းခြင်း များသည် ၁၀၀ ရာခိုင် နှုန်းပြည့် သဘာဝ မဆန်မှု၊ နာမ်ပိုင်းဆိုင်ရာ မအောင်မြင်မှု နှင့် စစ်မှန် သည့် မင်္ဂလာ မဖြစ်မှုကို ဖြစ်ထွန်း စေလေသည်။
         အကြောင်းမှာ - ဤကဲ့သို့သော် မင်္ဂလာ ဆောင်နှင်းခြင်းသည် လူအခွင့်အရေးနှင့် မနုဿ လူသား၏ အရေးကြီးလိုအပ်မှုကို မဖြည့်ဆီးနိုင် တော့ချေ။ ထို့ပြင် မင်္ဂလာဆောင်နှင်းမှု ၏ အစစ် အမှန်တရား နှင့် သတ်မှတ် ထားသည့် ရည်ရွယ်ချက်ကို မဆွတ်ခူးနိုင်တော့ချေ ဖြစ်လေသည်။
* * * * *
“ အကြင် မည်သူ မဆို သောကြာနေ့တိုင်း စူရဟ်အေ နေစာ အား သေလာဝသ် ပြုလုပ်မည်ဆိုလျှင် ကဗဲရ် ညှပ်ခြင်းမှ လုံခြုံ ပေမည်။ ” (အေမာမ်အလီ (အ.စ) )
အခန်းကဏ္ဍ(၂)
လက်ထပ်ထိမ်းမြား မင်္ဂလာ ဆောင်နှင်းခြင်း လျော့ကျမှုသည် လူပတ်ဝန်းကျင် အသိုင်း အ၀ိုင်းအတွက်ကြီးမားသည့် ပြဿနာတစ်ခုပင်တည်း
         လက်ထပ်ထိမ်းမြားမှု လျော့နည်းခြင်း၊ လူငယ်၊ လူရွယ်များအနေဖြင့် အိမ်ထောင် သည်ဘ၀အဖြစ် ဘ၀တည်ဆောက်ဖို့ မနှစ်သက်ခြင်း၊ အိမ်ထောင် ပြုခြင်းထက် သဘာဝ ကိုဆန့်ကျင်ပြီး လူပျိုဘ၀အဖြစ် ဘ၀တည်ဆောက်ခြင်း ကိုအလေးပေးခြင်းများကို ဘ၀ဟု လုံးဝအမည်တပ်ရန် မသင့်လျော်ပေ။ ဤအရာများသည်ကမ္ဘာ့လူ့အခွင့်အရေးအတွက် ပြဿနာကြီး၊ အရှုပ်ထုပ်ကြီး တစ်ခုပင်ဖြစ်ပါသည်။ ထို့ပြင် ဤပြဿနာ၊ အရှုပ်ထုပ်နှင့် အတူ အခြားအနုတ် လက္ခဏာပြ အကျိုးဆုတ်ယုတ်မှုများသည် လျှင်မြန်သည့် ဘ၀ခရီးနှင့်တကွ၊ ယခု ကျွန်ုပ်တို့ ခေတ်လူသားများကို ၀ိုင်းရံပိတ်ဆို့ ထားလေသည်။
         လက်ထပ်မှုနည်းသွားခြင်း၊ လျော့ကျခြင်းသည် လူသားမျိုးနွယ်ကို ဖြစ်ထွန်းမှု နည်းပါးစေမှု၊မျိုးဆက်သစ်နည်းပါး မှုဆို သည့်ပြဿနာ ကို သာ ဖြစ် စေ သည် မဟုတ်ပေ။
         လက်ရှိ အခြေအနေတွင် ကမ္ဘာလောကကြီး၌ လူဦးရေများပြားမှု ပြဿနာနှင့် ရင်ဆိုင်နေရလေသည်။ မကြာမီအနာဂတ်နှစ်အနည်းငယ်အတွင်း လူဦးရေ နည်းပါးမှုနှင့် ရင်ဆိုင်ရပေမည်။ (အကြောင်းမှာ လူဦးရေများလာမှုကို စက်မှုထွန်းကားသည့် နိုင်ငံများ၌ လုံးဝ ထိန်းချုပ်မှုပြုလာသည့်အတွက်ကြောင့် ပင်တည်း။) ဤအတွက်ကြောင့် ရှာဒီ လက်ထပ် ထိမ်းမြားမှုလျော့ကျခြင်းသည် ဒုက္ခသောက အကြောင်းတရားကိုဖြစ်စေလေသည်။
         ပို၍ဆိုးရွားလှသည့် အားနည်းမှု၊ ချွတ်ယွင်းမှုမှာ ဤလက်ထပ်မှုနည်း လာခြင်းထက် လူပျိုများသည် လူမှုရေးအသိုင်းအ၀ိုင်းများဆိုင်ရာ တာဝန်များ ကိုထမ်းဆောင်ရာ၌ နောက်ကျ ကျန်နေခြင်းပင်ဖြစ်ပါသည်။
၎င်းတို့သည် ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းနှင့် ဆက်သွယ်မှုဆိုင်ရာအားလုံးအရာ၌ ယေဘုယျ အားဖြင့် ပြတ်တောက်သွားချေပြီ။
         တစ်ဦးတစ်ယောက်တည်း အထီးကျန်ဘ၀သို့ ရောက်သွားပြီး၊ အထိန်း အကွပ် မရှိသည့် လေဟာပြင်တွင် အလေးချိန်မရှိဘဲ လွင့်မျောနေ သည့်အရာ တစ်ခုပမာ မျောလွင့်နေချေ သည်။
         ဤကဲ့သို့သော်ပုဂ္ဂိုလ်များသည် အသေးမွှားဆုံး အရာတစ်ခုဖြစ်သည့် မြေနှင့်ရေကိုပင် အဆက်အသွယ် ဖြတ်တောက်နိုင်ပေသည်။ ပြီးနောက် ချက်ချင်း အခြားနေရာတစ်ဖက်သို့ လေလွင့်သွားလေသည်။ (စိတ်လွင့် မတည် မငြိမ် ဖြစ်နေကြောင်းကို ဆိုလိုပါသည်။) (သို့မဟုတ်) ဒေါသ အမျက် ထွက်လျက် (မိမိ) ဘ၀ကို အဆုံးသတ်စေလေသည်။ ဘ၀ကိုမျက်ကွယ် ပြုလေ သည်။
         မိမိကိုယ် သတ်သေသူများ၏ အရေအတွက် အများအပြားသည် ဤဖြစ်ရပ်မှန်ကို ကောင်းမွန်စွာ ဖော်ပြနေပေသည်။ (အကြောင်းမှာ) မိမိကို သတ်သေသူများတွင် အိမ်ထောင်            သည်များထက် အိမ်ထောင်မပြုရသေးသည့် လူပျို၊ အပျို၏ အရေအတွက်မှာ (အမြဲတမ်း) အများဖက်မှ ရှိနေလေသည်။
         ရူးသွပ်သည့် လုပ်ရပ်များကို လုပ်ဆောင်သူများအကြားတွင် လူပျို၊ လူလွတ်၊ အပျိုများ၊ ယခုထိ အိမ်ထောင်မပြုရသေးသည့် ဘ၀ကို တည်ထောင် နေသူများ အများအပြားဖြစ်ကြောင်း မိမိတို့ နိုင်ငံ၏ လူမှုရေး ၀န်းကျင်၌ တွေ့မြင် နိုင်ပါသည်။
         မြှောက်များစွာသော ပြစ်မှုကျူးလွန်သူ တရားခံများမှာ လူပျို၊ အပျို၊ လူလွတ် (သို့မဟုတ်) လူလွတ်ပမာ ဘ၀တည်ဆောက်သူများ ဖြစ်ကြ ပေသည်။
         အမှန်တကယ် လက်ထပ်ထိမ်းမြားသည့် ဘ၀သည် မနုဿ၊ ပုထုဇဉ် လူသား၊ မိမိ ကတိကို သာ အလေးပေးခြင်း (တစ်ကိုယ်ကောင်းဆန်ခြင်း)၊ ဟိုလိုလို၊ ဒီလိုလို၊ ဒွိဟ၊ သံသယရောဂါများမှ ကယ်တင်ပေးလေသည်။ ပြီးနောက် မိမိ၏ သေးငယ်သည့် ပတ်ဝန်းကျင် (ခ) မိသားစု အတွက်ကြောင့် တာဝန်များကို ခံစားတတ်လာလေသည်။ ပြီးနောက် (မိမိ မိသားစု လေးကို) အမျိုးမျိုး သောအန္တာရာယ်၊ အမှားအယွင်းများမှ ထိန်းသိမ်းစောင့်ရှောက်ပေး လေသည်။ ဤ “တာဝန်ကို မခံစားတတ်၍ မကျေပွန်ခြင်း” နှင့် “လူမှု ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းနှင့် အဆက်အသွယ် ပြတ်တောက်နေခြင်း” သည်လည်းပဲမကောင်းမှုဒုစရိုက်၏ အခြားမျက်နှာ တစ်ဖက်ပင်ဖြစ်လေသည်။ ဤကိစ္စ၌ အရေးအကြီးဆုံးမှာ (မနုဿ လူသားအနေဖြင့်) မိမိ၏ အင်အားနှင့် စွမ်းအား အားလုံးကို အသုံးမပြုနိုင်ခြင်းနှင့် ဘ၀အတွက် တိုးတက်၊ ဖွံ့ဖြိုး စေမည့်အင်အား၊ အားလုံးကို တစ်နေရာတည်း မစုစည်း နိုင်ခြင်းဖြစ်ပေသည်။
         ဤ လုပ်ရပ်သည် တစ်ဦး တစ်ယောက်တည်း ၏ ဘ၀ကို တည်ဆောက် ဖို့ပင်ဖြစ်ပါစေ၊ ထိုတစ်ယောက်တည်း ဖြစ်သည့် အတွက် မည်သို့ပင် ဖြတ်သန်း ရပါစေ၊ ၀မ်းမနည်းတော့ချေ။ အင်အားများကိုလည်း အများကြီးစုဖို့ မလိုတော့ ဟုယူဆလေသည်။ (ဘ၀ကို မလေးစား၊ ဂရုမပြုတော့ချေ။)
         ဤအကြောင်းအရာသည်လူပျို၊ လူလွတ်၊ အိမ်ထောင်ဖက်မရှိသူများ ၏ဘ၀ကို ပျင်းရိ ပျင်းတွဲ ဖြစ်စေလေသည်။ ဂရုမပြုမှု၊ မထီမျက်မြင်ပြုမှုနှင့် အတူ ၄င်း၏ဘ၀အတွက် လိုအပ်သည့်အရာများ၊ ၄င်းကိုယ်တိုင် နားလည် သဘောပေါက်ပြီးသုံးစွဲလာသည့်လိုအပ်ချက်များကို မထိန်းသိမ်းနိုင်တော့ချေ။
         ဤအထောက်အထား သက်သေကြောင့် မြောက်များစွာသော လူငယ်၊ လူရွယ်၊ လူပျို၊ လူလွတ်များသည် မိမိလူပျိုဘ၀၌ပင် မိမိဘ၀ကို မရုန်းကန်၊ မလှုပ်ရှားနိုင်သဖြင့် (အမြဲလိုလို) သူတစ်ပါးအား မှီခို၍ ဘ၀ တည်ဆောက်ရရှာလေသည်။
         လူပတ်ဝန်းကျင် အသိုင်းအ၀ိုင်း၌ ၄င်းကို လူဖျင်း၊ လူညံ့၊ လူပျော့ အဖြစ် စာရင်းသွင်းကြလေသည်။ သို့သော်လည်းပဲ (၄င်းသည်) အိမ်ထောင်ပြု ပြီးသူအဖြစ် ဘ၀စတင်သည်နှင့် တည်ငြိမ်ဖြောင့်မတ်သည့် အကျင့်စရိုက်ရှိသူ၊ အင်အားစွမ်းအားရှိသူ၊ စိတ်ရှည်သူ၊ တကယ်လုပ်သူ၊ ရည်မှန်းချက်ရှိသူ၊ ကြိုးစားသူဖြင့် ဖြတ်ထိုးဥာဏ်ရှိသူ စာရင်း၌ ၀င်လာလေသည်။
         ဤဂုဏ်ပုဒ်များအားလုံးသည် မိမိတာဝန် မိမိသိ၍ ကျေပွန်စွာ ထမ်းဆောင်ရမည်ဆိုသည့် ခံစားမှု အသိစိတ်၏ တန်ခိုး အာနိသင်ကြောင့် ဖြစ်ပါသည်။
         “ရိုဇီ စားနပ်ရိက္ခာသည် မိမိ၏ ဇနီးကြင်ယာနှင့်အတူ ရှိကြောင်း” အစ္စလာမ် မီဆိုင်ရာ အကိုးအကားကျမ်းများ၌ ပါရှိကြောင်း၊ တိုက်တွန်းထား ကြောင်း လေ့လာတွေ့ရှိနိုင်ပါသည်။ ယေဘုယျအားဖြင့် ဤအဓိပ္ပါယ် (အိမ်ထောင်သည်အဖြစ်နေဖို့ဆိုသည့်) ဖက်သို့ ဖော်ညွှန်းထားခြင်းဖြစ်နိုင် ပေသည်။
         ဤအတွက်ကြောင့် လူပျို၊ လူလွတ်၊ အိမ်ထောင်မရှိသူများကို (တဲဖျင်များတွင် နေထိုင်သူများ၊ အိမ်မရှိ မြေမရှိ လျှောက်သွားနေထိုင်နေသူ များ(ကလေကချေများ) ဟု ခေါ်ဝေါ်လျှင် မှားမည် မဟုတ်ပေ။
         ဤကလေကချေ ပုဂ္ဂိုလ်များသည် မည်သည့်မြေကိုမျှ အတည်တကျ ဖြစ်ပြီး၊ စည်ကားသိုက်ဝန်းအောင် မပြုကြချေ။ အကြောင်းမှာ ၄င်းတို့အနေဖြင့် တစ်နေရာမှ တစ်နေရာသို့ အလျင်အမြန်ကူးပြောင်းကြသည့် အတွက်ကြောင့် ပင်ဖြစ်ပေသည်။ ၄င်းတို့သည် နမော်နမဲ့၊ စည်းမဲ့ကမ်းမဲ့ နိုင်ကြလေသည်။
         စာရိတ္တပိုင်းဘာသာရပ်အရ ရှုမြင်သုံးသပ်လျှင် လူပျို၊ လူလွတ်၊ အိမ်ထောင်မရှိသူသည် “ ပြီးပြည့်စုံသည့်လူ ” ဖြစ်လိမ့်မည်မဟုတ်ပေ။ အကြောင်းအရင်းသည်ကား - စာရိတ္တပိုင်း ဘာသာရပ်ဆိုင်ရာအရ စာရိတ္တ၏ အဓိပ္ပာယ်ဆိုလိုမှုကို ဆောင်ထားသည့် အမြောက်အများသောဂုဏ်ပုဒ်များ (သာဓကအားဖြင့် …) သစ္စာရှိမှု၊ ခွင့်လွှတ်မှု၊ ယောင်္ကျားပီသမှု (ကတိတည်မှု) ချစ်ခင်ယုယမှု၊ မေတ္တာဂရုဏရှိမှု၊ စတေးခံမှု၊ အမှန်တရားကို သိရှိနားလည်မှု တို့အားလုံးသည် မိသားစု၊ ခင်ပွန်းနှင့်ဇနီးဘ၀၊ ကလေးများနှင့် အတူနေထိုင်ရ သည့်ဘ၀ဆိုသည့် ခြုံထည်အတွင်း နေထိုင်မှသာ ဖြစ်နိုင်ပေသည်။ မည်သူမဆို အိမ်ထောင်သည်ဘ၀နှင့် ဝေးနေမည်ဆိုလျှင် (အထက်ဖော်ပြပါ) ဂုဏ်ပုဒ်များ၏ ဆိုလိုချက်အဓိပ္ပာယ်ကို (အသေအချာနည်းလည်နိုင်မည် မဟုတ်ပေ။) အနည်းငယ်သာ နားလည်ပေမည်။
         အိမ်ထောင်ပြုခြင်းဆိုသည်မှာလူသားအနေဖြင့် မြောက်များစွာသော တာဝန်၊ ၀တ္တရားများကို ထမ်းဆောင်ဖို့နှင့် အခက်အခဲ၊ အကြပ်အတည်း အမြောက်အများကို ဖိတ်ခေါ်လိုက်သည်နှင့် တူသည်ဆိုသည့် စကားမှာ မှန်ပေသည်။
         သို့သော် မနုဿလူသား၊ ပုထုဇဉ်လူသားသည် အခက်အခဲ၊ အကြပ် အတည်း၊ ဒုက္ခများကို ရင်မဆိုင်ဘဲ၊ တာဝန်၊ ၀တ္တရားများကို တာဝန်မယူဘဲ ပြည့်စုံသည့် လူသားတစ်ယောက် ဖြစ်နိုင်ပါ သလား?
         (မနုဿလူသား) ၏ ကိုယ်ခန္ဓာနှင့် ၀ိဥာဉ် (ရုပ်နှင့်နာမ်) ၏သဘာဝ လိုအပ်ချက်များ ဆိုင်ရာကိစ္စအတွက် အဖြေထွက်နိုင်မှု၊ အဖြေမထွက်၊ အဖြေ မပေးသည့် အခြေအနေတွင် ရုပ်နှင့်နာမ်အတွက် မလိုလားအပ်သည့် တုံ့ပြန်မှု များ၊ ဆိုးကျိုးများဖြစ်လာမည်မှာ မလွဲပေ။ ဤအတွက် သီးသန့် အခန်းကဏ္ဍ၊ ဖြစ်ရပ်မှန်ရှိပေသည်။ ဤကဏ္ဍ၊ ဖြစ်ရပ်မှန်အတွက် သီးသန့် တင်ပြဖို့ မလွဲ မသွေလိုအပ်ပေသည်။
         ဤအမှန်တရား၊ဖြစ်ရပ်မှန်များ၊ငြင်းမရသည့် အကြောင်းအရာများကို အခြေခံပြီး ပြောလို့ရသည့် အချက်မှာ - အကယ်၍ “လူပျို၊ လူလွတ်၊ အိမ်ထောင်မပြုသူ” နှင့် လက်ထပ်ထိမ်းမြား၊ မင်္ဂလာဆောင်နှင်းခြင်းပွဲများ၊ အစီ အစဉ်များ မြောက်များစွာလျော့ကျ၊ ကျဆင်းလာမည်ဆိုလျှင် လူမှုပတ်ဝန်းကျင် အတွက် ကြီးမားသည့် ကပ်ကြီးတစ်ခုဆိုက်လာပြီဟု အမည်ပေးမည်ဆိုလျှင် ရပေသည်။ ဤအမည်ပေးမှုအတွက် မည်ကဲ့သို့မျှ အတိုင်းထက်အလွန် ပြောဆို သတ်မှတ်မှု မဖြစ်နိုင်တော့ပေ။
         သို့သော် အခြားတစ်ဖက်တွင်လည်း မေးစရာမေးခွန်းထွက်လာလေ သည်။ မေးခွန်းကား - ဤကဲ့သို့ ထွက်ပေါက်မရှိသည့်လမ်း၊ အင်အား၊ စွမ်းအားကိုကုန်ခန်းစေသည့်အကြပ်အတည်း၊ဒုက္ခများနှင့်ရင်ဆိုင်နေရသောလူငယ်၊လူရွယ်များ အနေဖြင့် ဤ (သဘာဝက ပေးအပ်လာသည့် တာဝန် (ထိမ်းမြားခြင်း) နှင့်လူမှုပတ်ဝန်းကျင်၊ အသိုင်းအ၀ိုင်းက ပေးဆောင်လာသည့် တာဝန် (အိမ်ထောင်ပြုခြင်း))ကို ကျေပွန်ရန် ဘာလုပ်ရမည် ဆိုသည့် အချက် ပင်တည်း?
         ဘာလဲ…! ယခုလို တိုးတက်နေသည့် ခေတ်၊ အခက်အခဲ၊ အကြပ် အတည်း၊ ဒုက္ခများ အားလုံး၊ အကြောင်းမဲ့၊ နေရာမဲ့ မျှော်လင့်ချက်များ၊ မိဘများ နှင့် လူငယ်၊ လူရွယ်များ အကြားရှိ ကွဲလွဲမှုများ၊ သဘောထားမတူညီမှု များ၊ လက်ရှိခေတ် ပညာသင်စနစ်နှင့် အချိန်၊ ဓလေ့ထုံးစံ ၇ မျိုး ၇ သွယ် (ဓလေ့၊ ထုံးတမ်းအမျိုးမျိုး)၊ စားဝတ်နေရေး၊ အလုပ်အကိုင်၏ အခက်အခဲများ၊ အဆင်မပြေမှုများ၊ တစ်ဦးနှင့်တစ်ဦး အယုံအကြည်ကင်းမဲ့ မှုများ၊ (ကတိ မတည်ကြမှုများ) ရှိနေသည့် အခြေအနေ အရ လူငယ်၊ လူရွယ်များအနေဖြင့် ဤကြီးကျယ်၊ မြင့်မြတ်၊ မင်္ဂလာရှိသည့် တာဝန်ကြီးတစ်ရပ် ဖြစ်သည့် လက်ထပ်၊ ထိမ်းမြားခြင်းကို သူ့အချိန်နှင့်အညီ ထမ်းဆောင်နိုင်မည် ဖြစ်ပါသလား?
         ဤကိစ္စ (ပြဿနာ) ကို မလွဲမသွေ၊ အသေးစိတ်ဆွေးနွေး တင်ပြမှု၊ စိစစ်မှုပြုရမည် ဖြစ်ပေသည်။ ဤပြဿနာကို မဖြေရှင်းမချင်း၊ ဤလူနေမှု ပတ်ဝန်းကျင် အသိုင်းအ၀ိုင်း၏ ကြီးမားလှသည့် အခက်အခဲ၊ ဒုက္ခပြဿနာ အခြေအမြစ် အစစ်ကို ဖယ်ရှား၊ ဖြေရှင်းနိုင်မည် မဟုတ်ချေ။
         သတိပြုပြီး မလွဲမသွေ ဂရုပြုရမည့် အရေးကြီးအချက်တစ်ခု ဤနေရာ ၌ရှိပါသည်။ ထိုအချက်မှာ - လက်ထပ်ထိမ်းမြား မင်္ဂလာနှင့် ၄င်းအတွက် အခက်အခဲ၊ ဒုက္ခများကို ဖြစ်စေသည့် တရားခံများမှာ ကျွန်ုပ်တို့ နှင့် ကျွန်ုပ် တို့၏ ပတ်ဝန်းကျင်၊ အသိုင်းအ၀ိုင်းဖြစ်ချေသည်။ အမှန်တကယ် အသိုင်းအ၀ိုင်း၊ ပတ်ဝန်းကျင် ဆိုသည်မှာလည်း ကျွန်ုပ်တို့မှအပ အခြားအရာ မဟုတ်ချေ။ အခြားအဓိပ္ပာယ် ဆိုလိုချက်ကို မဆောင်ထားပေ။
         ဤ (လက်ထပ်ထိမ်းမြားမှု၊ အိမ်ထောင်ပြုမှု) အတွက် အခက်အခဲ၊ ဒုက္ခများ၊ အကြပ်အတည်းများသည် သူ့အလိုအလျောက် မိုးကောင်းကင်မှ ကျလာသည်မဟုတ်ပေ။ မြေပထ၀ီအတွင်းမှလည်း ခွဲပြီးထွက်လာသည် မဟုတ်ချေ။ တစ်နည်းဆိုရလျှင် ကျွန်ုပ်တို့သာ ယူဆောင်လာသူများ၊ ဖန်တီး သူများပင်တည်း။
         ကျွန်ုပ်တို့၏ မှားယွင်းသည့် ဆုံးဖြတ်ချက်၊ မှားယွင်းချွတ်ချော်သည့် တွေးခေါ်၊ စဉ်းစားချက်၊ မှားယွင်း၊ မမှန်ကန်သည့် ဓလေ့၊ ထုံးထမ်း စဉ်လာများ၊ ယဉ်ကျေးမှုများ၊ မျက်ကန်းနောက်လိုက်ခြင်းတို့ကို အခြေခံ၍ ဖြစ်ပေါ်လာခြင်း ပင်ဖြစ်ပါသည်။
         ဤအတွက်ကြောင့် …
         ကျွန်ုပ်တို့ အနေဖြင့် ခိုင်မာပြတ်သားသည့် ရည်မှန်းချက်နှင့် အတူ အစီအစဉ် ဆွဲမည်ဆိုလျှင် ဤအခက်အခဲ၊ အကြပ်အတည်း၊ ပြဿနာ ဒုက္ခများ ကိုအဆုံးသတ်နိုင်မည် ဖြစ်ပေသည်။
         ကျွန်ုပ်တို့အနေဖြင့် အစီအစဉ်အသစ်ကို ရေးဆွဲကြရပေမည်။ ထိုအစီ အစဉ်သည်လည်း အဖြစ်မှန်၊ အခြေမှန်၊ အစစ်အမှန်တရားနှင့် စစ်မှန်၊ မှန်ကန်သည့် ဘ၀တည်ဆောက်မှုကို အခြေခံပြီး ရေးဆွဲထားသည့် အစီအစဉ် ဖြစ်ဖို့လိုအပ်ပေသည်။ စိတ်ကူးယဉ်များ၊ (အိမ်မက်) အထင်များ၊ (လုံးချင်း) ၀တ္ထုဆန်ဆန်၊ ဒဏ္ဍာရီ ပုံပြင်သဖွယ်များ၊ အမှားအယွင်းနောက်လိုက်မှု များအပေါ် အခြေ မခံမိ ဖို့ လိုအပ်ပါသည်။
         ဤလုပ်ငန်းအတွက် လှုပ်ရှားမှုအတွက် လမ်းပိတ်နေပြီး၊ ထွက်ပေါက် မရှိတော့ဟူ၍မဟုတ်ပါ။ ဤလုပ်ငန်းအတွက် လုပ်ဆောင်ရန် မိုအ်ဂျေဇာ (ဘုန်းတန်ခိုးပြသခြင်း) လည်း မလိုအပ်ချေ။ မဖြစ်နိုင်သည့် လုပ်ရပ်လည်း မဟုတ်ချေ။
အခန်းကဏ္ဍ(၃)
တရားမ၀င်ဆက်သွယ်မှုများသည် အိမ်ထောင်ပြု၊ လက်ထပ်ထိမ်းမြားမှုများ၌ လျော့ကျ၊ ကျဆင်းမှု၏ အဓိက အရေးကြီး အကြောင်းခံ တစ်ခုဖြစ်လေသည်။
         အမှန်တကယ် လက်ရှိ လူမှုဘ၀ တည်ဆောက်မှု၊ လူနေမှု ပတ်ဝန်းကျင်၊အသိုင်းအ၀ိုင်း အများနှင့် လုပ်ရမည့်ဘ၀၏ မြောက်မြားစွာသော အစိတ်အပိုင်းများသည် သဘောသဘာဝနှင့် စစ်မှန်သည့် ဘ၀ မဟုတ် တော့ချေ။ (ပြောင်းလဲသွားလေပြီ။)
         လက်ထပ် ထိမ်းမြားမှု၊ မင်္ဂလာဆောင်မှု လျော့ကျခြင်း၊ နည်းပါးခြင်း နှင့် လူပျိုလူလွတ်၊ အိမ်ထောင်ဖက်မဲ့သူ များပြားကျယ်ပြန့်လာ သည်နှင့်အမျှ မျိုးဆက်သစ် ဖြစ်ပွားမှုကိုလည်း အဟန့်အတားပြုနေကြောင်း ကျွန်တော် အနေ ဖြင့် အစီရင်ခံရေးသားတင်ပြထားပြီး ဖြစ်ပေသည်။
         (ဤသို့ဖြင့် မနုဿလူသား အနေဖြင့်) မည်သည့်တာဝန်၊ ၀တ္တရားကို ထမ်းဆောင်ဖို့ ခံစားချက်ပင် မရှိတော့ချေ။ ပတ်ဝန်းကျင်လူ့အသိုင်းအ၀ိုင်းနှင့် အဆက်အသွယ်ဖြတ် ဝေးကွာသွားကြလေသည်။ လူအပေါင်းအသင်းများနှင့် စုပေါင်း၍ ဘ၀တည်ဆောက်မှု၊ ပတ်ဝန်းကျင်နှင့် နေထိုင်မှုကို ဥပေက္ခာပြု မထေမဲ့မြင် မြင်ပြုလာကြလေသည်။ (ဤအချက်အလက်၊ လက္ခဏာများ သည်) အိမ်ထောင်မရှိသည့် လူပျိုလူလွတ်များ၏ဘ၀၌ လုံးဝတွေ့ရသည့် လက္ခဏာများပင်တည်း။
         လူ့ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းအတွက် ကြီးမားသော ရောဂါ ပြဿနာ တစ်ခုဖြစ်ပေ သည်။ ကျွန်တော်အနေဖြင့် အိမ်ထောင်မပြုရသေးသူ လူပျို၊ လူလွတ်အများဆုံး ကျူးလွန်နေသည့် စာရိတ္တချို့ယွင်းပျက်ပြား ပျက်စီးမှု များ၊ မကောင်းမှုများ ဆွေးနွေးမှုတွင် ထည့်သွင်းဖော်ပြမည်ဆိုလျှင် ဤလူမှုရေး ဆိုင်ရာ အခက်အခဲ၊ အကြပ်အတည်း ပြဿနာများ အရေးကြီးမှု ပိုမို၍ ထင်ရှား သွားပေမည်။
         လက်ရှိ လက်တလော စာရှုသူ လူကြီးမင်း အပေါင်းတို့အား လူမှု ပတ် ၀န်းကျင်အတွက် အန္တရာယ် ပြဿနာကို ဖြစ်စေသည့် အခြေခံ အကြောင်း တရားများ ဖက်သို့ မီးမောင်းထိုးတင်ပြပါမည်။
         ဤအန္တာရာယ် ပြဿနာ အကြောင်းခံများမှာ တစ်ခုနှစ်ခုတည်း ပေါ်ပေါက်လာခြင်း မဟုတ်သည့် ဆိုသည့် အချက်မှာ ငြင်းမရအောင် မှန်ပါသည်။ သို့သော် ၄င်းမြောက်မြားစွာသော အခြေခံ အကြောင်းတရားများ၊ အခြားအကြောင်းခံတရားများထက် အလွန်တရာ အရေးပါ အရာရောက်သည့် အကြောင်းခံတစ်ရပ်ဖြစ်ပါသည်။
         ထိုအကြောင်းတစ်ရပ်မှာ (တရားမ၀င် ဆက်သွယ်မှုများ ဖြစ်ပွားလာ ခြင်း) ပင်ဖြစ်ပါသည်။
         အကြောင်းမှာ -
         အမျိုးသမီးများ၊ မိန်းမများ နှင့် အလွယ်တကူ ဆက်သွယ်နိုင်မှု ကြောင့်ဖြစ်လေသည်။ ဤအတွက်ကြောင့်လည်းမိန်းမများသည် (ယခုခေတ်) လူငယ်လူရွယ်အမြောက်အမြားတို့၏အမြင်၌သိက္ခာမရှိသူ၊တန်ဖိုးမရှိသည့်အရာ၊ယုတ်စွအဆုံး တစ်ခါတစ်လေ “ အလကားရသည့် ပစ္စည်း၊အခမဲ့ရသည့် ပစ္စည်း ” ပမာဖြစ်နေပြီး အလွယ်တကူ နှင့် ဆွတ်ခူးရယူကြလေသည်။
         ဤ အတွက်ကြောင့်လည်း အတိတ်က ပတ်ဝန်းကျင် အသိုင်းအ၀ိုင်း တွင် လူငယ်လူရွယ်များကို ဆွဲဆောင်စိတ်ဝင်စားစေခဲ့သည့် အမျိုးသမီးများ၏ တန်ဖိုး၊ အရှက်သိက္ခာ၊ အိနြေ္ဒ၊ အဆင့်အတန်း ပျက်စီးခဲ့ရလေပြီ။ ထို့ပြင် (ဤအဆင့်အတန်းပိုင်ရှင် မလေးများကို) ပိုင်ဆိုင်ဖို့ ကြီးမားသည့် ကြိုးပမ်းမှုနှင့် စတေးမှုကို လူငယ်လူရွယ်များ အနေဖြင့် ပြုခဲ့ရပါသည်။ (သို့သော်) အားလုံး ပျက်စီးရေစုံ မျောသွားရလေပြီ။
         ယနေ့မျက်မှောက်ခေတ်၌ အမျိုးသမီးများ၏ မလုံမခြုံ ဟိုပေါ်ဒီပေါ် ၀တ်စားဆင်ယင်မှု ပေါများလာသည်နှင့် အမျှ မကောင်းမှု ဒုစရိုက်၊ စာရိတ္တ ပျက်ပြားလာမှုသည်လည်း တိုးပွားလာလေသည်။
         အကယ်၍ ဤလုပ်ရပ်အား အစပထမကတည်းက သတိပြုသူ၊ ဂရုပြု သူများ၏ စိတ်ဝင်စား အာရုံထားခြင်းခံရမည်ဆိုလျှင် နောက်ဆုံးရလာဒ် အဖြေမှာရှုပ်ထွေးပွေလီသည့်ပြဿနာများနှင့်အမျိုးသမီးများ၏တန်းဖိုးကျမှုကိုလျော့နည်းစေမှာဖြစ်ပါသည်။ပြီးနောက်အမျိုးသမီးများ မျှော်လင့်ထားသည့် အတိုင်းဖြစ်လာမည်ဖြစ်ပေသည်။
         ဤ အထောက် အထားကြောင့် အတိတ်ခေတ်ကာလ၌ နေကာဟ် နှင့် အက်ဒ် (တရားဝင် နေကာဟ်ဖြစ်ရန် ရှရီအသ် မှ သတ်မှတ်ထားသည့် ၀ါကျကို ရွတ်ဆိုခြင်း) တို့၏ရှေ့ပြေးဖြစ်သည့် သန့်ပြန့် သန့်စင် စင်ကြယ်သည့် “အချစ်” “မေတ္တာ” သည် ယနေ့ခေတ်ကာလတွင် မည်သည့် အာနိသင် အစွမ်းမျှ မရှိတော့ချေ။
         အကြောင်းသည်ကား - မနုဿ ပုထုဇဉ် လူသားသည် အမြဲတမ်း လွယ်လွယ်နှင့် မရသည့် အရာကိုသာလျှင် တန်ဖိုးထားချစ်ခင်မြတ်နိုး တတ်ကြလေသည်။
         အားနည်းသည့် အရာတစ်ခု၊ အလကားအခမဲ့၊ တန်ဖိုးမဲ့သည့် အရာကို မနုဿ လူသားအနေဖြင့် ချစ်ခင်မြတ်နိုးခြင်းသည် အဓိပ္ပာယ်မရှိချေ။ ဤအချစ်သည် (အချစ်မီး (ခ) တဏှာမီး) ပင်တည်း။
         အခြားတစ်ဖက်၌လည်း မြောက်မြားစွာသော ဒုစရိုက်သမား၊ ကလေကချေ ၊ အုတ်ကြားမြက်ပေါက် ယဉ်ကျေးမှုမရှိ တဏှာရူးများ အနေဖြင့် ပြောကြားလေသည်။
         “ အမျိုးသမီးတစ်ယောက်ကို ပိုင်ဆိုင်ဖို့၊ ရယူနိုင်ဖို့ ယောင်္ကျား တစ်ယောက်အနေဖြင့် ထောင်ပေါင်း များစွာသော (စည်းမျဉ်း၊ စည်းကမ်းများ၊ တာဝန်ဝတ္တရားများ) ကို လက်ခံပြီး လက်ထပ် ထိမ်းမြားပြီးယူဖို့ ဘာအရေးကြီး လို့လဲ၊ (ဘာအလုပ်ရှုပ်ခံမှာလဲ) တကယ်ဆို ဒီလို စည်းမျဉ်း စည်းကမ်း၊ တာဝန် ၀တ္တရားတွေကို လက်ခံဖို့ တာဝန်ယူဖို့မလိုဘဲ မိန်းမအမြောက်အမြားကို ဖန်တီးနိုင်ပါတယ်…”
         ဤကဲ့သို့ပြောရခြင်းမှာဤပုဂ္ဂိုလ်များသည် လိင်နှင့်စာရိတ္တပျက်ပြားမှု တို့၏ ရလာဒ်အကျိုးဆိုး၊ ဒုက္ခဆိုးများကို မသိသောကြောင့်ပင်ဖြစ်ပေသည်။
         ဤ အတွက်ကြောင့်လည်း ဤ ကဲ့သို့သော ပုဂ္ဂိုလ်များသည် ဘ၀ တစ်ခုလုံး(သို့မဟုတ်) ဘ၀၏ အချိန်တော်တော်များများကို လူပျိုလူလွတ်ဘ၀ ဖြင့် ကုန်စေလေသည်။
         အထက်ဖော်ပြပါ ဖြစ်ရပ်မှန် (တရားမ၀င် ဆက်သွယ်မှုများ လွယ်ကူ ပေါများလာခြင်း) ကို ဂရုပြုမည်ဆိုလျှင် လက်ထပ်ထိမ်းမြားမှု လျော့နည်း ခြင်း၏ အကြောင်းတရားလုံးဝ ရှင်းလင်းထင်ရှားသွားပေမည်။ ဤ အတွက် ကြောင့် အနောက်တိုင်း ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းတွင် မည်သည့်စည်းမျဉ်း စည်းကမ်း အကွပ်အထိန်းမျှ မရှိချေ။ ဤကဲ့သို့ (တိရိစ္ဆာန်များနည်းတူ) လွတ်လပ်မှု အမြောက်အမြားကို မြင်နိုင်ပေသည်။
         သို့ဖြစ်ပါ၍ အိမ်ထောင်ပြုထိမ်းမြားခြင်းသည်လည်း အများအပြား နည်းရလေသည်။ အကယ်၍ လက်ထပ်ထိမ်းမြား အိမ်ထောင်ပြုလျှင်လည်း အသက်ရပြီး အသက်ကြီးမှ ပြုကြလေသည်။ အမှန်တကယ် ဤအသက်ကြီး မှအိမ်ထောင်ပြုခြင်းများ သည်လည်း အရသာသိပ်မရှိတော့ချေ။ ရက်ကြာ ရှည်မခံ တော့ချေ။ ယေဘုယျ အားဖြင့် အသေးအဖွဲ ကိစ္စလေးကို အကြောင်း ပြုပြီး တစ်ခါတစ်ရံ နောက်ရင်း ပြောင်ရင်း ကွဲသွားပြတ်စဲသွား ကြလေသည်။
စာရိတ္တပျက်ပြားမှုနှင့် မကောင်းသည့် နေရာများ၏ရလာဒ်
         အထက်ဖော် ပြမှု အပြင် ဤအဖြစ်အပျက်သည်လည်း တင်ပြ သီကုံး သင့်ပေသည်။ လူပျို လူလွတ်ဘ၀ကို အိမ်ထောင်သည် ဘ၀ထက် ဦးစားပေး အလေးထားသည့် အသိုင်းအ၀ိုင်း ပတ်ဝန်းကျင်ကို ကြည့်မည်ဆိုလျှင် အမြဲတမ်း ၄င်းတို့ထံ၌ ညစ်ပတ်ပြီးပုပ်ပွ နေသည့် အနာရှိလေသည်။ (ထိုအနာအား) ကျွန်ုပ်တို့ အနေဖြင့် ပြည့်တန်ဆာ များနေရာ ဗဟိုဌာနချုပ်များ “ မြို့သစ် ” ဟု ခေါ်ဆိုနိုင်ပေသည်။
         ဤ နေရာများသည် အိမ်ထောင်ပြုခြင်း၊ လက်ထပ်ထိမ်းမြားခြင်းကို လျော့ကျပေသည်။ အရေးကြီး အကြောင်းခံတစ်ရပ် ဖြစ်သည်နှင့်အမျှ သိက္ခာရှိ ဂုဏ်သရေရှိ မိသားစုများ၏ အရှက် ဂုဏ်သိက္ခာကိုလည်း ကျစေ ကွဲစေ လေသည်။
         ဤကဲ့သို့သော ညစ်နွမ်း၊ ညစ်ညမ်းသည့် ပြည့်တန်ဆာများ၊ မကောင်းသည့် အမျိုးသမီးများ ကြင်လည်ရာနေရာများကို မကောင်းသည့်၊ မသန့်စင်သည့် ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းတိုး၌ တွေ့နိုင်ပေသည်။ ပတ်ဝန်းကျင် အသိုင်းအ၀ိုင်း သည် ကောင်းသည့်စာရိတ္တ အကျင့်စရိုက် မရှိ ကြောင်း သက်သေထူနေပေသည်။ ကာမပျက်ပြားမှုနှင့် မကောင်းသည့်နေရာ များသည် ပြဿနာများကို ပြန့်ပွားလာခြင်းနှင့် ရုပ်နှင့်နာမ်ကို ရောဂါဖြစ်စေ သည် ဆိုသည့် အချက်လေးဖြစ်စေ မလေ့လာသင့်ချေ။ ထိုနည်းတူစွာ လက်ထပ်မင်္ဂလာကို လျော့ကျစေခြင်းနှင့် လူငယ်လူရွယ်များကို လူပျိုလူလွတ် ဘ၀သို့ ပို့ပေးသည်ဟု သည်အချက်လေးနှင့်လည်း မတင်းတိမ်သင့်ချေ။
         အမှန်တကယ် ဤအကြောင်းအရာတချက်ခြင်း အတွက် များများ လေ့လာသင့်ပေသည်။ ထို့ပြင်မကောင်းသည့် နေရာများ၌ မိမိခန္ဓာကိုယ်ဖြင့် ရင်းနှီးလုပ်စားသည့် ပြည့်တန်ဆာမများ အကြောင်း စိစစ်လေ့လာမှုကို အသေအချာ အသေးစိတ် အလေးပေးပြီး လေ့လာစိစစ်သင့်ပေသည်။
         ဤအကြောင်းအရာကိစ္စကို အသေးစိတ်လေ့လာပြီးသော ပုဂ္ဂိုလ်များ အနေဖြင့်လည်း မိမိတို့ ကျယ်ပြန့်လှသည့် သုတေသီ ပြုမှုနှင့်အတူ စာအုပ်များ ရေးသားသီကုံးခဲ့ကြလေသည်။
         ဤ ကဲ့သို့သော် မကောင်းသည့် အမျိုးသမီးများမှ တဆင့် ကြောက်စရာ အကောင်းဆုံး အန္တရာယ်၊ အကြီးမားဆုံး AIDS ရောဂါကို ဖြစ်စေ၊ကူးစေကြောင်းတညီ တညွတ်တည်း ၀န်ခံရေးသားထားကြလေသည်။
         ဤ ကဲ့သို့ မသန့်မိန်းမများ၊ အောက်တန်းကျသည့် မတတ်နိုင်ရှာကြ သည့် မိန်းကလေးများသည် အမြဲတမ်းခေါင်းမှ ခြေအထိ အကြွေးများ၌ နစ်မွန်း နေကြလေသည်။ နေနှင့်ည သူစိမ်း (တရားမ၀င်) ယောင်္ကျားများ၏ လိုအင် ကာမဆန္ဒ နှင့် အရသာကို ဖြည့်တင်းပေးရန် အတွက် ဖယောင်းတိုင်လေးပမာ (မိမိတို့၏ဘ၀ကို) လောင်ကျွမ်းနေစေရလေသည်။
         နောက်ဆုံး (မိမိဘ၀အဆုံးခရီးအဖြစ်) အလွန်ဆိုးရွားသည့် အခြေ အနေအဖြစ် လူ့အသိုင်းအ၀ိုင်းက လက်မခံသည့် ထောင့်တစ်နေရာတွင် သွားရောက်ဘ၀ တည်ဆောက်ပြီး သေဆုံးရလေသည်။ တစ်ခါတစ်လေဆို လျှင်၎င်းပြည့်တန်ဆာမများ၏ အလောင်းကိုပင် မြေမြှုပ်၊ ဒဖှ်နာပြုပေးမည့်သူ၊ သင်္ဂြုံဟ်ပေးမည့်သူ တစ်ယောက်မျှပင် မတွေ့ရချေ။
         မည်သည့် အသိဥာဏ်နှင့် Logic အရ လက်ခံနိုင်ပါ သနည်း?
အကြောင်းမှာ …..
         လူ့အခွင့်အရေး၊ ကျွန်စနစ်ပပျောက်ရေးလို့ ကြွေးကြော်အာမခံ နေသည့် ဤခေတ်ကာလ၌ ကျွန်တော်တို့၏ ပတ်ဝန်းကျင်၌ မြောက်များစွာ သောကျွန်များ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ ခံစားနေသူများကို မြင်တွေ့ ရနိုင်ပေသည်။ မည်သူမျှ ၄င်းတို့ လွတ်မြောက်ရန် ခြေလှမ်း မလှမ်း ကြချေ။
         (ကျွန်စနစ်များမှ တစ်ခုမှာ ပြည့်တန်ဆာ မိန်းမများကို ငွေပေးပြီး အသုံးပြုခြင်း၊ ၄င်းတို့အား ငွေရနိုင်သည့် အခြား သမာအာဇီဝ ကျသည့် အလုပ် များမပေးခြင်း၊ ပြည့်တန်ဆာခန်းများ၊ ဟိုတယ်၊ မိုတယ် များသည် မိန်းကလေး များ ခန္ဓာကိုယ် ရောင်းစားဖို့၊ မိမိအရှက် အင်္ဂါကို လူတကာကို ပေးဖို့ အသင့် ဖြစ်စေပြီး မဏိကာ ဖြစ်သည့် နိုက်ကလပ်များကို ဖွင့်ထားခြင်း စသည်တို့လည်း အဓိကနေရာမှ ပါဝင်ပေသည်။) (ဘာသာပြန်ဆိုသူ)
         သို့သော် ၀မ်းနည်းစရာ အချက်ပင်တည်း ….. မြောက်များစွာသော ဤကဲ့သို့ မကောင်းသည့် နေရာများကို ယနေ့ ပတ်ဝန်းကျင် အသိုင်းအ၀ိုင်း များအနေဖြင့် တမင်တကာသိလျှက် တရားဝင် ကိုင်သည့် အခြေအနေထိ တွန်းပို့လက်ခံလိုကချေပြီ။ ဤ အတွက်ကြောင့်လည်း တရားမ၀င် ကာမ ဆက်ဆံမှုများ လွယ်ကူပေါများမှုကို ဖန်တီးပြီးသား ဖြစ်သွားလေသည်။
         ဤအတွက်ကြောင့်လည်း မကောင်းသည့် အကျင့်ပျက် ပတ်ဝန်း ကျင်နှင့် အမှိုက်နွံ တွင် နစ်နေသည့် မိန်းကလေးများသည် တရားမ၀င် ရှရီအသ် ကို ဆန့်ကျင်သည့် ပေါင်းသင်းဆက်ဆံမှုများ၏ ရလာဒ်(ဆိုး) အဖြစ် တဆင့်ပြီးတဆင့် ဤမကောင်းသည့် နေရာသို့ ရောက်ရလေတော့သည်။
         ဤကဲ့သို့သော အချို့မိန်းကလေးများ၏ ဖြစ်ရပ်မှန်များကို စာအုပ် များ၌ တင်ပြထားလေသည်။ ဤဖြစ်ရပ်မှန်များသည် သံသယမရှိ၊ ချို့ယွင်းချက် မရှိ၊ ၀မ်းနည်းဖွယ်နှင့် ကြောက်လန့်ဖွယ် အကောင်းတကာ့ အကောင်းဆုံး ဖြစ်ရပ် မှန်များပင်တည်း။ ယနေ့ ပတ်ဝန်းကျင် အသိုင်းအ၀ိုင်း ၏ နဖူးပြင်ရှိ ၊ မကောင်းသည့် အမာရွတ်၊ ဒဏ်ရာဒဏ်ချက်အဖြစ် စာရင်းဝင် သွားလေသည်။ သို့သော် ၀မ်းနည်းစရာအချက်မှာ ဤကိစ္စ ပြဿနာနှင့် ပတ်သက်ပြီး စီစစ် ဆွေးနွေးမှု အနည်းငယ်သာရှိပေသည်။
ဤအတွက်ကြောင့်လည်း ………. ကျွန်ုပ်တို့နေဖြင့်
- အိမ်ထာင်စု မိသားစုဝင်များကို ပြိုကွဲပျက်စီးမှုမှ ကာကွယ်တားဆီးနိုင်ရန်…
-အိမ်ထောင်ပြုလက်ထပ်ထိမ်းမြားမှုကျဆင်းမှု၏ လျင်မြန်မှုနှုန်းကိုထိန်းနိုင်ရန်
-(မကောင်းမှုဒုစရိုက်ကိုလုပ်နေသည့်)ကျွန်များကို ကျွန်အဖြစ်မှ လွတ်မြောက်         စေရန်…
         ဤအထိမ်းအကွပ်မဲ့၊ ကာမဆက်ယှက်မှု ဆက်ခံမှု၊ တရားမ၀င် ဆက်သွယ်မှု ပေါ်များခြင်းကို မလွဲမသွေ တားဆီးပိတ်ပင်ရမည်ဖြစ် ပေသည်။ ဤ တားဆီး ပိတ်ပင်မှု အတွက်လည်း မှန်ကန်ပြီး စည်းစနစ်ရှိသည့် အစီအစဉ် များ၏ အကူအညီမှ အပ မဖြစ်နိုင်ချေ။
         ချစ်ခင်လေးစားတန်ဖိုးထားရပါသော လူငယ်၊ လူရွယ်လေးများ …
         အထက်ဖော်ပြပါ အမှန်တရားများကို ဂရုပြုပြီး မိမိကိုယ်တိုင် အတွက် နှင့် သူငယ်ချင်းများ အတွက် ထိန်းသိမ်းကာကွယ်နိုင်ရန် ပို၍ သတိရှိစွာဖြင့် ဆောင်ရွက်ကြပါလေ…..
         လမ်းလွဲ၊ လမ်းမှား၊ လမ်းချော်အောင် ကောက်ကျစ်ဖျားယောင်းသူ များ ဤကဲ့သို့သော မသန့်ပြန့်သည့် လွတ်လပ်မှုဖက် ဆွဲဆောင်နေသူများ (သူယုတ်မာများ) ၏ စကားကိုနား မယောင်ပါလေနှင့်။ ရှောင်ကြဉ်ကြပါလေ။
         အကြင်မည်သူမဆို ဤအခြေအနေနှင့် မကောင်းသည့်နေရာများကို ပတ်ဝန်းကျင်လူ့အသိုင်းအ၀ိုင်းအတွက် အရေးကြီးသည့် ခေါင်းစဉ်တစ်ခု အဖြစ် တင်ပြမည်။ ဤအရာကို အကြောင်းပြုပြီး မကောင်းမှုများနှင့် မကောင်းသည့်နေရာများကို အ၀င်အထွက်မရှိဖို့ဆိုပြီး ဤ (တရားမ၀င် ဆက်ဆံမှု) ကို သန့်စင်သန့်ပြန့်သည့် မိသားစုဝင်များကို ကာကွယ်ပေးသည့် အလုပ်၊ လူငယ်၊ လူရွယ်များ၏ ကျန်းမာပျော်ရွှင်မှုကို ဖြစ်စေသည်ဟု ဆို၍ ဤဒုစရိုက် အလုပ်အား အမည်ကောင်းပေးမည်ဆိုလျှင် ကြီးမားသည့် အမှားကို ပြုနေခြင်းဖြစ်ပေသည်။
         ဤမကောင်းမှု၊ ရွံစရာ၊ ရှက်စရာ (ကာမဆက်ဆံမှု) ကြောင့် လူမှုပတ်ဝန်း၌ မြောက်များစွာသော စာရိတ္တပျက်ပြားမှု၊ ချို့ယွင်းမှု များကို ပြန့်ပွား နေစေပြီး၊ ကိုယ်ခန္ဓာ ကိုပါ ရောဂါ ဝေဒနာ မဖြစ်စေပါ သလော?
         ဤအထောက်အထားအတွက်ကြောင့်ပင် ဤမကောင်းမှုကို ပတ်ဝန်း ကျင်နှင့် ဝေးဝေးထားကြလေသည်။ ၄င်းအကျဉ်းထောင် (မကောင်းမှု၊ ကာမ ဆက်ဆံမှုအား) တံတိုင်းမြင့်များ လေးဖက်လေးတန် ထူထောင်ပြီး ဤ မကောင်းဆိုးကျိုး အားနိသင်အား အိမ်ထောင်စု၊ မိသားစု အတွင်း မရောက် လာကြစေရန်၊ မကူးစက်လာစေရန် တားမြစ်နိုင်ပေသည်။
         လူမှုအသိုင်းအ၀ိုင်း၏ အရေးကြီးလိုအပ်မှု တစ်ခုအသွင် အဖြစ် ထိုမသန့် မကောင်းသည့် နေရာများကို အ၀င်အထွက် ပြုခြင်းဖြင့် (ရုပ်နှင့်နာမ်) သာယာငြိမ်းမြေ့မှု ဖြစ်စေနိုင်ပါသလား?
====================================
END / 251