
အဲဟ္ေလ့ဘိုက္(သ) (အလိုင္ေဟမြစ္စလာမ္) သတင္းဌာန ၊ အဗ္နာ
Zawgyi
ရခိုင္ျပည္နယ္အတြင္း စစ္ေဘးေရွာင္ေတြ အရင္ကအတိုင္း စိတ္ခ်လက္ခ် ေနႏိုင္ေအာင္ ႀကိဳးစားေဆာင္႐ြက္ေနတယ္လို႔ ရခိုင္ျပည္နယ္ ဝန္ႀကီးခ်ဳပ္က ေျပာဆိုပါတယ္။
ရခိုင္ျပည္နယ္အတြင္းတိုက္ပြဲေတြေၾကာင့္ တိမ္းေရွာင္လာၾကၿပီး စစ္ေတြၿမိဳ႕ ဓမၼရမၼာဘုန္းေတာ္ႀကီး၊ မင္းဂံဝိသစၥဝါဒီ၊ ဗုေဒၶါေမာ္စတဲ့ ဘုန္းေတာ္ႀကီးေက်ာင္းေတြမွာ ေနထိုင္ေန ၾကတဲ့စစ္ေဘးေရွာင္ေတြကို ရခိုင္ျပည္နယ္ ဝန္ႀကီးခ်ဳပ္ဦးညီပု ဇန္နဝါရီ ၆ ရက္ေန႔က သြားေရာက္ေတြ႕ဆုံရာမွာ ေျပာဆိုတာပါ။
“ျဖစ္လာေတာ့လည္း ရင္ဆိုင္ရမွာေပါ့၊ ေျဖရွင္းရမွာေပါ့။ အားလုံးက ေအးေအးေဆးေဆးနဲ႔ ေျပေျပလည္လည္ ျဖစ္သြားရင္ေတာ့ အေကာင္းဆုံးပဲ။ က်ေနာ္တို႔ဘက္ကလည္း အတတ္ႏိုင္ဆုံး ႀကိဳးစားေနပါတယ္။ အရင္ကအတိုင္းပဲ ေအးေအးေဆးေဆး ေနႏိုင္ေအာင္၊ စိတ္ခ်လက္ခ်နဲ႔ ေနႏိုင္ေအာင္ တတ္ႏိုင္သမွ်ေတာ့ ႀကိဳးစားၿပီးေတာ့ ေဆာင္႐ြက္ေန ပါတယ္။ဒါေပမဲ့တေနရာတည္းတဦးတည္းမဟုတ္ေတာ့ ေနရာအႏွံ႔ကလည္း ျဖစ္ေနတဲ့အေနအထားေတြရွိတယ္ေပါ့။ဒါေတြနဲ႔ပတ္သက္လို႔ ႏိုင္ငံေတာ္အႀကီးအကဲေတြ၊ အားလုံး ကလည္း ဝိုင္းဝန္းႀကိဳးစားၿပီး ေဆာင္႐ြက္ေနၾကတယ္။
စစ္ေဘးေရွာင္ေတြဘက္ကေတာ့ စပါးရိတ္သိမ္းခ်ိန္ ေရာက္လာေပမယ့္ မ႐ိုတ္သိမ္းႏိုင္ဘဲ စပါးေတြကို ဒီအတိုင္းထားခဲ့ရတဲ့အတြက္ အခက္အခဲျဖစ္ေနတဲ့အတြက္ အစိုးရအေန နဲ႔ လုပ္ေဆာင္ေပးဖို႔ ေတာင္းဆိုပါတယ္။
ဒါ့အျပင္ တိုက္ပြဲေတြေၾကာင့္ ထြက္ေျပးလာၾကတဲ့ စစ္ေဘးေရွာင္ ၄၀၀ နီးပါး ဓမၼာရာမ ဘုန္းေတာ္ႀကီးေက်ာင္းမွာ ရွိေနၿပီး ေသာက္သုံးေရအျပင္ တိုးခ်ဲ႕အေဆာင္လိုအပ္ခ်က္ ေတြ ျဖည့္ဆည္းေပးဖို႔ကိုလည္း တင္ျပခဲ့ပါတယ္။
စစ္ေဘးေရွာင္ ၄၀၀ ေက်ာ္အတြက္ရခိုင္ျပည္နယ္ ေဘးအႏၲရာယ္ကေနတဆင့္ လႉဒါန္းတဲ့ ဆန္အိတ္ ၁၀၀ ေက်ာ္ ရိကၡာတလစာ၊ ေက်ာင္းသုံးစာအုပ္ေတြနဲ႔ ကေလး ကစားစ ရာေတြကို ျပည္နယ္အစိုးရက ေထာက္ပံ့ေပးခဲ့ပါတယ္။
တိုက္ပြဲေလွ်ာ့ခ်ေရးနဲ႔ပတ္သက္လို႔ လုပ္ေဆာင္ေနတဲ့ အေျခအေနကို ဒီဗြီဘီက ေမးျမန္းရာမွာ အခုျဖစ္ပြားေနတဲ့ တိုက္ပြဲေတြ ရပ္စဲဖို႔ ျပည္ေထာင္စုအဆင့္ကေန ႀကိဳစားေနတာ ရွိၿပီတိုက္ပြဲေတြ အျမန္ဆုံးရပ္ေစခ်င္တယ္လို႔ ရခိုင္ျပည္နယ္ဝန္ႀကီးခ်ဳပ္ ဦးညီပုက ေျပာဆိုပါတယ္။
“တိုက္ပြဲေလွ်ာ့ခ်ေရးနဲ႔ပတ္သက္လို႔ေတာ့ ႏိုင္ငံေတာ္အဆင့္က လုပ္ေနတာေပါ့။ က်ေနာ္တို႔ဆီ ကေတာ့ အခုလို ဒုကၡေရာက္တဲ့သူေတြအတြက္ တတ္ႏိုင္သမွ် ကူညီေဆာင္ ႐ြက္ေပးေနရတဲ့ အေနအထားအေပါ့။က်ေနာ္တို႔လည္းတိုက္ပြဲေတြအျမန္ဆုံးရပ္ေစခ်င္တဲ့အေနအထားေပါ့။ ျပည္သူေတြကလည္းဒါပဲဆႏၵရွိတာပဲေလ။က်ေနာ္တို႔လည္း လုပ္ႏိုင္ သေလာက္ လုပ္ေပးေန ပါတယ္။ အဓိကကေတာ့ ျပည္ေထာင္စုကပဲ လုပ္ရမွာေပါ့။”
ရခိုင္ျပည္နယ္အတြင္းတပ္မေတာ္နဲ႔ ရကၡိဳင့္တပ္ေတာ္ေအေအတို႔ တိုက္ပြဲျဖစ္ပြားေနတာ တႏွစ္ေက်ာ္လာၿပီး ျဖစ္ေပမယ့္ တိုက္ပြဲေတြ ရပ္စဲမသြားဘဲ တိုက္ပြဲအရွိန္ တျဖည္းျဖည္း နဲ႔ ျမင့္တက္ေနပါတယ္။
တိုက္ပြဲေတြေၾကာင့္တိမ္းေရွာင္ေနရတဲ့ စစ္ေဘးေရွာင္ ၁ သိန္းေက်ာ္ရွိၿပီျဖစ္ၿပီး ေသဆုံးတာ ၁၀၀ ေက်ာ္နဲ႔ ဒဏ္ရာရရွိသူ ၂၇၀ နီးပါး ရွိၿပီလို႔ သိရပါတယ္။
Unicode
စစ်ဘေးရှောင်များ ယခင်အတိုင်း စိတ်ချလက်ချနေနိုင်ရေး ကြိုးစားနေဟု ရခိုင်ဝန်ကြီးချုပ် ပြော
ရခိုင်ပြည်နယ်အတွင်း စစ်ဘေးရှောင်တွေ အရင်ကအတိုင်း စိတ်ချလက်ချ နေနိုင်အောင် ကြိုးစားဆောင်ရွက်နေတယ်လို့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်က ပြောဆိုပါတယ်။
ရခိုင်ပြည်နယ်အတွင်းတိုက်ပွဲတွေကြောင့်တိမ်းရှောင်လာကြပြီး စစ်တွေမြို့ ဓမ္မရမ္မာ ဘုန်းတော်ကြီး၊ မင်းဂံဝိသစ္စဝါဒီ၊ ဗုဒ္ဓေါမော်စတဲ့ ဘုန်းတော်ကြီးကျောင်း တွေမှာ နေထိုင်နေကြတဲ့ စစ်ဘေးရှောင်တွေကို ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဦးညီပု ဇန်နဝါရီ ၆ ရက်နေ့က သွားရောက်တွေ့ဆုံရာမှာ ပြောဆိုတာပါ။
“ဖြစ်လာတော့လည်း ရင်ဆိုင်ရမှာပေါ့၊ ဖြေရှင်းရမှာပေါ့။အားလုံးကအေးအေးဆေးဆေးနဲ့ပြေပြေလည်လည် ဖြစ်သွားရင်တော့အကောင်းဆုံးပဲ။ကျနော်တို့ဘက် ကလည်း အတတ်နိုင်ဆုံးကြိုးစားနေပါတယ်။အရင်ကအတိုင်းပဲအေးအေးဆေးဆေးနေနိုင်အောင်၊စိတ်ချလက်ချနဲ့နေနိုင်အောင်တတ်နိုင်သမျှတော့ကြိုးစားပြီးတော့ဆောင်ရွက်နေပါ တယ်။ဒါပေမဲ့တနေရာတည်းတဦးတည်း မဟုတ်တော့ နေရာအနှံ့ကလည်း ဖြစ်နေတဲ့ အနေအထားတွေ ရှိတယ်ပေါ့။ ဒါတွေနဲ့ပတ်သက်လို့ နိုင်ငံ တော် အကြီးအကဲတွေ၊ အားလုံးကလည်း ဝိုင်းဝန်းကြိုးစားပြီး ဆောင်ရွက်နေကြတယ်။
စစ်ဘေးရှောင်တွေဘက်ကတော့စပါးရိတ်သိမ်းချိန် ရောက်လာပေမယ့် မရိုတ်သိမ်းနိုင်ဘဲ စပါးတွေကို ဒီအတိုင်းထားခဲ့ရတဲ့အတွက် အခက်အခဲဖြစ်နေတဲ့အတွက် အစိုးရ အနေနဲ့ လုပ်ဆောင်ပေးဖို့ တောင်းဆိုပါတယ်။
ဒါ့အပြင်တိုက်ပွဲတွေကြောင့်ထွက်ပြေးလာကြတဲ့စစ်ဘေးရှောင် ၄၀၀ နီးပါးဓမ္မာရာမဘုန်းတော်ကြီးကျောင်းမှာရှိနေပြီးသောက်သုံးရေအပြင်တိုးချဲ့အဆောင်လို အပ်ချက် တွေ ဖြည့်ဆည်းပေးဖို့ကိုလည်း တင်ပြခဲ့ပါတယ်။
စစ်ဘေးရှောင် ၄၀၀ ကျော်အတွက် ရခိုင်ပြည်နယ် ဘေးအန္တရာယ်ကနေတဆင့် လှူဒါန်းတဲ့ ဆန်အိတ် ၁၀၀ ကျော် ရိက္ခာတလစာ၊ ကျောင်းသုံးစာအုပ်တွေနဲ့ ကလေး ကစားစရာတွေကို ပြည်နယ်အစိုးရက ထောက်ပံ့ပေးခဲ့ပါတယ်။
တိုက်ပွဲလျှော့ချရေးနဲ့ပတ်သက်လို့လုပ်ဆောင်နေတဲ့အခြေအနေကိုဒီဗွီဘီကမေးမြန်းရာမှာအခုဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ရပ်စဲဖို့ ပြည်ထောင်စုအဆင့်ကနေ ကြိုစားနေတာ ရှိပြီ တိုက်ပွဲတွေ အမြန်ဆုံးရပ်စေချင်တယ်လို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ပြောဆိုပါတယ်။
“တိုက်ပွဲလျှော့ချရေးနဲ့ပတ်သက်လို့တော့နိုင်ငံတော်အဆင့်က လုပ်နေတာပေါ့။ကျနော်တို့ဆီကတော့ အခုလိုဒုက္ခရောက်တဲ့သူတွေ အတွက်တတ်နိုင်သမျှကူညီဆောင် ရွက်ပေးနေရတဲ့အနေအထားအပေါ့။ကျနော်တို့လည်းတိုက်ပွဲတွေအမြန်ဆုံးရပ်စေချင်တဲ့ အနေအထားပေါ့။ ပြည်သူတွေကလည်း ဒါပဲ ဆန္ဒရှိတာပဲလေ။ ကျနော်တို့လည်း လုပ်နိုင်သလောက် လုပ်ပေးနေ ပါတယ်။ အဓိကကတော့ ပြည်ထောင်စုကပဲ လုပ်ရမှာပေါ့။”
ရခိုင်ပြည်နယ်အတွင်းတပ်မတော်နဲ့ရက္ခိုင့်တပ်တော်အေအေတို့တိုက်ပွဲဖြစ်ပွားနေတာတနှစ်ကျော်လာပြီး ဖြစ်ပေမယ့်တိုက်ပွဲတွေရပ်စဲမသွားဘဲ တိုက်ပွဲအရှိန် တဖြည်း ဖြည်းနဲ့ မြင့်တက်နေပါတယ်။
တိုက်ပွဲတွေကြောင့် တိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင် ၁ သိန်းကျော်ရှိပြီဖြစ်ပြီး သေဆုံးတာ ၁၀၀ ကျော်နဲ့ ဒဏ်ရာရရှိသူ ၂၇၀ နီးပါး ရှိပြီလို့ သိရပါတယ်။
====================================
END / 251