အဲဟ္ေလ့ဘိုက္(သ) (အလိုင္ေဟမြစ္စလာမ္) သတင္းဌာန ၊ အဗ္နာ
Zawgyi
ျပည္ေထာင္စုထူေထာင္ႏိုင္ေရးအတြက္အဓိကဆႏၵရွိဖို႔လိုၿပီး ျပည္ေထာင္စုအေပၚယုံၾကည္ခ်က္ရွိၾကရန္အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္က တိုက္တြန္းလိုက္ပါ တယ္။
ဇန္နဝါရီ ၉ ရက္ေန႔ ကခ်င္ျပည္နယ္ ခရီးစဥ္အတြင္း ေဒသခံျပည္သူေတြနဲ႔ ေတြ႕ဆုံရာမွာ အခုလို ေျပာၾကားခဲ့တာပါ။
“ကမာၻေပၚမွာ အင္အားအႀကီးဆုံးျဖစ္တဲ့ အေမရိကန္ ျပည္ေထာင္စုဆိုတာဟာ လူမ်ိဳးေပါင္းမ်ိဳးစုံနဲ႔ ထူေထာင္ထားတဲ့ႏိုင္ငံပါ။ က်မတိုတို႔ႏိုင္ငံအေနနဲ႔လည္း ဒီလိုျပည္ေထာင္စု မ်ိဳး မထူေထာင္ႏိုင္စရာမရွိပါဘူး။ အဓိကကေတာ့ ဆႏၵရွိေရးပဲျဖစ္ပါတယ္။ တကယ္ပဲ က်မတို႔ရဲ႕ အသည္းႏွလုံးထဲမွာ ျပည္ေထာင္စုဆိုတဲ့ ဆႏၵရွိရဲ႕လားဆိုတာ တေယာက္ခ်င္း တေယာက္ခ်င္းက စိစစ္ဖို႔လိုပါတယ္။ ကိုယ့္ကိုယ္ကိုယ္ ဘယ္လိုစဥ္းစားသလဲ။ ငါက ကခ်င္၊ ငါက ဗမာ၊ ငါက ရွမ္းဆိုၿပီးေတာ့ စဥ္းစားသလား၊ ငါက ျပည္ေထာင္စုသား ေယာက္ဆိုၿပီးေတာ့ စဥ္းစားသလား၊ ဒါကို အေလးထားေစခ်င္ပါတယ္။”
“ျပည္ေထာင္စုက ဒုတိယဘယ္ေတာ့မွျဖစ္လို႔ မျဖစ္ပါဘူး။ ျပည္ေထာင္စုဆိုတာ ပထမပဲ ျဖစ္ရမယ္” လို႔ သူက သတိေပးခဲ့ပါတယ္။
အလားတူၿငိမ္းခ်မ္းေရးရဖို႔နဲ႔ ျပည္ေထာင္စုႏိုင္ငံတခုျဖစ္လာဖို႔ စည္းလုံးညီၫြတ္မႈ အေရးႀကီးတယ္လို႔ အတိုင္ပင္ခံက ေျပာဆိုခဲ့ပါတယ္။
“က်မတို႔ျပည္နယ္ေတြမွာဆိုရင္ ၿငိမ္းခ်မ္းေရး မရေသးပါဘူး။ ၿငိမ္းခ်မ္းေရးမရေသးတဲ့ ကိစၥနဲ႔ ျပည္ေထာင္စုကို ဦးတည္တဲ့ ရည္႐ြယ္ခ်က္နဲ႔ ႏွစ္ခုဆိုတာဟာ ဒြန႔္တြဲေနပါတယ္။ ၿငိမ္းခ်မ္းေရးရမွက်မတို႔တကယ္ခိုင္ၿမဲတဲ့ ျပည္ေထာင္စုတခုထူေထာင္ႏိုင္မွာပါ။ တကယ္ခိုင္ၿမဲတဲ့ ျပည္ေထာင္စုတခု ထူေထာင္ႏိုင္မွသာလွ်င္ က်မတို႔ရဲ႕ ၿငိမ္းခ်မ္းေရးကို ေရရွည္ မွာ ထိန္းသိမ္းထားႏိုင္မွာျဖစ္ပါတယ္။ ၿငိမ္းခ်မ္းေရးဆိုတာဟာ အခ်င္းခ်င္းၾကားမွာ စည္းလုံးညီၫြတ္မႈကို အေျခခံပါတယ္။”
စည္းလုံးညီၫြတ္မႈဆိုတာဟာမတူတဲ့သေဘာထားေတြကိုညႇိႏႈိင္းတဲ့အရည္အခ်င္းအေပၚမွာမူတည္တဲ့အျပင္ျပည္ေထာင္စုထူေထာင္ေရးအတြက္အေလ်ာ့ေပးသင့္ရင္အေလ်ာ့ေပး ရမယ္၊ ျပည္ေထာင္စုထူေထာင္ေရးကို ထိခိုက္မယ့္ကိစၥေတြဆိုရင္ အေလ်ာ့မေပးဘဲ တင္းခံသင့္ရင္ တင္းခံရမယ္လို႔ ၿငိမ္းခ်မ္းေရးနဲ႔ ျပည္ေထာင္စုထူေထာင္ေရး ေဆြးေႏြးရာမွာ ထည့္သြင္း စဥ္းစားသင့္တဲ့အခ်က္တခ်ိဳ႕ကိုလည္း အႀကံျပဳခဲ့ပါတယ္။
“က်မတို႔ရဲ႕ ျပည္ေထာင္စုသားခ်င္းအားလုံးကို ျပည္ေထာင္စုအေပၚမွာ ယုံၾကည္ခ်က္ရွိ ေစခ်င္ပါတယ္”လို႔ ကခ်င္ျပည္နယ္လူထုကို အားေပးေျပာဆိုခဲ့ပါတယ္။
Unicode
ပြည်ထောင်စုထူထောင်ရေးအတွက် အဓိက ဆန္ဒရှိရန်လိုအပ်ဟု နိုင်ငံတော်အတိုင်ပင်ခံ ပြော
ပြည်ထောင်စုထူထောင်နိုင်ရေးအတွက်အဓိကဆန္ဒရှိဖို့လိုပြီးပြည်ထောင်စုအပေါ်ယုံကြည်ချက်ရှိကြရန်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကတိုက်တွန်းလိုက်ပါ တယ်။
ဇန်နဝါရီ ၉ ရက်နေ့ ကချင်ပြည်နယ် ခရီးစဉ်အတွင်း ဒေသခံပြည်သူတွေနဲ့ တွေ့ဆုံရာမှာ အခုလို ပြောကြားခဲ့တာပါ။
“ကမ္ဘာပေါ်မှာအင်အားအကြီးဆုံးဖြစ်တဲ့အမေရိကန် ပြည်ထောင်စုဆိုတာဟာလူမျိုးပေါင်းမျိုးစုံနဲ့ထူထောင်ထားတဲ့နိုင်ငံပါ။ ကျမတိုတို့နိုင်ငံအနေနဲ့လည်း ဒီလိုပြည် ထောင် စုမျိုးမထူထောင်နိုင်စရာမရှိပါဘူး။အဓိကကတော့ဆန္ဒရှိရေးပဲဖြစ်ပါတယ်။တကယ်ပဲကျမတို့ရဲ့အသည်းနှလုံးထဲမှာပြည်ထောင်စုဆိုတဲ့ဆန္ဒရှိရဲ့လားဆိုတာတယောက် ချင်းတယောက်ချင်းကစိစစ်ဖို့လိုပါတယ်။ကိုယ့်ကိုယ်ကိုယ်ဘယ်လိုစဉ်းစားသလဲ။ငါကကချင်၊ငါကဗမာ၊ငါကရှမ်းဆိုပြီးတော့စဉ်းစားသလား၊ငါကပြည်ထောင်စုသားယောက် ဆိုပြီးတော့ စဉ်းစားသလား၊ ဒါကို အလေးထားစေချင်ပါတယ်။”
ဒီပြည်ထောင်စုအတွင်းမှမတူညီတဲ့လူမျိုးတွေ၊မတူညီတဲ့ဘာသာစကားပြောသူတွေမတူညီတဲ့ကိုးကွယ်တဲ့ဘာသာမတူသူတွေရှိနိုင်မှာဖြစ်ပေမဲ့ အားလုံး ပြည်ထောင်စုသား ချင်းတွေ ဆိုတဲ့ စိတ်ဓာတ်ထားရင် ဒီနိုင်ငံ စည်းလုံးညီညွတ်မှုမရှိစရာ အကြောင်းမရှိဘူးလို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
“ပြည်ထောင်စုက ဒုတိယဘယ်တော့မှဖြစ်လို့ မဖြစ်ပါဘူး။ ပြည်ထောင်စုဆိုတာ ပထမပဲ ဖြစ်ရမယ်” လို့ သူက သတိပေးခဲ့ပါတယ်။
အလားတူငြိမ်းချမ်းရေးရဖို့နဲ့ ပြည်ထောင်စုနိုင်ငံတခုဖြစ်လာဖို့ စည်းလုံးညီညွတ်မှု အရေးကြီးတယ်လို့ အတိုင်ပင်ခံက ပြောဆိုခဲ့ပါတယ်။
“ကျမတို့ပြည်နယ်တွေမှာဆိုရင် ငြိမ်းချမ်းရေး မရသေးပါဘူး။ ငြိမ်းချမ်းရေးမရသေးတဲ့ ကိစ္စနဲ့ ပြည်ထောင်စုကို ဦးတည်တဲ့ ရည်ရွယ်ချက်နဲ့ နှစ်ခုဆိုတာဟာ ဒွန့်တွဲနေ ပါတယ်။ငြိမ်းချမ်းရေးရမှကျမတို့တကယ်ခိုင်မြဲတဲ့ ပြည်ထောင်စုတခုထူထောင်နိုင်မှာပါ။တကယ်ခိုင်မြဲတဲ့ ပြည်ထောင်စုတခုထူထောင်နိုင်မှသာလျှင်ကျမတို့ရဲ့ ငြိမ်းချမ်း ရေးကို ရေရှည်မှာ ထိန်းသိမ်းထားနိုင်မှာဖြစ်ပါတယ်။ ငြိမ်းချမ်းရေးဆိုတာဟာ အချင်းချင်းကြားမှာ စည်းလုံးညီညွတ်မှုကို အခြေခံပါတယ်။”
စည်းလုံးညီညွတ်မှုဆိုတာဟာ မတူတဲ့သဘောထားတွေကို ညှိနှိုင်းတဲ့အရည်အချင်းအပေါ်မှာ မူတည်တဲ့အပြင် ပြည်ထောင်စုထူထောင်ရေးအတွက် အလျော့ပေးသင့် ရင် အလျော့ပေးရမယ်၊ ပြည်ထောင်စုထူထောင်ရေးကို ထိခိုက်မယ့်ကိစ္စတွေဆိုရင် အလျော့မပေးဘဲ တင်းခံသင့်ရင် တင်းခံရမယ်လို့ ငြိမ်းချမ်းရေးနဲ့ ပြည်ထောင်စုထူ ထောင်ရေး ဆွေးနွေးရာမှာ ထည့်သွင်း စဉ်းစားသင့်တဲ့အချက်တချို့ကိုလည်း အကြံပြုခဲ့ပါတယ်။
“ကျမတို့ရဲ့ ပြည်ထောင်စုသားချင်းအားလုံးကို ပြည်ထောင်စုအပေါ်မှာ ယုံကြည်ချက်ရှိ စေချင်ပါတယ်”လို့ ကချင်ပြည်နယ်လူထုကို အားပေးပြောဆိုခဲ့ပါတယ်။
====================================
END / 251