၁၄ ဇန်နဝါရီ ၂၀၂၀ - ၀၄:၃၂
ဒေသတွင်း မတည်မငြိမ် ဖြစ်နေခြင်းမှာ အမေရိကန် တို့ ၏ ဆိုးသွမ်းနေမှု ကြောင့် ဖြစ်၏

ရဲဟ်ဗရ်အင်ကေလာဗ်ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ ခါမေနာအီ မှ ကာတာ နိုင်ငံ ၏ အမီးရ် ရှိက်္ခ သမီးမ်ဗင် ဟမ်ဒ် အာလေ စာနီ တွေ့ဆုံစဉ် ဒေသတွင်း မတည်မငြိမ် ဖြစ်နေရခြင်းမှာ အမေရိကန် တို့ ၏ ဆိုးသွမ်းနေမှု ကြောင့် ဖြစ်ကြောင်း မိန့်ကြားခဲ့ ပါတယ်။

 

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန၊အဗ်နာ

ရဲဟ်ဗရ်အင်ကေလာဗ်ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ ခါမေနာအီ မှ တီဟီရန် မြို့တော် တွင် ကာတာ နိုင်ငံ ၏ အမီးရ် ရှိက်္ခ သမီးမ်ဗင် ဟမ်ဒ် အာလေ စာနီ တွေ့ဆုံစဉ် ဒေသတွင်း နိုင်ငံများ အနေဖြင့် လက်ရှိ အခြေအနေ အရ ဒေသတွင်း နိုင်ငံများ အကြား အလျှင်ထက်ပို၍ အတူတူ လက်တွဲ ဆောင်ရွက်ဖို့ ၊ဆက်ဆံရေးကို ပိုမို၍ အားကောင်းလာ စေဖို့ လိုအပ်ကြောင်း မိန့်ကြားခဲ့ပါတယ်။ ပြီးနောက် အခြား သူများ ၏ ဝါဒဖြန့် လုပ်ကြံမှုများ ၏ အကျိုး သက်ရောက်မှု မရှိဖို့ အရေးကြီးလိုအပ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။

ရဲဟ်ဗရ်အင်ကေလာဗ်ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ ခါမေနာအီ အနေဖြင့် အီရန် နှင့်ကာတာ နှစ်နိုင်ငံ နိုင်ငံရေး ဆက်ဆံမှု ဘက်သို့ ညွှန်၍ မိန့် ကြားသည်မှာ - နှစ်နိုင်ငံ စလုံး ၏ စီးပွားရေး ဆက်ဆံမှုမှာ နိုင်ငံရေး ဆက်ဆံမှု ကဲ့သို့ မဟုတ်သည့် အတွက် နှစ်နိုင်ငံ အနေဖြင့် လက်တွဲ ၍ အီရန်နှင့် ကာတာ နှစ်နိုင်ငံ ၏ စီးပွားရေး ဆက်ဆံမှု ကို ပိုမို၍ အားဖြည့် သင့်ကြောင်း မိန့်ကြားခဲ့ပါတယ်။

ဆက်လက်ပြီး မိန့်ကြားသည်မှာ - အချို့ နိုင်ငံများ အနေဖြင့် အထူးသဖြင့် ကမ္ဘာ့ တစ်ဖက်စွန်း မှာနေပြီး ဤ ဒေသတွင်း လာရောက်ပြီး ဒေသတွင်း နိုင်ငံ အချင်းချင်း ၏ ဆက်ဆံရေး တိုးတက်မှု ကို မနှစ်မြို့   ကြ ကြောင်း ၊ ကျွန်ုပ်တို့ ဒေသတွင်း နိုင်ငံများ ၏ ဆက်ဆံရေး သည် ၎င်းနိုင်ငံများ နှင့် မပတ်သက်ကြောင်း ၊မဆိုင်ကြောင်း ကျွန်ုပ်တို့ အနေဖြင့် ဤကဲ့သို့ သော် ဝင်ရောက် စွက်ဖက် မှု များ ကို သည်းခံမည် မဟုတ်ကြောင်း မိန့်ကြားခဲ့ပါတယ်။

ကာတာ နိုင်ငံ ၏ အမီးရ် ရှိက်္ခ သမီးမ်ဗင် ဟမ်ဒ် အာလေ စာနီ အနေဖြင့်လည်း ရဲဟ်ဗရ် အင်ကေလာဗ်ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ ခါမေနာအီ နှင့် တွေ့ဆုံ ရသည့် အတွက် အလွန်တရ ဝမ်းမြောက်ဝမ်းသာ ပီတိ ဖြစ်ရကြောင်း ပြောကြားရင်း ဒေသတွင်း အခြေအနေမှာ အလွန် ခက်ခဲမှုများ နှင့်ရင်ဆိုင်နေရ ကြောင်း ဒေသတွင်း ဆက်ဆံ ရေး နှင့် ကူညီ ရေး ကိစ္စများကို ပိုမို၍ ကျယ်ပြန့် အောင်ဆောင်ရွက်ရန် လူကြီးမင်း၏ မိန့်ကြားချက်များ ကို လုံးဝ သဘောတူ ကြောင်း ဒေသတွင်း နိုင်ငံများ အကြား စေ့စပ် ညျှိနှိုင်းမှုများကို ကျယ်ကျယ်ပြန့်ပြန့် ပြုသင့်ကြောင်း ပြောကြားခဲ့ပါတယ်။

ရဲဟ်ဗရ်အင်ကေလာဗ်ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ ခါမေနာအီ နှင့် ကာတာ နိုင်ငံ ၏ အမီးရ် ရှိက်္ခ သမီးမ်ဗင် ဟမ်ဒ် အာလေ စာနီ တွေ့ဆုံစဉ် အီရန် အစ္စလာမ်မစ် သမ္မတ နိုင်ငံ ၏ သမ္မတ H.I ဒေါက်တာ ဟစန် ရူဟာနီ နှင့် အီရန် နိုင်ငံခြားရေး ဝန်ကြီး ဒေါက်တာ ဂျဝါဒ် ဇရီးဖ် တို့လည်း ပါဝင်နေရာ ယူခဲ့ကြောင်း သိရှိ ရပါတယ်။

...................                          

END / 251