
အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန၊အဗ်နာ
လတ်တလောမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်နေချိန်အတွင်း တရုတ်နိုင်ငံရဲ့မြို့တော် ပေကျင်း တမြို့လုံးက လွန်းပျံဘတ်စ်ကား ဝန်ဆောင်မှုအားလုံး ဇန်နဝါရီ ၂၆ ရက်ကစပြီး ရပ်တန့်တော့မယ်လို့ ရိုက်တာသတင်းဌာနမှာ ဖော်ပြပါတယ်။
ဇန်နဝါရီ ၂၆ ရက်နေ့အထိ ကမ္ဘာတဝန်း ဗိုင်းရပ်စ် ကူးစက်ခံလူဦးရေ အယောက် နှစ်ထောင်ကျော်နဲ့ သေဆုံးသူ စုစုပေါင်း ၅၆ ယောက်ရှိပြီလို့ အတည်ပြုထားပါတယ်။
ပေကျင်းမြို့က အဝေးပြေးဘတ်စ်ကားဝင်း တခုရဲ့အပြင်မှာ အသိပေးစာ ထုတ်ပြန်ထားပြီး ဘယ်တော့ ဘတ်စ်ကားတွေ ပြန်ပြေးဆွဲမယ်ဆိုတာကို ကြေညာမထားပါဘူး။
တရုတ်နိုင်ငံအလယ်ပိုင်းက လူဦးရေ ၁၁ သန်းနေထိုင်ရာ ဝူဟန်မြို့ကနေ ဒီဇင်ဘာ နှောင်းပိုင်းမှာ စတင်ပေါ်ပေါက်ခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်သစ် ကူးစက်မှုအပြီး တမြို့လုံး လူ၊ တိရစ္ဆာန်နဲ့ ချောစာထုပ်တွေ အပါအဝင် ဘာကိုမှ မြို့တွင်း အဝင်အထွက် မလုပ်ဖို့ အရင်သီတင်းပတ်က ပိတ်ပစ်ခဲ့ပါတယ်။
လေယာဉ်နဲ့ ရထားလို အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးစနစ်တွေကိုပါ ဆိုင်းငံ့ခဲ့တာပါ။
ပြင်သစ်နဲ့ သြစတြေးလျ အပါအဝင် တခြားနိုင်ငံတွေကလည်း ဝူဟန်မြို့ထဲမှာ ပိတ်မိနေတဲ့ သူတို့နိုင်ငံသားတွေကို ပြန်ခေါ်နိုင်ရေး နည်းလမ်းတွေကို စဉ်းစားနေတယ်လို့ ပြောခဲ့ပါတယ်။
............
END / 251