၉ ဖေဖော်ဝါရီ ၂၀၂၀ - ၁၈:၃၈

တရုတ်နိုင်ငံတွင် ကိုရို နာဗိုင်းရပ်စ်ကြောင့် သေဆုံးသူအ ရေ အတွက်သည် ဖေဖော်ဝါရီ ၈ ရက် ညနေက ၇၂၂ ဦး ရှိလာ ရာ လွန်ခဲ့သောဆယ်စုနှစ် နှစ်ခုနီးပါးကတရုတ်ပြည်မကြီးနှင့် ဟောင် ကောင်၌ဖြစ်ပွားခဲ့သောဆားစ်ရောဂါကြောင့်သေဆုံး သူအရေ အတွက်ကို ကျော်လွန်သွားသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန၊အဗ်နာ


 တရုတ်နိုင်ငံတွင် ကိုရို နာဗိုင်းရပ်စ်ကြောင့် သေဆုံးသူအ ရေအတွက်သည် ဖေဖော်ဝါရီ ၈ ရက် ညနေက ၇၂၂ ဦး ရှိလာရာ လွန်ခဲ့သောဆယ်စုနှစ် နှစ်ခုနီးပါး က တရုတ်ပြည်မကြီးနှင့် ဟောင် ကောင်၌ ဖြစ်ပွားခဲ့သော ဆားစ် ရောဂါကြောင့် သေဆုံးသူအရေ အတွက်ကို ကျော်လွန်သွားသည်။

ဖေဖော်ဝါရီ ၇ ရက်က သေ ဆုံးစာရင်း ၆၃၆ ဦးတွင် နောက်ထပ် ၈၆ ဦး တိုးလာကြောင်းနှင့် ငါးဦးမှလွဲ၍ ကျန်အားလုံးသည် ဗိုင်း ရပ်စ်၏ ဗဟိုချက်ဟူဘေးပြည် နယ်မှဖြစ်ကြောင်း တရုတ်အမျိုး သား ကျန်းမာရေးကော်မရှင်က ပြောသည်။

 ယခုအသေအပျောက်စာ ရင်းသည် ၂၀၀၂-၀၃ က တရုတ် ပြည်မကြီးနှင့် ဟောင်ကောင်တွင် ဆားစ်ရောဂါကြောင့် သေဆုံးသူ အရေအတွက်ဖြစ်သော ၆၅၀ ခန့် ထက်များသည်။

 သို့သော် ဆားစ်ရောဂါ ကြောင့် ကမ္ဘာတစ်ဝန်းသေဆုံးသူ ၇၇၀ ကျော်ရှိသည်။

နေ့စဉ်ထုတ်ပြန်သော စာ ရင်းတွင် ကျန်းမာရေးကော်မရှင် က ကိုရိုနာဗိုင်းရပ်စ် ထပ်မံကူး စက်ခံရသူ ၃,၃၉၉ ဦးရှိကြောင်း အတည်ပြုသဖြင့် ယခုအခါ တရုတ်နိုင်ငံတစ်ဝန်း ကူးစက်ခံရ သူ ၃၄,၅၀၀ ကျော် ရှိလာသည်။

ဟူဘေးပြည်နယ်နှင့် ယင်း ပြည်နယ် မြို့တော်ဝူဟန်တွင် လူ ဦးရေ ၅၆ သန်းခန့်ကို ဝင်ထွက် သွားလာခွင့် ထိထိရောက်ရောက် ပိတ်ပင်ထားသော်လည်း တရုတ် အစိုးရအနေဖြင့် ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်ရန် ရုန်းကန်နေရသည်။

ဗိုင်းရပ်စ်၏ဗဟိုချက်နှင့် ဝေးကွာသောအခြားမြို့များတွင် ဒေသခံများအိမ်ထဲ၌သာ နေထိုင် ရေးအရေးယူမှုများလုပ်ကာအ ပြင်ထွက်နိုင်သော လူအရေအတွက်ကို ကန့်သတ် ထားသည်။


====================================

END / 251