၉ ဖေဖော်ဝါရီ ၂၀၂၀ - ၁၉:၀၉

ကိုရိုနာဗိုင်းရပ်စ်ရောဂါ နှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး တွင် ဖုံးဖိထားခြင်းမရှိ ကြောင်း ဝန်ကြီးချုပ်ဦးဖြိုးမင်း သိန်းက ပြောသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန၊အဗ်နာ


ကိုရိုနာဗိုင်းရပ်စ်ရောဂါ နှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးတွင် ဖုံးဖိထားခြင်းမရှိ ကြောင်း ဝန်ကြီးချုပ်ဦးဖြိုးမင်း သိန်းကပြောသည်။

အဆိုပါ ရောဂါသံသယလူ နာကို လိုက်လံစုံစမ်းနေပြီး တွေ့ ရှိပါက နိုင်ငံတကာစံနှုန်းများအ တိုင်း စစ်ဆေးကုသနိုင်ရန် ပြင် ဆင်ထားသည်ဟု ဖေဖော်ဝါရီ ၈ ရက်တွင် စမ်းချောင်းမြို့နယ်ရှိ လူထုနှင့်တွေ့ဆုံပွဲ၌ ရန်ကုန်တိုင်း ဝန်ကြီးချုပ်ကပြောကြားသည်။

‘‘သိရင်လည်း ချက်ချင်းစစ် ဆေးမယ်။ စစ်ဆေးလို့တွေ့ရင် နိုင်ငံတကာ ကုထုံးတွေအတိုင်း ကျွန်တော်တို့ တာဝန်ယူပြီး WHO နဲ့ ပေါင်းလုပ်ပေးမှာ ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး အသိပေးတာ ဖြစ်ပါတယ်။ ဒီအခြေအနေကို ထိတ်လန့်စရာ သတင်းတစ်ရပ်လို ဖြစ်မှာ ကျွန်တော်တို့စိတ်ပူတယ်’’ ဟု ဦးဖြိုးမင်းသိန်းကပြောသည်။

လက်ရှိတွင် ရန်ကုန်တိုင်း ဒေသကြီး၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါသံသယလူနာ ငါးဦးရှိပြီး တရုတ်လေကြောင်းဖြင့် ပါလာ သူနှစ်ဦးမှာ ယင်းရောဂါကူးစက်ခံ ထားရခြင်းမဟုတ်ကြောင်း ဓာတ် ခွဲစစ်ဆေးချက်အဖြေရရှိထားပြီး ကျန်သုံးဦး၏ အဖြေမရရှိသေးဟု ၎င်းကဆိုသည်။

 ထိုသို့ ကိုရိုနာဗိုင်းရပ်စ် ရောဂါ ရှိ၊ မရှိကို ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့ (WHO) က စစ်ဆေးခိုင်း သည့်နေရာတွင် စစ်ဆေးရသည် ဖြစ်၍ ယင်းရောဂါမဟုတ်ဟု မိမိသဘောဖြင့် ထုတ်ပြန်၍မရ ကြောင်းလည်း ဦးဖြိုးမင်းသိန်းက ပြောသည်။

ထိုသို့ တစ်ကမ္ဘာလုံး စိုးရိမ် နေသည့် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကို မြန်မာနိုင်ငံတွင် ကူးစက်ပြန့် ပွားမှုမရှိသေးခြင်းမှာ ဖွံ့ဖြိုးမှု နောက်ကျခြင်း၏ အားသာချက် ဖြစ်သည်ဟု ၎င်းကဆိုသည်။

 အရှေ့တောင်အာရှဒေသ တွင်း နိုင်ငံများဖြစ်သည့် ထိုင်းနှင့်  စင်ကာပူတို့မှာ ဖွံ့ဖြိုးမှုတိုးတက် မှုနှင့်အတူ နိုင်ငံတကာနှင့် တိုက် ရိုက်ချိတ်ဆက်မှု အများဆုံးရှိနေ သဖြင့် ကူးစက်ရောဂါဖြစ်ပွားမှု ပို မိုကြုံတွေ့ရစေပြီး မြန်မာနိုင်ငံမှာ နိုင်ငံတကာနှင့် တစ်ဆင့်ခံ ချိတ် ဆက်နေခြင်းကြောင့် ယင်းနိုင်ငံ များကဲ့သို့ ဆိုးရွားမှုမရှိရခြင်းဖြစ် သည်ဟု ဦးဖြိုးမင်းသိန်းက နှိုင်း ယှဉ်၍ သုံးသပ်သည်။

‘‘ကျွန်တော်တို့ ဖွံ့ဖြိုးတိုး တက်မှု နောက်ကျခဲ့တဲ့အတွက် နိုင်ငံတကာနဲ့ ချိတ်တွဲနိုင်မှု အား နည်းနေတဲ့အခြေအနေမှာ ဒီလို ရောဂါမျိုးဖြစ်တဲ့အချိန်မှာ ကျွန် တော်တို့အတွက် အားသာသလို ဖြစ်ပြီး စီးပွားရေးအရကြည့်ရင် ကျွန်တော်တို့အတွက် အားနည်း ချက်ဖြစ်နေတာပေါ့။ ဒါကို တိုး တက်အောင် နောက်ပိုင်းမှာလုပ် ရမယ်။ တိုးတက်မှုနဲ့ အတူစိန်ခေါ် မှုတွေလည်း ပါလာနိုင်တယ်ဆို တာ အသိပေးချင်ပါတယ်’’ ဟု ဦးဖြိုးမင်းသိန်းကပြောသည်။

စမ်းချောင်းမြို့နယ် လူထု တွေ့ဆုံပွဲတွင် ရန်ကုန်တိုင်းဒေသ ကြီးအစိုးရ ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် ပတ်သက်၍ လည်း ဝန်ကြီးချုပ်နှင့် တက် ရောက်လာသည့် ဌာနတာဝန်ရှိသူ များက ရှင်းလင်းပြောကြားသည်။

လက်ရှိသည် ကိုရိုနာဗိုင်း ရပ်စ်ရောဂါအတွက် စိုးရိမ်ရသည့် ကာလဖြစ်သော်လည်း လူထုတွေ့ဆုံပွဲကို ကြိုတင်စီစဉ်ထားပြီးဖြစ်၍ ပြုလုပ်ရခြင်းဖြစ်သည်ဟု ဦးဖြိုးမင်းသိန်းကပြောသည်။


====================================

END / 251