၁၁ ဖေဖော်ဝါရီ ၂၀၂၀ - ၂၀:၂၆
အမေရိကန် အခြေဆိုက် စစ်စခန်း အားဒုံးကျည်များ နှင့် ပြန်လည် တိုက်ခိုက်မှု သည် အီရန်ပြည်သူလူထု ၏တောင်းဆို မှု ဖြစ်ပါတယ်၊ အီရန်သမ္မတ

အီရန် အစ္စလာမ်မစ် သမ္မတ နိုင်ငံ၏ သမ္မတ H.Iဒေါက် ဟစန် ရူဟာနီ အနေဖြင့် တီဟီရန် နိုင်ငံ အာဇါဒီ ကွင်းပြင် တွင် ကျင်းပသည့် အီရန် အစ္စလာမ်မစ်တော်လှန်ရေးအောင်ပွဲ အခမ်းအနားတွင် အီရန်ပါလီမန်ရွေးကောက် ပွဲ တွင် အီရန် ပြည်သူလူထု အနေဖြင့် ပါဝင်နေရာယူပေးကြရန် တိုက် တွန်းပြောကြားရင်း အီရတ် နိုင်ငံ ရှိ အမေရိကန် အခြေဆိုက် စစ်စခန်း အိုင်းန်နိုလ်အဆတ်ဒ် အပေါ် အီရန်အစ္စလာမ်မစ် အစောင့်တပ်မှ ကာကွယ် သည့် အနေဖြင့် ဒုံးကျည်များ နှင့်တိုက်ခိုက် ခဲ့ခြင်း သည် အီရန် ပြည်သူလူထု ၏တောင်း ဆိုမှု ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာန

မဲဟ်ရ်သတင်း ဌာန ၏ သတင်း အထောက်အထားများ အရ အီရန် အစ္စလာမ်မစ် သမ္မတ နိုင်ငံ၏သမ္မတ H.Iဒေါက် ဟစန် ရူဟာနီ အနေဖြင့် တီဟီရန် နိုင်ငံ အာဇါဒီ ကွင်းပြင် တွင် ကျင်းပသည့် အီရန် အစ္စလာမ်မစ်တော်လှန်ရေး ၏ (၄၁) နှစ်မြောက် အောင်ပွဲ အခမ်းအနားတွင် အီရန်ပါလီမန်ရွေးကောက် ပွဲ အီရန် ပြည်သူလူထု အနေဖြင့် ပါဝင်နေရာယူ ပေးကြရန် တိုက် တွန်းပြောကြားရင် အီရတ် နိုင်ငံ ရှိ အမေရိကန် အခြေဆိုက် စစ်စခန်း အိုင်းန်နိုလ်အဆတ်ဒ် အပေါ် အီရန်အစ္စလာမ်မစ် အစောင့်တပ်မှ ကာကွယ် သည့် အနေဖြင့် ဒုံးကျည်များ နှင့်တိုက်ခိုက် ခဲ့ခြင်း သည် အီရန် ပြည်သူလူထု ၏တောင်း ဆိုမှု ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

 

သမ္မတ ဟစန် ရူဟာနီ အနေဖြင့်ဆက်လက်ပြီးပြောကြားသည်မှာ (၄၁) နှစ် အလျှင် အီရန်သက္ကရာဇ် ၁၃၅၇ ခုနှစ် ဤ ဗဲဟ်မန် လ အတွင်းအလ္လာဟ်ဟို အရှင်မြတ် သခင်မှ စွမ်းအား နှင့် အင်အား ကိုပြသခဲ့ကြောင်း၊ ပြီးနောက် အလ္လာဟ်ဟို အရှင်မြတ် သခင်အနေဖြင့် မိမိ အားထောက်ခံ သူများ ကိုမည်ကဲ့သို့ ကူညီဖေးမ ကြောင်းသက်သေထူပြ ခဲ့ကြောင်း ၊ ဗဲဟ်မန်လ ၂၂ရက် တွင် အမှန်တရားကို ကောင်းမွန်စွာ တွေ့ မြင်နိုင်ခဲ့ပြီး ဖြစ်ကြောင်း ၊ ဤအရာအားလုံးသည် အလ္လာဟ်ဟို အရှင်မြတ် သခင်၏ အင်အား နှင့် စွမ်းအား ပြသမှု ဖြစ်ကြောင်း ၊ ၈နှစ်တာ အီရန် ၊အီရတ်စစ်ပွဲ တွင်ရှိသမျှ နယ်ချဲ့ အင်အားစုများ၊ကိုလိုနီ အင်အားစု များ နှင့် ခေတ်နောက်ပြန်မှုကို သဘောကျသည့် အာရပ်တို့၏ အင်အားများသည် ကွယ်လွန်သူ ဆဒါန်မ် နှင့်အတူ ရှိခဲ့ကြောင်း သို့သော်လည်းပဲ အလ္လာဟ်ဟို အရှင်မြတ် သခင်မှ အီရန် လူမျုးများကို အောင်ပွဲ ချီးမြှင့် ပေးသနားတော် မူခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

သမ္မတ ဟစန် ရူဟာနီ အနေဖြင့်ဆက်လက်ပြီး ရွေးကောက်ပွဲ၏ အရေးကြီး သည့် အကြောင်း ပြောကြားရင်း အီရန် လူထု အနေဖြင့် အရှေ့   တွင်ရောက်ရှိလာမည့် အီရန် ပါလီမန် အသစ်ရွေး ကောက်ပွဲ တွင် အားမာန်အပြည့် ဖြင့် ပါဝင်နေရာယူပေးရန် လိုအပ် ကြောင်း အကြောင်းမှာ အီရန် လူမျိုး များ၏ပါလီမန် ရွေးကောက်ပွဲ သည် အီရန် လူမျိုး များ နှင့် တိုင်းပြည် အားကယ်တင် ရန် လက္ခဏာ ဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။

သမ္မတ ဟစန် ရူဟာနီ အနေဖြင့် အမေရိကန် အခြေဆိုက် စစ်စခန်း အိုင်းန်နိုလ်အဆတ်ဒ် အပေါ် အီရန်အစ္စလာမ်မစ် အစောင့်တပ်မှ ကာကွယ် သည့် အနေဖြင့် ဒုံးကျည်များ နှင့်တိုက်ခိုက်သည့် ဘက်သို့ ဦးတည် ပြောကြားရင်း အီရန် လက်နက်ကိုင်တပ်ဖွဲ့ အီရန်အစ္စလာမ်မစ် အစောင့် တပ်အား ရက်ရက်စက်စက် လုပ်ကြံ ခံခဲ့ရသည့် ရှဟီးဒ် ဗိုလ်ချုပ်ကြီး ဆိုလိုင်မန်နီ အတွက် လက်စားချေး သည့်အနေဖြင့် အမေရိကန် အား ပါးတစ်ချက်ရိုက်ပေးခဲ့သည့် အပေါ် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။ အီရန် အစ္စလာမ် မစ် အစောင့်တပ်သည် အီရန် ပြည်သူ လူထု တောင်းဆို မှု ကြောင့် အမေရိကန် အခြေဆိုက် စစ်စခန်း အား ဒုံးကျည်များ နှင့်တိုက် ခိုက်ခဲ့ကြောင်း ၊ အီရန် ပြည်သူလူထု ၏ တောင်းဆိုမှုမှာ လက်စားချေးရန် ဖြစ်ကြောင်း ၊ အီရန် အစ္စလာမ်မစ် အစောင့်တပ်အနေဖြင့် အီရန်ပြည်သူလူထု ၏ ဆန္ဒကို အကောင်အထည် ဖော်ပေးခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

အီရန် အစ္စလာမ်မစ် သမ္မတ နိုင်ငံ၏သမ္မတ H.Iဒေါက် ဟစန် ရူဟာနီ အနေဖြင့် ကျွန်ုပ်တို့ အားလုံး အမေရိကန် အားဆန်ကျင့် မှု တွင် တစ်ညီတစ်ညွတ်တည်း ဖြစ်ကြောင်း ပြီး ကျွန်ုပ်တို့အားလုံး တစ်ညီ တစ်ညွတ်တည်း အမေရိကန် ၏ စက်ဆုပ်ရွံရှာ ဖွယ် မကောင်းကြံမှုများ ကြိုပမ်းမှုများ ကို မအောင်မြင်အောင် ပြုသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

 ..............

END / 251