အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာန
အိန္ဒိယ-မြန်မာနယ်စပ် စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့နယ်စပ်ဂိတ် အဝင်အထွက်များတွင် နှစ်နိုင်ငံနယ်စပ်အဝင်အထွက်ဂိတ်များမှ ကျန်းမာရေးစစ်ဆေးမှုများ တင်းကြပ်လျက်ရှိသည်ဟု သိရသည်။
“တမူးနယ်စပ်အခြေအနေက ကြားဂိတ်တွေ (တမူးနဲ့မိုးရေး စည်းရိုးကြားက) အကုန် ပိတ်တယ်။ အိန္ဒိယဖက်က လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့အကုန်ပိတ်ထားတာ တွေ့ရတယ်။ ဝင်တာရော ထွက်တာရော မခံတော့ဘူး။ သွားမယ်လာမယ်ဆိုရင်တော့ နံပါတ် ၁ ဂိတ်နဲ့ နံပါတ် ၂ ဂိတ် ( နန်းဖာလုံဈေးပေါက် ) တော့ ဖွင့်ပေးထားတယ်။ အဲဒီဂိတ်တွေကနေ သွား မယ်လာမယ်ဆိုရင်တော့ အားလုံး စစ်ဆေးခံ ရတယ်။ စစ်ဆေးပြီး ကျန်းမာရေးနဲ့ပတ်သက် လို့ ရှင်းရှင်းလင်းလင်းရှိတယ်ဆိုမှ ဝင်ရတယ်။ သူတို့က (အိန္ဒိယနိုင်ငံ) သူတို့ဘက်တင် ကြေ ညာတာပေါ့။ မနေ့က ပိတ်မယ်ဆိုပြီး ကြေညာ ပြီး လုပ်လိုက်တာပါ။ ဟိုတစ်နေ့က ဆိုရှယ် မီဒီယာမှာ အင်ဖာမြို့မှာ ကိုရိုနာဗိုင်းရပ်စ်တွေ့ တယ်ဆိုပြီး သတင်းတွေ တက်လာတယ်။ အဲဒီလို ဖြစ်ပြီး မိုးရေးမြို့ (အိန္ဒိယနိုင်ငံ) သူတို့ ကျန်းမာရေးအတွက် စိုးရိမ်ရတယ်ဆိုပြီး မိုး ရေးမြို့ စားသုံးသူအဖွဲ့က သူတို့အစိုးရကိုဂိတ် ပိတ်ဖို့ တောင်းဆိုပြီး မကြာဘူး အခုလိုစစ် ဆေးတာတွေ စတင်တော့တာပဲ။ ကျွန်တော် တို့ ချစ်ကြည်ရေးစပ်ကြားတံတားကို သွားနေ ကျအတိုင်း ပြောတော့ အိန္ဒိယစစ်တပ်ဘက် က ဒီလမ်းက ပိတ်လိုက်ပြီတဲ့၊ ဗိုင်းရပ်စ်ကြောင့် တဲ့။ နံပါတ် ၂ ဂိတ်ကနေဝင်ဖို့ ပြောတယ်။ ဒါနဲ့ ကျွန်တော်က နံပါတ် ၂ ဂိတ်ကို သွားကြည့် တော့ အိန္ဒိယဖက်ကို ဝင်ချင်တယ်ဆိုရင် သူတို့က ကျွန်တော့်ကို စစ်ဆေးမယ်။ စစ်ဆေး ပြီး ကင်းရှင်းတယ်ဆိုရင် ရောဂါကင်းရှင်း ကြောင်း စာရွက်တစ်ခုလက်မောင်းမှာ ကပ် ပေးလိုက်မယ်။ အဲဒါပါရင် မိုးရေး (အိန္ဒိယ) ဖက်ဝင်လို့ရတယ်။ စစ်ဆေးပြီးမှသာဝင်လို့ရ တယ်။ အခု နယ်စပ်မှာက စစ်ဆေးမှုတင်းကျပ် သွားတယ်”ဟု အိန္ဒိယ-မြန်မာနယ်စပ်တွင် အလုပ်လုပ်ကိုင်နေသူတစ်ဦးက ပြောကြား သည် ။
အိန္ဒိယ-မြန်မာနယ်စပ် အိန္ဒိယနိုင်ငံ မိုး ရေးမြို့နှင့် မြန်မာနိုင်ငံ တမူးမြို့တို့တွင် စည်း ရိုးများမှာ အခိုင်အမာခတ်ထားမှု မရှိသေး သောကြောင့် နယ်စပ်တရားဝင် ဂိတ် ၁၊ ဂိတ် ၂ ဟု ထားရှိသော်လည်း နှစ်နိုင်ငံ ဒေသခံများ အနေဖြင့် နယ်စပ်စည်းရိုးအပေါက်များ (ကြားဂိတ်) များ မှ ဝင်ရောက်လေ့ရှိသည်ဟု သိရသည်။ ယခုအခါ အဆိုပါ ကြားဂိတ်များကို ကျန်းမာရေး အခြေအနေများကြောင့် တင်း ကြပ်စွာ ပိတ်ထားသည်ဟု သိရသည် ။
“နယ်စပ်မှာက ကြားပေါက်တွေကတော့ ပိတ်ထားတာ ပေါ့ ။ တရားဝင်အပေါက်တွေက တော့ ဖွင့်ထားတာပေါ့။ အသွားအလာက ကျပ်တယ်။ မြန်မာနိုင်ငံဖက်က လူတွေ သွား တာကတော့ ဖောင်တွေ ဘာတွေ ဖြည့်ဆေး စစ်ဆေးမှုတွေလုပ်ပြီးမှ ရောဂါကင်းရှင်း ကြောင်းဆိုတဲ့ တံဆိပ်လေး ကပ်ပေးလိုက်မှ ဝင်လို့ ရတော့တယ်။ ဒါပေမဲ့ နံပါတ် ၂ ဂိတ် တစ်ခုတည်းတင် အဝင်အထွက်လုပ်ကြရတာ ဆိုတော့ ပြုံတိုးနေရတယ်။ ပစ္စည်းအထုတ်အ သွင်းလုပ်ရတာ ခက်သွားတာပေါ့။ နံပါတ် ၁ ဂိတ်ကျတော့လည်း အိတ်စပို့ သွားတဲ့သူတွေ က ဆိုင်ကယ်နဲ့ဖြတ်သွင်းတာလေး အခုလိုကျ သွားရခက်သွားတော့တာ။ နံပါတ် ၁ ဂိတ်က ဝင်လို့ရပေမယ့် ဝင်ရတာ ခက်တာပေါ့။ နယ် စပ်စည်းရိုး တစ်လျှောက်ကတော့ အိန္ဒိယစစ် တပ်တွေ အစောင့်ချထားတယ်။ ကြားပေါက် ဂိတ်ကတော့ လူအစောင့်ချထားတော့ ဝင်လို့ မရတာပေါ့။ အိန္ဒိယဖက်က လာတဲ့သူလည်း သူတို့လည်း အဲဒီလိုစစ်ဆေးရတာပဲ။ စစ်ဆေး ပြီးမှ နန်းဖာလုံဈေးဖက်ဝင်ရတယ်။ မြန်မာ ဖက်ကလည်း အပူချိန်တိုင်းတာတို့ လုပ်ရပါ တယ်။ စစ်ဆေးမှုတွေလုပ်ပါတယ်။ ကြာပါ ပြီ။ အဝင်အထွက် ကြပ်တာပေါ့ဗျာ”ဟု နန်း ဖာလုံဈေးသည်တစ်ဦးက ပြောကြားသည်။
မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ နယ်စပ်ဂိတ်တစ်ခုတွင် ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်နေသည်ကို တွေ့ရစဉ်
စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့ နန်းဖာ လုံဈေးတွင်လည်း အရောင်းအဝယ်ပါးသည့် အချိန်ရောက်ရှိနေပြီး အိန္ဒိယနိုင်ငံအတွင်းရှိ သင်္ကြန်ပွဲတော်ကြောင့် အရောင်းအဝယ် အ နည်းငယ်ရှိသည်ဟု သိရသည် ။
အခု ဘတ်တားဈေးနှုန်း (အိန္ဒိယငွေနှင့် မြန်မာငွေလဲလှယ်သည့်ဈေးနှုန်း)က မငြိမ်ဘူး။ အခုသင်္ကြန်က ကသည်းနဲ့ အိန္ဒိယ သင်္ကြန်နဲ့ စပြီလေ။ အခုလိုအချိန်က ဈေးအရောင်းအဝယ်ပါးချိန်မှာ အခုဗိုင်းရပ်စ်နဲ့ ဘာ နဲ့ဆိုတော့ ပိုပြီးအရောင်းအဝယ် ပိုပါးတာပေါ့။ အိန္ဒိယငွေ ၁ ရူပီးမှာ မြန်မာငွေ ၁၇ ကျပ်ဝန်းကျင်လောက်ရှိတယ်”ဟု နန်းဖာလုံ ဈေးသည်တစ်ဦး ပြောကြားသည်။