၄ ဧပြီ ၂၀၂၀ - ၁၉:၁၉
မွတ်စ်သဟဗ်နမာဇ် များ ၏ အဲဟ်ကာမ် (စည်းမျည်းဥပဒေများ )

မွတ်စ်သဟဗ်နမာဇ် များ ၏ အဲဟ်ကာမ် (စည်းမျည်းဥပဒေများ ) ကို ရေးသားတင်ပြအပ်ပါတယ် ။ ကျေးဇူးပြု၍ လေ့လာ မှတ်သားပြီး ကျင့် သုံး နိုင်ကြပါစေ ။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

မွတ်စ်သဟဗ်နမာဇ် များ ၏ အဲဟ်ကာမ် (စည်းမျည်းဥပဒေများ ) မှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။

 

၁။ မွတ်စ်သဟဗ်နမာဇ်တိုင်း အား ၂ရကတ်၂ရကတ်ခွဲ ၍ ဖတ်ရပါတယ်။ နမာဇ် ဝေသေရ်ကိုတော့ တစ်ရကတ်တည်း ဖတ် ရ ပါတယ်။ နမာဇ်စေအဲရာဘီ ကိုတော့ ပထမတစ်ကြိမ် ၂ရကတ် ဖတ်ရပြီးဒုတိယအကြိမ် ၄ရကတ် ဖတ် ရပါတယ်။

 

၂။ မွတ်စ်သဟဗ်နမာဇ် များ ကို အချို့ နမာဇ် မှ လွဲ၍ အခြား စူရဟ် ဖတ်ရန် အရေး မကြီးချေ။

 

၃။ မွတ်စ်သဟဗ် နမာဇ်များကို တမင် ပျက်၍ လည်းရ ပါတယ်။

 

၎။ မွတ်စ်သဟဗ် နမာဇ် များ တွင် အရ်ကာန်နေနမာဇ် ကို မေ့သွား၍ ပိုပြီးပြုမည့်လျှင်လည်း နမာဇ်မပျက်ချေ။

 

၅။ မွတ်စ်ဟဗ်နမာဇ်များ တွင် ပထမ ရကတ်နှင့် ဒုတိယ ရကတ်အကြား သံသယ ဖြစ်လျှင်လည်း နမာဇ်မပျက်ချေ။ နမာဇ်ဖတ်သူ မိမိ ကြိုက်သည့် ရကတ်အဖြစ်သတ်မှတ်၍ ဆက်ဖတ်နိုင်ပါတယ်။

 

၆။ နာဖေလာ နမာဇ် များ ကို ထိုင်၍လည်း ဖတ်နိုင်ပါတယ်။ ထိုင်၍ ဖတ်လျှင် ၂ရကတ် သည် ၁ရကတ် ဖတ်သည့် စာရင်းသာ ဝင်မည်။ ဤလုပ်ရပ်သည် ပို၍ ကောင်းပါတယ်။

 

၇။ ဇဟိုရ်နမာဇ် ၏ နာဖေလာ အစဲရ်နမာဇ် ၏နာဖေလာ ကို လမ်းခရီးတွင် မဖတ်သင့်ချေ။ သို့သော် နာဖေလာ ယေ အေရှာ နမာဇ် ကို ကုရ်ဗသ် ၏ နီယသ် ဖြင့် ဖတ်နိုင်ပါတယ်။ (နာဖေလာ ယေ အေရှာ နမာဇ် ) သည် အလ္လာဟ် ဟို အရှင်၏ နှစ်မြို့   မှု ကို လည်း ဖြစ်စေနိုင်ပါတယ်။

၈။ ဝါဂျစ်ဗ်နမာဇ်များကို ဗလီတွင်ဖတ်လျှင် ပို၍ ကောင်းပါတယ်။ သို့သော် သို့သော် နာဖေလာ နမာဇ်များ အတွက် ဤကဲ့သို့ အမိန့်မလာရှိချေ။

 

၉။ မွတ်စ်သဟဗ်နမာဇ်များတွင် စဂ်ျဒဟ်ဟေစဟို မရှိချေ။   

 

၁၀ ။ မွတ်စ်သဟဗ်နမာဇ်များကို သူအချိန်တွင် မဖတ်နိုင်လျှင်လည်း ကဇွာ အဖြစ် ဖတ်နိုင်ပါတယ်။

၁၁။ မွတ်စ်သဟဗ်နမာဇ်များ ကို လမ်း လျှောက်ချိန် ၊ အစီးအနင်းတစ်ခုခုကိုစီးနင်းချိန် တွင်လည်း ဖတ်နိုင်ပါတယ်။ အကယ်၍ မနုဿလူသားအနေဖြင့် ဤကဲ့သို့သော် အေခြအနေ ၂ရပ်လုံးတွင် ကဗ်လာဖတ်သို့ မျက်နှာမှု ၍ နမာဇ်ဖတ်ရန် အရေးမကြီးပေ။

 

၁၂။ မွတ်စ်သဟဗ်နမာဇ်များ အား မတ်တပ်ရပ်၍ ဖြစ်စေ ၊ထိုင်၍ ဖြစ်စေ ၊ လဲ၍ ဖြစ်စေ လမ်းလျှောက်၍ ဖြစ်စေ ဖတ် နိုင်ပါတယ်။ ဤကဲ့သို့ အခြေအနေ တွင် ရကူအ် ၊ စဂ်ျဒဟ် ကို ခေါင်း၏ အရိပ်အမြွက်ဖြင့် ပြုလုပ်နိုင်ပါတယ်။။ သို့သော် ကေဗ်လာ (အနောက်အရပ်)သို့ မျက်နှာ မှု နိုင်ရန် ကြိုးစားရပါမည်။

 

၁၃။မွတ်စ်သဟဗ်နမာဇ်များ ဖတ်ရတွင် ကိုယ်ခန္ဓာ ငြိမ်သက်နေရန် မလိုချေ။ အကယ်၍ မေ့ပြီး ရကွန်တစ်ခုခု ကိုလျော့၍ ၎င်း ပို၍၎င်း ပြုလုပ်မိ မည်ဆိုလျှင် လည်း နမာဇ် မပျက်ချေ။

 

၁၄။ မွတ်စ်သဟဗ်နမာဇ်များ အတွက် သစ္စာ ၊ ဂတိ အတွက်နီယသ် ပြုပြီးလည်း နမာဖ် ဝတ်ပြု နိုင်ပါတယ်။ ဤအခြေအနေ တွင် နမာဇ် ကို ထိုင်၍ ဖြစ်စေ ၊မတ်တပ်ရပ်၍ ဖြစ်စေ ၊ လမ်းသွားရင်း ဖြစ်စေ ဖတ်နိုင်ပါတယ်။ အကယ်၍ ဂတိ၊သစ္စာ ပြုချိန်နီယသ် ချည်ချိန် စည်းမျည်း ထားမည် ၊ ဥပမာ ကျနော်နမာဇ်ကိုထိုင်၍ ဝတ်ပြုမည်ဟု နီယသ်ပြုခြင်းသည် အေမာမ်ခိုမေနီ (ရ.ဟ) အမြင်တွင် ပြဿနာ ရှိပါတယ်။

 

ဟဒီးစ်တော်များတွင် လာရှိပါသည်။ အလ္လာဟ် ဟိုအရှင်မြတ် သခင်သည် ကောင်းကင်တမန်များ အကြား ဂုဏ်ယူဝင့် ကြွားတော်မူလေသည်။ပြီးနောက် မိန့်တော် မူလေ၏ ။ကျွန်ုပ်၏ ကျေးကျွန်ကို ကြည့်ပါလေ ။ကျွန်ုပ် အနေဖြင့်၎င်း အပေါ် ဝါဂျစ်ဗ် မပြုထားသည့် အရာကို ဆောင်ရွက် နေပေသည်။

 

၁၅ ။ အကယ်၍ မွတ်စ်ဟဗ်များ ၏ရကတ်များ နှင့်ပတ်သက်ပြီး သံသယ ဖြစ်မည် ၊သံသယ သည်လည်း ရကတ်အရေအတွက် များသည့် ကိစ္စ အတွက် ဖြစ်မည်ဆိုလျှင် နမာဇ်ပျက်မည်ဆိုပါက ၎င်းအနေဖြင့် ရကတ်လျော့ ဖတ်သည်ဟု သတ်မှတ်ပေးသင့်ပေသည်။ ဥပမာ ဖဂျရ်နမာဇ် ၏ နာဖေလာ တွင် ၂ရကတ်ဖတ် လိုက်တာ လား ၃ရကတ်ဖတ်ဖြစ်တာလားလို့ သံသယ ဖြစ်မည်ဆိုလျှင် ၂ရကတ်ဖတ်သည့်ဟု မှတ်ယူပေးရမည်။ (အကယ်၍ ရကတ်များလျှင်းလည်းနမာဇ်ကို မပျက်စေ မည်ဆိုလျှင် ) ဥပမာ ၂ရကတ် ဖတ်မိတာလား ၁ရကတ်လားဖတ်မိတာလားလို့ သံသယ ဖြစ်မိရင် ၎င်း၏ နမာဇ် သည် မပျက်ချေ။ (အာယာသိုလ္လာဟ် စစ်သာနီ ၏ သောင်စီးဟိုလ်စဆာအေလ် ကျမ်း မဆလအမှတ် ၁၂၀၂ )

...............................................................

END / 251