၈ ဧပြီ ၂၀၂၀ - ၁၂:၀၃
ရှအ်ဗာန်လမြတ်သည် အလ္လာဟ် ထံ နီးကပ်မှု ရယူနိုင်ရန် ရွှေအခွင့်အရေး ဖြစ် ပါတယ်

ဆီးရီးယား နိုင်ငံ ရှိ ဝလီယေဖကီးဟ် ကိုယ်စားလှယ်တော် H.I ဆရက်ဒ် သွဗါသွဗါရီ အက်ရှ်ကိုဇရီ အနေဖြင့် ရှအ်ဗာန်လမြတ်သည် အလ္လာဟ် ထံ နီးကပ်မှု ရယူနိုင်ရန် ရွှေအခွင့်အရေး ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ် ။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ဆီးရီးယား နိုင်ငံ ရှိ ဝလီယေဖကီးဟ် ကိုယ်စားလှယ်တော် H.I ဆရကဒ် သွဗါသွဗါရီ အက်ရှ်ကိုဇရီ အနေဖြင့်ပြောကြားသည်မှာ - ရှအ်ဗာန်လမြတ်တွင် သောင်ဗဟ် ပြု လုပ်သူများ ရိုဇာထားသူများ အပေါ် အလ္လာဟ်ဟို အရှင်မြတ် သခင်သည် ဂုဏ်ယူ ဝင့် ကြွား တော်မူလေ၏။

Hawzahnews သတင်းဌာန ၏ သတင်း အထောက်အထားများ အရ ဆီးရီးယား နိုင်ငံ တွင် ကိုရိုနာ ဗိုင်းရပ်စ် ကြောင့် ဟဇရသ် ဇိုင်နပ် (စ.အ) ၏ ရောင်ဇာတော် ရှိ နမာဇ်ဝတ်ပြု ဆောင် တွင်ထုတ်ပြန်ချက် ထပ်၍ မကြေညာ မခြင်း နမာဇ် ဇေ ဂျွန်မ်အာ ဝတ်ပြုမှု ကို ရပ်ဆိုင်းထားမည် ဖြစ်ပါတယ် ။ ဤအတွက် ကြောင့် ဆီးရီးယား နိုင်ငံ ရှိ ဝလီယေဖကီးဟ် ကိုယ်စားလှယ်တော် H.I ဆရကဒ် သွဗါသွဗါရီ အက်ရှ်ကိုဇရီ အနေဖြင့် ရုပ်မြင် သံ ကြား အစီအစဉ် တစ်ခု တွင် စကား ပြောကြားရင်း ရှအ်ဗန်လမြတ် ၏ ကြီးကျယ် မြင့်မြတ် မှုများ ကို တင်ပြ ပြောဆို ခဲ့ပါတယ်။ ပြီး နောက် ဤလမြတ် တွင် ကျရောက်မည့် အီးဒ် နေ့ များ (အေမာမ်များ (علیهالسّلام) ၏မွေးနေ့ ၊ ဟဇရသ် အဘာစ် (علیهالسّلام) ၏ မွေးနေ့ စသည်ဖြင့် ) နှင့် ပတ်သက်ပြီး တလောက လုံးရှိ ရှီအာ မိုအ်မင် မိုအ်မေနသ် များ ကို မိုဘာရတ်က် ပြောကြား ခဲ့ပါတယ်။

 

ဆက်လက်ပြီး ၎င်း မှ ရှအ်ဗာန်လမြတ်၏ ကြီးကျယ် မြင့်မြတ် မှု နှင့်စပ်လျဉ်း ပြီး မဟာတမန် တော်မြတ် မိုဟမ္မဒ် ( صلّی الله علیه وآله وسلم ) ၏ဟဒီးစ်တော်ဘက်သို့ လမ်း ညွှန် ရင်း ရှအ်ဗန် လမြတ် ၏ ဘရကတ်သ် တော်များ မင်္ဂလာတော် များ မှ အပြည့်အဝ အကျိုး အမြတ် ယူ နိုင် ရန် တိုက်တွန်း ရင်းမိန့်ကြားတော် မူသည်မှာ ဤလမြတ် တွင် အများအပြား အစ်သေဂ်ဖွာ ပြုလုပ်သင့်ကြောင်း နှင့် ရိုဇာထားသင့် ကြောင်း မိန့်တော် မူထားပါတယ်။

ဆီးရီးယား နိုင်ငံ ရှိ ဝလီယေဖကီးဟ် ကိုယ်စားလှယ်တော် H.I ဆရကဒ် သွဗါသွဗါရီ အက်ရှ်ကိုဇရီ အနေဖြင့် ဆက်လက်၍ ဤလမြတ် တွင် အေမာမ် ဟိုစိုင်းန် (علیهالسّلام) ၊ ဟဇရသ် အဘာစ် (علیهالسّلام ) ၊အေမာမ်စဂျာဒ် (علیهالسّلام) နှင့်အေမာမ် မဲဟ်ဒီ (علیهالسّلام) တို့မွေးနေ့ မင်္ဂလာ ရက်မြတ် များ ပါဝင်နေသည့် အတွက် အဲဟ်လေ့ဘိုက် ( علیهم السّلام) ၏ ရှီအာများ အားလုံးကို ဝမ်းမြောက် ဝမ်းသာကြောင်း ပြောကြားရင်း မိမိအနေဖြင့်မျှောင်လင့် ထားကြောင်း အင်န်ရှာအလ္လာဟ် ဤ မြင့်မြတ် သည့် လမြတ် ၏ မင်္ဂလာ ကြောင့် မွတ်စလင်မ် အွန်မသ်တော် တစ်ခုလုံး၏ သောကဒုက္ခများ ၊အခက်အခဲများ ဝေးကွာသွား မည်ဟု ပြောကြားခဲ့ပါတယ်။

.................................

END / 251